ဘဝမှာ အရေးကြီးစွာတိ

0
4898
ပလင်းထဲမှာ ကျောက်စရစ်တိ သဲတိကို ပုံစံ ၂ မျိုး ထည့်ပြထားပုံ

တိတ်ဆိတ်နိန်ရေ စာသင်ခန်းထဲမှာ ဆရာက ဖန်ကရား အကြီးသန်တလုံးကို စက္ကူဘူးထဲက ထုတ်ပနာ စပွဲခုံထက်ကို တင်လိုက်တေ။ အတန်းထဲက ကျောင်းသူကျောင်းသားတိကလည်း “ ဆရာ ဇာလုပ်ဖို့လဲ မသိ။ ” ဆိုပနာ စိတ်ဝင်တစားနန့် ကြည့်နိန်ကတ်တေ။

ဆရာက လက်သီးဆုတ်လောက်ရှိရေ ကျောက်တုံးတိကို စက္ကူဘူးထဲက ထုတ်ပနာ ဖန်ကရားထဲမှာ တလုံးချင်းဇီ ထည့်ရေ။ ဖန်ကရားထဲမှာ ပြည့်လားရေခါ ကျောင်းသူကျောင်းသားတိဖက်ကို ကြည့်ပနာ “ ပြည့်ဗျာလ်လာလို့။ ” မိန်းလိုက်တေ။ စိတ်ဝင်စားနိန်ကတ်တေ ကျောင်းသူကျောင်းသားတိက “ ပြည့်ပါဗျာလ်။ ” လို့ တညီတညွတ်တည်း ပြန်ဖြေကတ်တေ။

ဆရာက စက္ကူဘူးထဲက ကျောက်စရိုက်ခဲချေတိကို ထုတ်ပြန်ပနာ ကျောက်တုံးတိအထက်မှာ တင်ရေ။ အဗြီးကေ ဖန်ကရားကို လှုပ်ခါလိုက်တေခါ ကျောက်စရိတ်ခဲချေတိ ကျောက်တုံးတိကြားက နိန်ရာလွတ်တိကို အလိုလို ဝင်လားကတ်တေ။ ကျောက်စရိုက်တုံးချေတိ ဖန်ကရားဝထိ ပြည့်လားရေခါ “ ပြည့်ဗျာလ်လား။ ” လို့ မိန်းလိုက်ပြန်ရေ။ ကျောင်းသူကျောင်းသားတိကလည်း “ ပြည့်ပါဗျာလ်။ ” လို့ ဖြေကတ်ပြန်ရေ။

တခါ သဲအပြည့် ထည့်ထားရေ ပလစ်စတစ်အိတ် တအိတ်ကို ထုတ်ပြန်ပနာ အထဲက သဲတိကို ဖန်ကရားဝမှာ လောင်းထည့်ပြန်ရေ။ ပြည့်လာရေခါ ဖန်ကရားကို လှုပ်ချပနာ သဲတိကို ကျောက်စရစ်တိ၊ ကျောက်တုံးတိ ကြားက နိန်ရာလွတ်တိမှာ ပြည့်လားဇီပြန်ရေ။ တဖြည်းဖြည်းနန့် သဲတိလည်း ဖန်ကရားထဲမှာ ပြည့်လားပြန်ရေ။ အေတခါ “ ပြည့်ဗျာလ်လား။ ” လို့ မိန်းရေခါ ကျောင်းသူကျောင်းသားတိက “ ပြည့်ပါဗျာလ်။ ” လို့ ဖြေကတ်ပြန်ရေ။

ယင်းခါ ဆရာက ဖန်ကရားကို လက်နန့် ထောက်ပြယင်း “ အဲ တပည့်ရို့၊ ဆရာ အေနိန့်ခါ တပည့်ရို့ကို အသိပီးချင်စွာက တပည့်ရို့ ဘဝကို အေဖန်ကရားပိုင် သဘောထားကတ်ပါ။ ကျောက်တုံးတိက တပည့်ရို့ ဘဝမှာ အရေးအကြီးဆုံး အရာတိပါ။ ဇာချင့်တိ ပျောက်ပျောက် ပျက်ပျက်၊ မပျောက်မပျက်ဘဲ အမြဲတမ်း ကျန်ရှိနိန်ဖို့ ဖြစ်တေ မိသားစု၊ အိမ်ထောင်ဖက်၊ သားသမီး၊ ကျန်းမာရေး၊ မိတ်ဆွေကောင်း တိပါ။ ” လို့ ပြောလိုက်ပါရေ။

“ ကျောက်စရစ်တိက အလုပ်အကိုင်၊ အိမ်၊ ကား ရို့နန့် တူပါရေ။ သဲကတော့ခါ အမြဲတမ်း ဖြစ်ပျက်နိန်ရေ အသေးအမွှားအရာတိပါ။ ”

“ အေဖန်ကရားထဲကို တပည့်ရို့ရာ သဲကို အယင်ဆုံး ထည့်လိုက်ဖို့ဆိုကေ၊ ပို အရေးကြီးရေ ကျောက်စရစ်ခဲတိနန့် ကျောက်တုံးတိကို ထည့်လို့ ရဖို့ မဟုတ်ပါဗျာလ်။ ဘဝမှာလည်း အတူတူပါဗျာလ်။ ရှိသမျှ စွမ်းအားတိကို အသေးအမွားတိနန့် အချိန်ကုန်နိန်ဖို့ဆိုကေ ပိုအရေးကြီးရေ အရာတိအတွက် နိန်ရာ ရှိဖို့ မဟုတ်ပါဗျာလ်။ ဘဝမှာ အရေးကြီးစွာတိကို အသေအချာ အလေးအနက် ထားကတ်ပါ။ သားသမီးတိနန့် အချိန်ပီးပနာ ကဇတ်ပါ။ အိမ်ထောင်ဖက်နန့် လက်ချင်းချိတ်ပနာ လမ်းလျှောက်ပါ။ ဘိုင်စကုတ် ကြည့်ပါ။ အလုပ် လားဖို့ အချိန်မှာ အလုပ် လားပါ။ အိမ်ကို သန့်ရှင်းရေး လုပ်ပါ။ သငယ်ချင်း မိတ်ဆွေတိနန့် ထမင်းလက်ဆုံစားပါ။ ”

“ ဘဝမှာ အရေးကြီးရေ ကျောက်တုံးတိကို ပထမဆုံး ဦးစားပီးပါ။ ဇာကို ပိုလို့ ဦးစားပီးရဖို့လဲဆိုစွာ စနစ်တကျ သိအောင်ကြိုးစားပါ။ ကျန်စွာ အားလုံးက သဲတိပါရာ။ ”

စံဂိုးအောင်

(မူရင်း အင်္ဂလိပ် စာရွီးဆရာကို မသိပါ။ ဆီလျှော်အောင် ပြန်ဆိုထားပါရေ။ )