ကြက်သွန်ဖြူ ဇာပိုင် စိုက်ဖို့လဲ

0
6825
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ

သား၊ ငါး ချက်တိုင်း မပါမဖြစ် လိုအပ်တေပိုင်၊ ကျန်းမာရေးအတွက်လည်း ကကောင်း အသုံးဝင်ပနာ၊ အခြောက်ခံဗျာလ် အကြာကြီး သိမ်းထားလို့ရရေ ကြက်သွန်ဖြူကို ဇာပိုင် စိုက်ပါဖို့လဲ။

အဆင့် ၁၅ ဆင့် ခွဲပနာ လေ့လာကြည့်ကတ်ပါမေ။

အပိုင်း  စိုက်ဖို့ ပြင်ဆင်ပုံ အဆင့်ဆင့်

အဆင့်  ဇာနားမှာ စိုက်ဖို့လဲ

စိုက်ဖို့ သင့်တင့်ရေ မြေနိန်ရာ ရွီးပါ

စိုက်ဖို့ သင့်တော်ရေ နိန်ရာ အယင် ကြည့်ပါ။ ကကောင်း စိမ့်ကိုင်ရေ နိန်ရာ၊ ကကောင်း အပူ ပြင်းရေ နိန်ရာ မဟုတ်တေ နိန်ရာတိုင်းမှာ စိုက်လို့ ရပါရေ။ မိုးရာသီမှာ မစိုက်ပါကဲ့။

အဆင့်  စိုက်ဖို့ မြေကို ပြုပြင်ပါ

စိုက်ဖို့ မြေနိန်ရာကို ပြုပြင်ပါ

ကြက်သွန်ဖြူပင်စွာ နီရောင်ခြည် ကကောင်း လိုပါရေ။ တနားတပို အရိပ်ကျစွာက ပြဿနာ မဟုတ်ပါ။ စိုက်ဖို့ မြေကို ပွပနာ ရွနိန်အောင်ထိ အင်တန် နနက် တူးပနာ ပြုပြင်ဖို့ လိုပါရေ။ သဲဆန်ရေ မြေမျိုးက စိုက်ဖို့ အကောင်းဆုံးပါ။

  • ရီ အိုင်ခံနိုင်ရေ မြေနိန်ရာ မဖြစ်အောင် သတိထားပါ။ လိုအပ်ကေ မြောင်း တူးပနာ ရီ ထွက်လားအောင် လုပ်ထားပါ။ ကျုပ်မြေ အမျိုးအစားက ကြက်သွန်ဖြူ စိုက်ဖို့ မကောင်းပါ။
  • မြေကို ပြုပြင်ရေ အချိန်မှာ အရွက် ဆွီးတိ၊ နွားချီးတိပိုင် အပင်အတွက် အဟာရ ဖြစ်နိုင်စွာတိ ထည့်ပီးကေ ပို ကောင်းပါရေ။

အဆင့် လတ်လတ်ဆတ်ဆတ် ကြက်သွန်ဖြူဥတိကို မျိုးအဖြစ် ရွီးပါ။

လတ်ဆတ်တေ မျိုးကို ရွီးပါ

ကြက်သွန်ဖြူစွာ တမြှောင်းချင်းဇီကို ခွဲပနာ စိုက်ရစွာမျိုးပါ။ မျိုးစိလို့ ခေါ်ကတ်ပါမေ။ အရေးအကြီးဆုံးက လလတ်ဆဆတ်နန့် အမျိုးအစား ကောင်းရေ ကြက်သွန်ဖြူဥတိကို ရွီးပနာ ဝယ်ပါ။ ဓါတုဗေဒ ပိုးသတ်ဆီး မဖြန်းထားရေ သြဂန်းနစ်မျိုး(သဘာဝမျိုး) ဆိုကေ ပိုကောင်းပါရေ။

  • အမြှောင်းကြီးတိပါရေ ကြက်သွန်ဖြူတိကို ရွီးပါ။ ပျော့နိန်စွာကို မရွီးပါကဲ့။

ကြက်သွန်ဖြူ တမြှောင်းက ကြက်သွန်ဖြူ တပင်ဇီ ပေါက်ပါဖို့။ ယင်းအတွက်နန့် ကြက်သွန်ဖြူပင် ဘလောက် စိုက်ဖို့လဲဆိုပနာ အယင် စဉ်းစားပနာ ကြက်သွန်ဖြူဥကို ဝယ်ပါ။

အပိုင်း  စိုက်ပုံ အဆင့်ဆင့်အဆင့်  ကြက်သွန်ဖြူဥက အမြှောင်းတိကို ခွဲထုတ်ပါ

အမြှောင်းတိကို ခွဲထုတ်ပါ

အမြှောင်းတိကို ချိတ်ဆက်ထားရေ အောက်ခြေနိန်ရာကို မပျက်စီးဇီပါကဲ့။ ယင်းနိန်ရာ ပျက်စီးကေ ကြက်သွန်ဖြူပင် ပေါက်ဖို့ မဟုတ်ပါ။

အမြှောင်းကြီးတိကို ရွီးစိုက်ပါ။ အမြှောင်းချေတိကို စိုက်ကေ ကြက်သွန်ဖြူဥချေတိရာ ပေါက်တေဆိုစွာ သတိထားပါ။

အဆင့်  ကြက်သွန်ဖြူ အမြှောင်းတိကို မြေကြီးထဲသို့ ထိုးထည့်ပါ

၂ လက်မ အနက်လောက်ထိ မြေကြီးထဲ ထိုးထည့်ပါ

ကြက်သွန်ဖြူ အမြှောင်းတိ ချိတ်ဆက်တေ ဖက်ကို အောက်ဖက်ကို ထားပနာ မြေကြီးထဲကို ၂ လက်မ အနက်လောက် ထိုးထည့်ပါ။

အကောင်းဆုံး အနိန်အထားက ကြက်သွန်ဖြူ တပင်နန့် တပင် ၈ လက်မလောက် အကွာအဝီး ရှိဖို့ လိုပါရေ။

အဆင့်  မြေကြီးထက်မှာ ကောက်ရိုးခြောက်တိ၊ အရွက်ခြောက်ထိ၊ သစ်ဆွီးတိ၊ မြက်ခြောက်တိ ဖြန့်ထားပါ

မြေကြီးထက်မှာ ကောက်ရိုးခြောက်တိ အရွက်ဆွီးတိ ဖြန့်ထားပါ

အဆင့် အထက်ဖက်မှာ အပင်အတွက် အဟာရ ဖြစ်နိုင်ရေ နွားချီးမှုန့်တိ၊ အရွက်ဆွီးမှုန့်တိ ဖြန့်ကျက်ပီးပါ

အဟာရ ဖြစ်စီရေ နွားချီးမှုန့်တိ၊ အရွက်ဆွီးတိ အထက်မှာ ဖြန့်ကြက်ထားပါ

ကြက်သွန်ဖြူပင်တိ ပေါက်လာရေ အချိန်မှာ အဟာရဓါတ် မရှိမဖြစ် လိုပါရေ။

  • အချိန်ကာလအလျှောက် ၁ ကြိမ်၊ ၂ ကြိမ်ထိ ထည့်ပီးဖို့ လိုပါဖို့။

အပိုင်း  ကြက်သွန်ဖြူပင်တိ ပြုစုပုံ အဆင့်ဆင့်

အဆင့် – ၁  ရီကို မကြာမကြာ လောင်းပါ

ရီကို မပြတ်လောင်းပီးပါ

အပင်ပေါက်ချေတိစွာ အမြစ် ကြီးဖို့အတွက် ရီကို စိုနိန်အောင်ထိ မပြတ် ရနိန်ဖို့ လိုပါရေ။ ယကေလည်း ရီကို အလွန်အကျွံ မလောင်းမိဖို့ သတိထားပါ။ အစိပုပ်ပနာ အပင် သီလားနိုင်ပါရေ။

  • မိုး မရွာကေ တပတ်ကို ၁ ခါ၊ ၂ ခါလောက် ရီလောင်းပီးပါ။ မြေကြီး ခြောက် မနိန်ကေ ရီလောင်းပီးစရာ မလိုပါ။ ကြက်သွန်ဖြူပင်စွာ စွတ်နိန်ရေ မြေမျိုးကို လုံးဝ မကြိုက်ပါ။
  • ရာသီဥတု ပူလာကေ ရီလောင်းစွာကို တဖြည်းဖြည်း လျှော့ပီးပါ။ ကြက်သွန်ဖြူပင်စွာ အပူဓါတ် လိုအပ်ပါရေ။ နွီရာသီမှာဆို ကြက်သွန်ဖြူဥတိ ပိုပနာ အယင် ကြီးလာတတ်ပါရေ။

အဆင့် – ၂  တရိတ္ဆာန် အကောင်ဘလောင်တိကို သတိထားပါ

အကောင်ဘလောင်တိကို သတိထားပါ

ကြက်၊ ကြွက်၊ ပိုးမွှား၊ အကောင်ဘလောင်တိကို သတိထားပါ။ ကြက်သွန်ဖြူဥတိကို လာစားတတ်တေပိုင်၊ အပင်တိကို ယက်ပနာ လာဖျက်တတ်ပါရေ။

အပိုင်း ကြက်သွန်ဖြူဥ ရိတ်သိမ်းရေ အဆင့်ဆင့်

အဆင့် ကြက်သွန်မြိတ်တိကို ဖြတ်စားပီးပါ

ကြက်သွန်ဖြူမြိတ်တိကို ဖြတ်ပီးပါ

ကြက်သွန်ဖြူပင် အရှည်တိကို ကြက်သွန်မြိတ်လို့ ခေါ်ကတ်ပါရေ။ အပင်တိ ကြီးလာကေ အထက်မှာ ရှုပ်လာတတ်တေအတွက် စားချင်ကေ ဖြတ်ပနာ ခူးစားနိုင်ပါရေ။

  • ကြက်သွန်ဖြူဥတိကို ပျက်စီးနိုင်ရေအတွက် အပင်တိုင်းကိုတော့ ဖြတ်ပနာ မစားပါကဲ့။

အဆင့် ကြက်သွန်ဖြူဥ ဇာခါ ရိတ်သိမ်းရဖို့လဲ

အရွက်တိ ဝါလာစွာကို သတိထားပါ

ကြက်သွန်ဖြူပင် အရွက်တိ ဝါလာရေအချိန်၊ အညိုရောင် သန်းလာရေ အချိန်မှာ ကြက်သွန်ဖြူပင် တပင် နှစ်ပင်ကို ဥ တူးကြည့်ပါ။ စိတ်တိုင်းကျကေ တူးနိုင်ပါဗျာလ်။

  • ကြက်သွန်ဖြူပင်တိ စပနာ ခြောက်လာဗျာလ်ဆိုကေ ကြက်သွန်ဖြူဥ ရိတ်သိမ်းပါဖိ။ မဟုတ်ကေ ကြက်သွန်ဖြူဥတု ပြန်ပနာ အမြှောင်းလိုက် ပြန် ကွဲလားနိုင်ပါရေ။
  • နွီအကုန်မှာ သိမ်းလေ့ ရှိကတ်ပါရေ။ ယကေလည်း ကိုယ် စိုက်တေ အချိန်နန့် ကိုက်ပနာ ရိတ်သိမ်းနိုင်ပါရေ။

အပူ များရေ နိန်ရာတိမှာ ကြက်သွန်ဖြူဥတိကို အယင် ရိတ်သိမ်းနိုင်လေ့ ရှိပါရေ။

အဆင့် ကြက်သွန်ဖြူပင် ပတ်လည်က မြေကို အယင် ဆွပီးပါ

ပတ်ပတ်လည်က မြေကို ဆွပီးပါ

ကြက်သွန်ဖြူပင် ပတ်လည်က မြေကို အယင် ဆွလိုက်ဗြီးကေ ကြက်သွန်ဖြူဥကို ဆွဲနှုတ်နိုင်ပါဗျာလ်။

  • သတိထားနှုတ်ပါ။ ကြက်သွန်ဖြူဥတိ အပွန်းအရှ ဖြစ်နိုင်လို့ပါ။

ရီ နန့် ဆီးလိုက်ပနာ၊ လီ ကောင်းကောင်း ရရေ နီရောင်အောက်မှာ လန်းထားပါ။ မိုးရီ လုံးဝ မကျပါဇီကဲ့။ နီလောင်တတ်တေအတွက် ကြက်သွန်ဖြူဥတိကို အမြဲတမ်းတော့ နီပူအောက်မှာ ရက်အကြာကြီး မထားပါကဲ့။

အပိုင်း  သိမ်းဆည်းပုံ အဆင့်ဆင့်

အဆင့် ကြက်သွန်ဖြူဥတိကို အီးပနာ ခြောက်သွိရေ နိန်ရာမှာ သိမ်းပါ

အီးပနာ ခြောက်တေ နိန်ရာမှာ သိမ်းပါ

ခြောက်ပြီးသား ကြက်သွန်ဖြူဥတုတိကို မြေအိုးတိပိုင် ခြခြောက်သသွိနိန်ရာတိမှာ သိမ်းထားနိုင်ပါရေ။ လိုအပ်ကေ အတန်းလိုက် အလွယ်တကူ ဆွဲထုတ်လို့ ရအောင် ထားပါ။

အဆင့်  ကြက်သွန်ဖြူဥတိကို အတန်းလိုက်၊ အမျှင်လိုက် ချိတ်ထားပါ

အတန်းလိုက် ချိတ်ထားပါ

ခြောက်ပြီးသား ကြက်သွန်ဖြူဥတိကို အတန်းလိုက်၊ အမျှင်လိုက် တန်းတိမှာ ချိတ်ပနာလည်း ထားနိုင်ပါရေ။ ထမင်းချက်ခန်း ကြတ်စင်မှာ တွဲထားကေလည်း ရပါရေ။

အဆင့်  ကြက်သွန်ဖြူဥကို ဆီစိမ်၊ ပျားရည်စိမ်၊ ရှာလကာရည်စိမ် လုပ်ပါ

ရေရှည်ခံအောင် သိမ်းပါ

အခွံ ခွာဗြီးသား ကြက်သွန်ဖြူ အမြှောင့်တိကို ဆီ၊ ပျားရည်၊ ရှာလကာရှည်ရို့ အထဲမှာ စိမ်ပနာ စားသုံးနိုင်ပါရေ။ ဘတ္တရီးယားပိုးတိ မဝင်အောင်တော့ခါ ရခဲတိုက်တာရို့မှာ သိမ်းပနာ အယင် စားပလိုက်စွာက အကောင်းဆုံးပါ။

မိန်း – ဖြေ

မိန်း – ကြက်သွန်ဖြူဥ အပင်စွာ စိုက်ဗြီးကေ ဇာနရက်လောက်မှာ မြေကြီးထဲက ထိုးထွက်လာတတ်ပါလေ။
ဖြေ – ၄ ပတ် အကြာလောက်မှာ ထွက်လာတတ်ပါရေ။

မိန်း – ကြက်သွန်ဖြူအပင်တိ အပွင့် မပွင့်ခင် ဖြတ်ဖို့ လိုရေလို့ ပြောပါရေ။ ဟုတ်ပါလာ။
ဖြေ – ဟုတ်ပါရေ။ အကောင်းဆုံးက ဖြတ်ပနာ စားနိုင်ပါရေ။ အပွင့်ကို ဖြတ်ပလိုက်တေအတွက် ဥက ပို အားကောင်းလားပါရေ။

ကိုးကား – http://www.wikihow.com/Grow-Garlic

လိုအပ်စွာကို အောက်မှာ ဆက်မိန်းနိုင်ပါရေ။

နောက်တခေါက် ရခိုင်ပြည်မှာ စိုက်လို့ အသုံးဝင်ဖို့ အပင်တမျိုး စိုက်ပုံစိုက်နည်း တင်ပီးပါမေ။ စိုက်ချင်ရေ အပင်ရှိကေလည်း တောင်းဆိုနိုင်ပါရေ။

 

ကျော်ဝင်းခိုင်