ရခိုင်ပြည်မှာ ကင်ဆာရောဂါ ဖြစ်ရရေ ရင်းမြစ်တခု

1
2185
ကန်ဆာ ဆဲလ်

ရခိုင်ပြည်ထဲမှာ လွန်ခရေ နှစ် ၃၀ ကျော်လောက်က ရှရှားပပါး တွိဖူးရေ ကင်ဆာရောဂါစွာ အဂု အချိန်မှာ ထိပ်ဆုံး အဆင့်ကို ရောက်လို့နိန်ပါဗျာလ်။ အံ့သြစရာတော့ မဟုတ်ပါ။ မြန်မာနိုင်ငံစွာ တကဗာလုံးမှာ ဒုတိယမြောက် ကင်ဆာရောဂါ အဖြစ်ဆုံး အုပ်စုဝင်နိုင်ငံပါ။ အာရှမှာ ပထမ ကင်ဆာရောဂါ အဖြစ်ဆုံး အုပ်စုဝင်နိုင်ငံပါ။ အေနိုင်ငံထဲက ရခိုင်ပြည်စွာလည်း အေရောဂါက ဗြီးလွတ်ဖို့ မထင်ပါ။

ကင်ဆာရောဂါ ဖြစ်ရရေ အကြောင်းရင်းကို အစိုးရတိက တိုက်ဖျက်ဖို့ စိတ် မဝင်စားရေပိုင်၊ ပြည်သူတိကို အသိပညာပီးဖို့လည်း သတိ မရပါ။ ယင်းအတွက်နန့် ကိုယ့်စွာကို လေ့လာထားမှ ဖြစ်ပါဖို့။

ကင်ဆာရောဂါ အဖြစ်အများဆုံး ဇစ်မြစ်တခုကို ပြောပြပါမေ။

အင်္ဂလိပ်ပိုင် POPs လို့ ခေါ်ပါရေ။ POP တေးခြင်းမှာ s ထည့်ထားစွာ မဟုတ်ပါ။ အရှည်ကောက်က Persistent Organic Pollutants လို့ ခေါ်ပါရေ။ ရခိုင်ပိုင်ကြာရှည်ခံ ဒြပ်ပေါင်း အညစ်အကြေး လို့ အဓိပ္ပာယ် ဖွင့်ပီးပါမေ။

ကြာရှည်ခံ ဒြပ်ပေါင်း အညစ်အကြေးဆိုစွာ ဇာလေ။

အောက်က အချက် ၄ ချက်နန့် ပြည့်စုံရေ အဆိပ်ဖြစ် ဓါတုဒြပ်ပေါင်း တမျိုးပါ။

၁) အဆိပ်အတောက် ပြင်းပါရေ။

၂) ပတ်ဝန်းကျင်မှာ မပျောက် မပျက်ဘဲ အကြာကြီး တည်ရှိနိုင်ပါရေ။

၃) တကဗာလုံးလည်း ပျံနှံ့နိုင်အောင်ထိ ပတ်ပနာ ခရီးလားနိုင်ပါရေ။

၄) လူ၊ တရိတ္ဆာန်တိဘားမှာ စုဆုံလားနိုင်ပါရေ။

ကြာရှည်ခံ ဒြပ်ပေါင်း အညစ်အကြေးတိက ဇာတိကို ဖြစ်ဇီလို့ ယလောက်တောင် ပြောရလေ။

၁) ကင်ဆာရောဂါ ဖြစ်ဇီပါရေ။

၂) အသက်ရှု ခက်ခဲရေ ရောဂါ ဖြစ်ဇီပါရေ။

၃) ခုခံအားကို ကျဆင်းဇီပါရေ။

၄) ဗဟိုအာရုံကြောစနစ်ကို ပျက်စီးဇီပါရေ။

၅) အင်္ဂါ မစုံရေ အချေတိကို မွီးဇီတတ်ပါရေ။

ကြာရှည်ခံ ဒြပ်ပေါင်း အညစ်အကြေးတိ ဇာတိက ထွက်လာလေ။

၁) ရည်ရွယ်ချက် ရှိရှိ အသက်တိကို သတ်ဖို့ ထုတ်တေ ပိုးသတ်ဆီး၊ တရိတ္ဆန်သတ်ဆီးတိက ထွက်ပါရေ။

၂) ရည်ရွယ်ချက် မရှိဘဲ ကျောက်မီးသွေးစက်ရုံ၊ ဓါတ်အားပီးစက်ရုံတိပိုင် ကာဗွန် အပြည့်အဝ မလောင်ကျွမ်းနိုင်လို့ ထွက်တေ မီးခိုးလုံးတိထဲက ထွက်ပါရေ။ စက်ရုံမှာ ကလိုရိန်း ဓါတ်ငွေ့တိ လောင်စွာက ထွက်ပါရေ။ သဘာဝ တောမီး လောင်စွာ၊ မီးတောင် ပေါက်စွာတိကလည်း ထွက်နိုင်ပါရေ။

ကြာရှည်ခံ ဒြပ်ပေါင်း အညစ်အကြေးတိ ရခိုင်ပြည်မှာ ဇာက ထွက်လေ။ ရခိုင်ပြည်မှာ စာချေတိ၊ ကျီးငှက် သာလကာတိ ပျောက်လားစွာကို သတိထားမိပါလာ။ အေ တရိတ္ဆာန်တိကို လူတိ သတ်စားလို့ ပျောက်လားစွာ မဟုတ်ပါ။

တရားခံက ပိုးသတ်ဆီး နန့် ဓါတ်မြေသြဇာ ပါ။ အေချင့်တိ တရားခံဆိုစွာကို အစိုးရက မသိလို့ တီဗွီမှာ ကြောငြာ ထည့်ခိုင်းစွာကို ကြည့်ပါ။ ယင်းအတွက်နန့် အစိုးရက စိတ်တောင် မဝင်စားလို့ အထက်မှာ ပြောခစွာပါ။ နိုင်ငံ အများကြီးမှာ အေပစ္စည်းမျိုးတိကို ကြော်ငြာလို့ မရပါ။

ကြာရှည်ခံ ဒြပ်ပေါင်း အညစ်အကြေးတိ ယလောက်တောင် ပြင်းလာ။

ပြင်း မပြင်းတော့ မသိပါ။ နမူနာ တခု ပီးပါမေ။

လပြာချေ တကောင်က စားပင် တပင်ထက်မှာ တွဲလောင်းချေ ဥထားရေ ဥကို၊ ယာရှင်က ပိုးသတ်ဆီး လာဖြန်းရေခါ၊ ယင်း ဥထက်ကို ပိုးသတ်ဆီး ကျလားရေ ဆိုကတ်ပါမေ။ ယင်းဥက ဒင့်ဒလေးချေ ပေါက်လာပါဖို့။ ကြာကေ လပြာချေ ဖြစ်လာပါဖို့။ လပြာချေက ယောင်လည်လည်နန့် အနိန် မတတ်လို့၊ ကန်းပိုင်ထဲက ငါးက ခုန်စားလိုက်တေ ဆိုကတ်ပါဖိ။ ယင်းငါးကို ရွာသားတယောက်က ကွန်နန့် ပစ်ပနာ တအိမ်သားလုံး ချက်ပြုတ်ပနာ အားရပါးရ စားကတ်တေခါ ကံ မကောင်းရေ လူတိ ပဇထဲကို ယင်း ကြာရှည်ခံ ဒြပ်ပေါင်း အညစ်အကြေးက ရောက်လားပါသိမ့်ရေ။ အီးယောင်လေ ယလောက်ပင်လာ။

ယင်းထက် မကပါ။ ဘလောက်ထိ ဖြစ်နိုင်လေဆိုစွာ အောက်က ပုံချေ ၂ ပုံကို ဆက်စပ်ပနာရာ ကြည့်ပါဖိ။

ပထမ တပုံက ပိုးသတ်ဆီးနန့် မြေဆီတိ ဖြန်းရေခါ ဓါတုဒြပ်ပေါင်းတိ ရီထဲကို ပြန့်လားပုံ၊ အပင်က အမြစ်က စုပ်ပနာ အရွက်တိကို ရောက်လားပုံ၊ ရီငွေ့ ပျံပနာ တိမ်တိုက်ထဲ ရောက်လားပုံတိပါ။

ပိုးသတ်ဆီးမှာ ပါရေ ဒြပ်ပေါင်းတိ ပျံ့နှံ့နိုင်ပုံ

ဒုတိယပုံက မြေဆီမှာ ပါရေ ဒြပ်ပေါင်းတိ အစားအသောက်တိ၊ လူတိကို ဇာပိုင် အဆင့်ဆင့် ပြန့်လာနိုင်လဲ ဆိုရေ ပုံပါ။

မြေဆီမှာ ပါရေ ဓါတုဒြပ်ပေါင်းတိ ပျံ့နှံ့နိုင်ပုံ

အေလောက် ဆိုကေတော့ခါ ရခိုင်ပြည်မှာ ကင်ဆာ ဖြစ်ရရေ ရင်းမြစ်တခုကို သိလောက်ကတ်ဗျာလ် ထင်ပါယင့်။

လူတိုင်း ကျန်းမာချမ်းသာပနာ မိသားစုနန့် အိုးမကွာအိမ်မကွာ နိန်နိုင်ကတ်ပါစီ။

 

ကျော်ဝင်းခိုင်

1 COMMENT