အနှိုင်းမဲ့ ဂရုဏာ ရောင်ပြန်

0
2594
ထောင်သား

အပြင်မှာ တဖွဲဖွဲ ကျနိန်ရေ မိုးစက်ချေတိကို သံတိုင်ကြားက မျှော်ကြည့်နိန်ယင်း …

————————————————–

ကိုသာဒိန် တယောက် ရှိစုမဲ့စု ရှာထားစွာချေတိနန့် မယားလက်ဝတ်လက်စားချေတိကို ထုခွဲ ရောင်းချပနာ၊ ကိုယ့်ရွာမှာ စက်လှေချေတစီး ထောင်ရေ။ ကိုယ့်ရွာနန့် တဖက်တကမ်းက ရွာတရွာကို ရက်ချင်းပြန် တရက်တခါဇီ စက်လှေဆွဲဖြစ်တေ။

တရက်နိန့် ထိုဖက်ရွာမှာ ကမ်းပိုင်လုပ်နိန်ရေ တရုတ်နိုင်ငံသား တယောက် ကိုသာဒိန်ရို့ရွာမှာ ကမ်းပိုင် ရီထုတ်ခေါင်း ဝယ်ဖို့ဆိုဗျာယ် စက်လှေအပြန်မှာ လိုက်လာစွာ တွိရေ။ ကိုသာဒိန်လည်း ကိုယ်နန့် မဆိုင်လို့ ဖာသိဖာသာရာ နိန်လိုက်ပါရေ။ ယကေလည်း ယင်းလူက ကိုယ်နန့် ဆိုင်လာပြန်ပါရေ။

ညဇာ ၇ နာရီလောက်မှာ ဖောင်တော်မှာ ကပ်ထားရေ စက်လှေထက်ကို ယင်းလူ တက်လာပနာ “နက်ဖြန်မိုးသောက် စက်လှေနန့် ပြန်လိုက်ဖို့”လို့ ပြောရေ။ အဂုညဥ့် ရွာမှာ တည်းဖို့နိန်ရာ မရှိလို့ စက်လှေထက်မှာ ညဥ့်အိပ်ခွင့်ပြုဖို့လည်း ခွင့်တောင်းရေ။ ကိုသာဒိန်လည်း အဂင့်ဂင့် အခက်အခဲ ဖြစ်နိန်ရေ လူတယောက်ကို ကူညီဖို့ ဝန်မလီးရေအတွက်နန့် ခေါင်းညိတ် လက်ခံလိုက်ရေ။

ယကေလည်း ယင်းညဥ့်မှာ မိုးလီတိ ပြင်းလာပနာ လှိုင်းထလာရေအတွက် အေလူတယောက် စက်လှေထက်မှာ အိပ်လီရဖို့မဟုတ်ဆိုပနာ အားနနာနန့် စက်လှေဖက်ကို ဓါတ်မီးတလက်နန့် ထွက်လာဖြစ်တေ။ ထင်ရေအတိုင်းဗျာယ်။ ယင်းလူက စက်လှေထက်မှာ တကိုယ်လုံး စွတ်ပနာ ကြွက်စုတ်ချေ တကောင်ပိုင် ကုတ်နိန်စွာကို တွိလိုက်ရရေ။ ကိုသာဒိန်လည်း ကကောင်း သနားလားပနာ၊ အိမ်မှာ လိုက်အိပ်ဖို့ ခေါ်လားလိုက်တေ။ ယင်းနိန့် အိမ်မှာ အိပ်ဖို့ စီစဉ်ပီးလိုက်ပနာ နောက်နိန့် မိုးသောက်ဖက် စက်လှေနန့် ယင်းလူ ပြန်လိုက်လားရေ။

————————————————

အဂု အချိန်မှာ ကိုသာဒိန်တယောက် အကျဉ်းထောင် သံတိုင်ကြားချေက နိန်ပနာ မိုးတစက်စက် ကျနိန်ရေ ခေါင်မိုးစွန်ကို နောက်ကြောင်းပြန် တွေးမိယင်း အဓိပ္ပာယ်မဲ့ ငေးကြည့်နိန်မိပါရေ။ ဒုက္ခ ရောက်နိန်ရေ လူတယောက်ကို ကူညီပီးလိုက်တေအတွက် ကိုသာဒိန် ထောင် ၆ လ ကျလားရေ။ “နိုင်ငံခြားသားကို အိမ်မှာ တညဥ့် အိပ်ခွင့်ပြုမှု” နန့်။ ရှိသမျှ စည်းစိမ်လည်း အမှုက လွှတ်ဖို့ လာဒ်ထိုးယင်း ပြောင်လားရေ။

မှတ်ချက်။       ။ ၂၀၀၅ ခုနှစ် ဝန်းကျင်လောက်က ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က ဖြစ်ရပ်မှန် တခုပါ။

စံဂိုးအောင်