အပင် တပင်တည်းမှာ အပွင့်ရောင်စုံ၊ အသီး နှစ်မျိုး သုံးမျိုး သီးအောင် ဇာပိုင် လုပ်ဖို့လဲ

0
2347
အကိုင်းထွက်ဖို့ အထက်ခေျကို အခေါက်ပါအောင် လှီးထုတ်ပါ

လူမျိုးတမျိုး ကျဆင်းလားရရေ အကြောင်းရင်းထဲမှာ ကိုယ့် အနိန်အထားကို ခေတ်ရီစီးကြောင်းနန့် အမြဲတမ်း ချင့်ချိန် သုံးသပ်ပနာ တိုးတက်အောင် သုတေသန မလုပ်နိန်စွာလည်း အကြောင်းရင်း တခုပါ။

သုတေသနဆိုလို့ ဖေ့သာ အကောင်း အကုန်အကျခံပနာ ရင်းနှီးလုပ်ရရေ လုပ်ငန်းမျိုးလို့ ထင်တတ်ကတ်ပါရေ။ အဂု ခဲတံချွန် ဓါးချေတလက်နန့် သုတေသန လုပ်နည်းတိကို တင်ပြပီးပါမေ။ ဝမ်းနည်းဖို့ ကောင်းစွာက အေချင့်တိကို သတိ မထားမိဘဲ အကျွန်ရို့ မျိုးဆက်ပေါင်း အင်တန် များများ ကံကုန်လားခကတ်ပါဗျာလ်။ ယကေလည်း အကျွန် ယုံကြည်ပါရေ။ ရခိုင်ဆိုစွာ မတတ်ခင်၊ မသိခင်ရာ အောက်က ခံချင်ခံနိန်ပါဖို့။ သိဗျာလ်၊ တတ်ဗျာလ်ဆိုကေတော့ခါ မိုးပျံ ထိုးတက်ဖို့ လူမျိုးပါ။

ကိုင်း လေ့လာကြည့်ကတ်ပါမေ။ မျိုးရင်း တူပနာ၊ အပွင့် အရောင် မတူ၊ အသီး အရသာ မတူရေ အပင်တိကို တပင်တည်းမှာ သီးခြားဇီ ပွင့်အောင်၊ သီးအောင် လုပ်နိုင်ရေ နည်းလမ်းက တခုတည်းရာ ရှိပါရေ။ ယင်းချင့်က ကိုင်းဆက်နည်းပါ။ အပင် အကိုင်းတိ ဆက်စွာကို အင်္ဂလိပ်ပိုင် Grafting လို့ ခေါ်ပါရေ။ ကိုင်းဆက်တေ သဘောတရားက အပင်တပင်မှာ ရှိရေ တစ်ရှုးတိကို ကျန်အပင်တပင်မှာ ရှိရေ တစ်ရှုးတိနန့် ပေါင်းပီးလိုက်စွာပါ။ ဒေသမှာ မယဉ်ပါးသိမ့်ရေ အသီးတမျိုးကို ယဉ်ပါးဗြီးသား မျိုးတူ အသီးနန့် ရောဖို့ ရည်ရွယ်တတ်တေပိုင်၊ အသီး အထွက်ကောင်းဖို့လဲ ရည်ရွယ်ပနာ လုပ်တတ်ကတ်ပါရေ။ အကိုင်းဆက်စွာက မခက်ပါ။ စိတ်ရှည် သည်းခံတတ်ဖို့နန့် အလေ့အကျင့် လုပ်ကြည့်ဖို့ရာ လိုပါရေ။

အကိုင်း ဆက်နည်း ၅ နည်း ရှိပါရေ။ ယင်းအထဲက တနည်းချင်းဇီကို သေသေချာချာ သဘောပေါက်အောင် ပြောပြပါမေ။

နည်းလမ်း  T ပုံသဏ္ဍန် အကိုင်း ဆက်နည်း (ဝါ) T-Budding

အဆင့်  ကိုင်းဆက်ခံဖို့ အပင်နန့် အကိုင်း လားဆက်ဖို့ အပင် နှစ်ပင်ကို ရွီးပါ။

ကိုင်းဆက်ခံဖို့ အပင်စွာ အမြစ်တွယ်ဗြီးသား ဖြစ်ရပါဖို့

ကိုင်းဆက်ခံဖို့ အပင်စွာ သန်သန်စွမ်းစွမ်းနန့် အမြစ် ကောင်းကောင်း တွယ်ဗြီးသား ဖြစ်ရပါဖို့။

အကိုင်း လားဆက်ဖို့ အပင်လည်း သန်စွမ်းဖို့တော့ လိုပါရေ။

ပင်စည်မှာ ရောဂါ ဖြစ်နိန်ရေ အပင် မဖြစ်ပါဇီကဲ့။

အကိုင်းဆက်ဖို့ အကောင်းဆုံး ရာသီက အပင် အခေါက်တိ စိုပနာ အလွယ်တကူ ခွာလို့ ရနိုင်ရေ အချိန်ပါ။

ရီ ကောင်းကောင်း ပီးနိုင်ကေ ပိုကောင်းပါရေ။ T ပုံသဏ္ဍန် အကိုင်းဆက်နည်းကို ပန်းပင်တိနန့် အသီးပင်တိမှာ လုပ်နိုင်ပါရေ။

အဆင့်  အကိုင်း လားဆက်ဖို့ အပင်က အတက်ကို အခေါက်ပါအောင် ဖြတ်ထုတ်ပါ။

အကိုင်းထွက်ဖို့ အထက်ခေျကို အခေါက်ပါအောင် လှီးထုတ်ပါ

အကိုင်း လားဆက်ဖို့ အပင်က အကိုင်းသစ်ထွက်ဖို့ ဘု အတက်ချေကို တွိကေ၊ ယင်းအတက်ချေ အထက်ဖက် လက်မဝက် ( 1⁄2 လက်မ ) ကနိန် အောက်ဖက် သုံးမတ် ( လေးပိုင်း သုံးပိုင်း လက်မ။ 3⁄4 လက်မ ) လောက်ထိ ခဲတံချွန်ဓါး (ဝါ) ဘလိတ်ဓါးနန့် အခေါက်သတ်သတ်ကို လှီးထုတ်ပါ။

အထဲက အဖြူရောင် ရှိရေ ပင်စည်သားကို လား မဖြတ်ပါကဲ့။ ယင်းအဖြူရောင် ပင်စည်သားက အပင်အတွက် လိုအပ်တေ ရီနန့် အစာကို ပို့ပီးစွာပါ။

ဖြတ်လိုက်တေ အခေါက် အတက်ချေမှာ ပင်စည်သား ကပ်ပါလာကေ ခွာထုတ်ပလိုက်ပါ။

ဖြတ်ထားရေ အတက်ချေတိကို ချက်ချင်း လားမဆက်ဖြစ်သိမ့်ကေ ရီစို အဝတ်နန့် ထုတ်ပနာ ရခဲတိုက်တာထဲမှာ သိမ်းထားလို့ ရပါရေ။

အဆင့်  ကိုင်းဆက်ခံဖို့ အပင်က ဆက်ချင်ရေ နိန်ရာမှာ T ပုံသဏ္ဍန် အပင် အခေါက်ကို လားဖြတ်ပါ။

ဆက်ဖို့ နိန်ရာမှာ တီပုံစံ အခေါက်ကို လှီးပါ

ကိုင်းဆက်ခံဖို့ အပင်က ၁ လက်မ အချင်းလောက် ရှိရေ အကိုင်းမှာ ၁ မတ် ( လေးပုံတပုံ လက်မ။ 1⁄4 လက်မ ) လောက် ကန့်လန့် ဖြတ်ပနာ အကာကို ဖြတ်ပလိုက်ပါ။ ယင်းနိန်ရာစွာ အကိုင်းသစ်ထွက်ဖို့ ဘု အတက်တိနန့် ဝီးနိန်ပါဇီ။

ဖြတ်ထားရေ ကန့်လန့်ဖြတ် နိန်ရာ အလည်တည့်တည့်ကနိန် အောက်ဖက်ကို ၂ လက်မခွဲ ( ၂.၅ လက်မ ) လောက် အလျှားလိုက် အခေါက်ကို ထပ်ပနာ ဖြတ်ပါ။

T ပုံသဏ္ဍန် ဖြတ်စွာ ဖြစ်လို့ T ပုံသဏ္ဍန် အကိုင်း ဆက်နည်းလို့ ခေါ်စွာပါ။ ဓါးချေနန့် T ပုံသဏ္ဍန် အလည်ကနိန်ပနာ အခေါက်ကို ထိုဖက်ဒေဖက် လန်ပလိုက်ပါ။ အတတ်နိုင်ဆုံး အခေါက်ကို မကျိုးလားဇီပါကဲ့။

အဆင့်  အခေါက် လန်ထားရေ T ပုံသဏ္ဍန်ထဲမှာ အဆင့် က ဖြတ်ထားရေ အတက်ချေကို ယူပနာ ထိုးထည့်ပါ။

အဆင့် ၂ မှာ ဖြတ်ထားရေ အတက်ခေျကို တီပုံစံ အခေါက်ထဲမှာ ထိုးထည့်ပါ

အကိုင်းထွက်ဖို့ ဘု အတက်ချေစွာ အထက်ကို ထောင်နိန်ဖို့ လိုပါရေ။

အမှုန်အမွှားတိနန့် ပိုး မဝင်ပါဇီကဲ့။

အံဝင်ဂွင်ကျ ဖြစ်အောင် ဖြတ်ထားရေ အတက်ချေက ပိုနိန်ရေ အခေါက်တိကို လှီးထုတ်ပလိုက်ပါ။

အဆင့် လန်ထားရေ T ပုံသဏ္ဍန် အခေါက်ကို ဘု အတက်ချေ အထက်က အုံပနာ ပြန်ပိတ်ပါ။

ဆက်ထားရေ နိန်ရာကို တတင်းခေျ တခုခုနန့် ပတ်ချိုင်ပါ

အဗြီးကေ သရီးကွင်းနန့် ပတ်ပနာ တတင်းချေ ချိုင်ပါ။

ဘု အတက်ချေ နိန်ရာထက်မှာ သရီကွင်း မရှိဇီပါကဲ့။

အဆင့်  တလလောက် ကြာရေခါ သရီကွင်း အလိုလို ပြီကျလားတတ်ပါရေ။ မပြီကျလားဆိုကေလည်း ဖြီချပလိုက်ပါ။

တလလောက် ကြာခါ ပတ်ထားစွာကို ဖြီချပလိုက်ပါ

ညညင်သသာ လုပ်ပါ။ ဘု အတက်ချေကို လုံးဝ လားပနာ မတိုက်စီပါကဲ့။

အဆင့်  ဘု အတက်ချေကို သတိထား လေ့လာပါ။

အကိုင်းထွက်ဖို့ အတက်ခေျကို သတိထား စောင့်ကြည့်ပါ

ဘု အတက်ချေရာ တဖြည်းဖြည်း ဖောင်းတက်လာပနာ ကြီးလာရေဆိုကေ ကိုင်းဆက်နည်း အောင်မြင်ပါရေ။

ဘု အတက်ချေလည်း မကြီးလာ၊ ပိန်လည်း ကျလခရေ ဆိုကေတော့ခါ မအောင်မြင်ပါ။

အဆင့်  အနားက အတက်သစ်တိကို ချိုးပလိုက်ပါ။

အနားမှာ အတက်တိ ထွက်လာကေ ချိုးပလိုက်ပါ

ဘု အတက်ချေက အကိုင်းသစ်အတွက် အညွှန့်ချေ ကောင်းကောင်း ထွက်ဗျာလ်ဆိုကေ အညွှန့် အထက်ဖက် လက်မဝက် ( 1⁄2 လက်မ )က စစောင်းချေ ဓါးနန့် အခေါက်ကို ဖြတ်ပလိုက်ပါ။

အနား ပတ်လည်မှာ အညွှန့်သစ်တိ ထွက်နိန်ကေ ချိုးပလိုက်ပါ။ ရည်ရွယ်ချက်က ထွက်လာရေ အညွှန့်သစ်ကိုရာ ပို အားစည်လာအောင်၊ အပင်က ရီနန့် အဟာရကို ပိုပနာ ပံ့ပိုးအောင် လို့ပါ။ အေအဆင့်ကို မလုပ်ကေလည်း ရပါရေ။

ကိုင်း ခဲတံချွန်ဓါး တလက်နန့် ၅ နှစ်သားလောက်ကပင် အသက် ၉၀ လောက်ထိ လုပ်နိုင်ရေ သုတေသနမျိုးပါ။

ဖေ့သာ ဟုတ်တိပတ်တိ ကုန်ဖို့ အလုပ်မျိုးလည်း မဟုတ်ပါ။

အေဟင့်ချေ တခုတည်းနန့် ရခိုင်ပြည် စိုက်ပျိုးရေးကဏ္ဍကို အများကြီး ပြောင်းပြန် လှန်ပလိုက်နိုင်ပါရေ။ စိတ်ဝင်စားရေ လူတိုင်း သုတေသန စ လုပ်ကတ်ပါဖိ။ ကလိမ့်မေချေတိ နှင်းဆီပင်တိကို စမ်းပနာ လုပ်ကြည့်နိုင်ပါရေ။ နှင်းဆီပင် တပင်ကို ကိုင်းဆက်ခိုင်းကေ တဆက်ကို လေးငါးရာကနိန် ထောင်ချီပနာ ပီးရတတ်ပါရေ။

အားလုံးအတွက် အသိပညာ အဟာရ ဖြစ်လိမ့်မေ ထင်ပါရေ။

မသေချာကေ အောက်က ဗွီဒီယိုမှာ ထပ်ကြည့်ပါ။

နောက် ဆက်နည်း ၄ နည်းကို ထပ်ပနာ ရွီးပီးပါမေ။

 

ကျော်ဝင်းခိုင်

ကိုးကား – http://www.wikihow.com/Graft-a-Tree

https://youtu.be/WpyJDV6782Y