ကိုယ်ပိုင် ပိုးသတ်ဆီး ဇာပိုင် လုပ်ဖို့လဲ

0
3425
ကိုယ်ဖြန်းချင်ရေ အပင်ကို စဖြန်းကြည့်ပါ

ငရုတ်ရည် ပိုးသတ်ဆီး

ရယ်စရာ မထင်ပါကဲ့။

အမှန်တကယ် စီးပွားဖြစ် သုံးနိုင်ရေ ပိုးသတ်ဆီးပါ။ ကကောင်း စပ်တေ ငရုပ်သီးမျိုးတိကို သုံးလို့ ရပါရေ။ ငရုတ်သီးတိမှာ ကပ်ဆိုင်စိန် (Capsaicin) လို့ ခေါ်ရေ ဒြပ်ပေါင်းတမျိုး ပါဝင်ရေအတွက်နန့် ပိုးမွှားတရိတ္ဆန်တိကို ကင်းဝီးအောင် လုပ်နိုင်ပါရေ။

အေ ငရုတ်သီးတိကို လူ စားကေ ပူလောင်ရေ အရသာကို ခံစားရရေပိုင် တခြား နို့တိုက်သတ္တဝါတိကိုလည်း ထွက်ဗြီးအောင် လုပ်နိုင်ပါရေ။

လုပ်ပုံ အဆင့်ဆင့်

အဆင့် – ၁  ဇာပိုင် အလုပ် လုပ်လဲ

အထက်မှာ ပြောခရေပိုင် စပ်တေ ငရုတ်သီးမျိုးတိမှာ ပါရေ ကပ်ဆိုင်စိန် (Capsaicin) ဒြပ်ပေါင်းစွာ နို့တိုက်သတ္တဝါတိကို ကြောက်စီပါရေ။

ငရုပ်ရည် ဖြန်းထားရေ အသီးအရွက်တိကို စားမိရေ တရိတ္ဆန်တိစွာ ချက်ချင်း ပူရေ အရသာကို ခံစားမိပနာ ယင်းအပင်ကို ဆက်မစားဝံ့ပါဗျာလ်။

သက်ရောက်နိုင်ရေ တရိတ္ဆန်တိက သမင်၊ ယုန်၊ မြေကြွက်၊ ချဉ့် နန့် ပိုးကောင်တိ ပါ။

ရီတလီဗူး တဗူးလောက် ရီဖြည့်ပါ

လုပ်ပုံက –

အဆင့် – ၂  ရီ ၉၅၀ မီလီ လီတာ ( ၁ လီတာ သောက်ရီသန့် တဗူး နီးပါး ) ကို အိုးထဲမှာ ထည့်ပါ။

ရီတလီတာကို အိုးထဲမှာ ထည့်ပါ

အဆင့် – ၃ ငရုတ်သီးခြောက် နို့ဆီဘူးဝက် လောက်ကို ရီထဲမှာ ထပ်ထည့်ပါ။

ငရုတ်မှုန့် နို့ဆီဘူးဝက်လောက်ကို ရီထဲမှာ ထည့်ပါ

အဆင့် – ၄  မီးဖိုထက်မှာ ဆူအောင်ထိ ကြိုပါ။ ဆူစွာနန့် မီးဖိုထက်က ချပနာ အအီးခံထားလိုက်ပါ။

ဆူအောင်ထိ မဖိုထက်မှာ တည်ထားပါ

အဆင့် – ၅  အဖတ်တိကို စစ်ပနာ ထုတ်ပလိုက်ပါ။

အဖတ်တိကို စစ်ပနာ ထုတ်ပလိုက်ပါ

အဆင့် – ၆  စစ်ထားဗြီးသား ငရုတ်ရည်ကို ဖြန်းလို့ရရေ ဘူးတဘူးထဲမှာ ထည့်ပါ။

စစ်ဗြီးသား ငရုပ်ရည်ကို ဖြန်းလို့ရရေ ဘူးတဘူးထဲမှာ ထည့်ပါ

တတ်နိုင်ကေ “ ငရုတ်ရည် ” ဆိုပနာ မှတ်ထားပါ။ အိမ်ရှင် အနီရောင်နန့် မမှားသောက်မိအောင်ပါ။ နိန့်စွဲပါ မှတ်ထားကေ ပိုကောင်းပါရေ။

  • ပပျစ်ချေ ဖြစ်ချင်ကေ သပုန်တပိုင်းချေလောက် ဖျော်ပနာ ရောထည့်နိုင်ပါရေ။

အဆင့် – ၇  ကိုယ် ဖြန်းချင်ရေ အပင်ကို စ ဖြန်းကြည့်ပါဖိ။

ကိုယ်ဖြန်းချင်ရေ အပင်ကို စဖြန်းကြည့်ပါ

လက်အိတ်နန့် မျက်မှန် တပ်နိုင်ကေ တပ်ထားပါ။ လက် မပူ၊ မျက်စိ မစပ်အောင်လို့ပါ။ ကောင်းကောင်း ကာကွယ်နိုင်အောင် တပင်လုံးကို ဖြန်းပီးပါ။

  • မိုးသောက်၊ ညဇာဖက်တိမှာ ဖြန်းပီးပါ။ နိန့်ခင်း မဖြန်းပါကဲ့။ အပင် အပူ လောင်လားနိုင်လို့ပါ။
  • အပင် ဒဏ် ခံနိုင်၊ မခံနိုင် သိချင်ကေ အယင်ဆုံး အပိုင်းချေ တပိုင်းလောက် စ ဖြန်းကြည့်ပါ။ ၄ ရက် ကြာလို့ တခုလည်း ထူးခြားစွာ မမြင်မှ ဆက်ဖြန်းပါ။
  • လီတိုက်တေ အချိန်မှာ မဖြန်းပါကဲ့။ အပင်ကို ထိရောက်မှု မရှိနိုင်ရေပိုင်၊ ကိုယ့်ဘားကိုလည်း စိုင်လာနိုင်ပါရေ။
  • ရီကန်နားတိမှာလည်း မဖြန်းပါကဲ့။ ရီထဲက ငါးတိနန့် ကိုယ့်ကို ပြန်ဒုက္ခပီးနိုင်ပါရေ။

အဆင့် – ၈  အပတ်တိုင်း လိုအပ်တေ အချိန်ထိ ဆက်ဖြန်းပီးပါ။ မိုးရွာဗြီးတိုင်း ဆက်ဖြန်းဖို့ လိုပါဖို့။

အခြေအနေကို ကြည့်ပနာ ဆက်ဖြန်းပါဖိ

အမိန်း – အဖြေ မိန်း = အိမ်ကြွက်တိ ဗြီးနိုင်ပါလာ။

ဖြေ – မဗြီးနိုင်ပါ။ အိမ်ကြွက်တိကို ဗြီးဇီချင်ကေ ငရုတ်ရည်ထဲမှာ ပရုပ်ဆီအရည် တစက်နှစ်စက် ရောထည့်လိုက်ပါ။

ဖတ်တေ လူ အားလုံးအတွက် မှတ်သားစရာ တခုအနိန်နန့် တန်ဖိုးရှိဖို့ ထင်ပါရေ။

 

ကျော်ဝင်းခိုင်