သဘုန် နန့် သဘာဝ ပိုးသတ်ဆီး ဇာပိုင် လုပ်ဖို့လဲ

0
3063
အခြေအနေကို ကြည့်ပနာ ဆက်ဖြန်းပါဖိ

သဘာဝ ပိုးသတ်ဆီးဆိုစွာ လူနန့် တရိတ္ဆန်တိကို အန္တရာယ် မဖြစ်ဇီရေအပြင်၊ သဘာဝ ပတ်ဝန်းကျင်ကိုလည်း မပျက်စီးဇီနိုင်စွာမျိုးပါ။

သဘာဝ ပိုးသတ်ဆီး လုပ်ဖို့ ရီနန့် သဘုန်ရာ လိုပါရေ။

လုပ်ပုံ လုပ်နည်းကို ပြောပြပါမေ။

သဘုန်ရည် ၂၉.၆ မီလီ လီတာ ( လဖက်ရည်ဇွန်း ၂ ဇွန်း ) ကို ရီ ၀.၉၄၆ လီတာ ( ၁ လီတာ နီးပါး ) သမအောင် ရောပနာ သုံးနိုင်ပါရေ။

သဘုန်ရည် ၂ ဇွန်းကို ရီ ၁ လီတာထဲမှာ ရောပါ

ယင်းထက် မက ပြင်းချင်ကေ ကြက်သွန်ဖြူဥ ၁ ဥ ၊ ကြက်သွန်နီ အလုံးချေ ၁ လုံး နန့် ငရုပ်သီးခြောက် အမှုန့် လဖက်ရည်ဇွန်း ၁ ဇွန်းကို မှုန့်ပါအောင် ထောင်းပနာ ရောထည့်ပါ။

ပိုပြင်းချင်ကေ ကြက်သွန်ဖြူ ၁ ဥ၊ ကြက်သွန်နီ ၁ ဥ၊ ငရုတ်မှုန့် ၁ ဖွန်းလောက် ကြိတ်ထည့်ပါ
  • ကြက်သွန်ဖြူ နန့် ကြက်သွန်နီကို အယင် ထောင်းပနာ ရီ နန့် ရောပါ။
  • ငရုပ်သီးမှုန့်ကို ထပ်ထည့်ပနာ ၁ နာရီ ကြာအောင် ထားပါ။
  • သဘုန်ရည်ကို ထပ်ထည့်ပနာ အရည်ကို လှုပ်ပနာ မွီပီးပါ။
  • အရည် အနည် ထိုင်ရေခါ၊ အထက်ရည်ကို ယူဗျာလ်၊ ပိုးသတ်ဆီး ဖြန်းရေ ဘူးထဲမှာ ထည့်ပနာ လောင်းနိုင်ပါဗျာလ်။
  • ရခဲတိုက္တာထဲမှာ ထည့်သိမ်းထားကေ ၂ ပတ်ထိ သုံးနိုင်ပါရေ။
  • သဘုန် အတောင့်ကို ပပါးချေ လှီးလို့ ရီတစိချေနန့် အရည်ဖျော်ပနာ၊ သဘုန်ရည် အဖြစ် သုံးနိုင်ပါရေ။

စိုက်ပျိုးရေးသမားတိအတွက် အသုံးဝင်ဖို့ ထင်ပါယင့်။

 

ကျော်ဝင်းခိုင်