မိုဘိုင်းဖုန်းက ဇာလောက်ထိ ကိုယ့်ကို ခြီရာခံ လိုက်နိုင်လဲ

0
1874
Secure yourself from tracking

အဂုအခါ ဟန်းဖုန်းတိက မရှိမဖြစ်တေ အခြေခံ လူသုံးပစ္စည်းတခု ဖြစ်လို့လာပါဗျာလ်။
စကားပြောဖို့ သက်သက် ရည်ရွယ်စွာကနိန် စာရိုက်ပနာ သတင်းပို့ဖို့၊ အိန်တာနတ်သုံးဖို့၊ စာရွက်စာတမ်းတိ ပို့ဖို့နန့် စျီးဝယ်ဖို့ အတွက်ပါ သုံးလာကတ်ပါဗျာလ်။
ယကေလည်း ဒေဟန်းဖုန်းတိစွာ ကိုယ့်အတွက် လုံခြုံမှု လုံးဝ မရှိဆိုစွာ လူ အများစု မသိကတ်ပါ။
ဟန်းဖုန်းက ကိုယ့် အဆက်အသွယ်တိကို ဖြတ်တောက်ပလိုက်နိုင်စွာထက်၊ ကိုယ် ဇာနိန်ရာမှာ ရောက်နိန်လေဆိုစွာကို အလွယ်တကူ ခြီရာခံ လိုက်နိုင်ရေ အန္တရာယ်က ပို ကြောက်ဖို့ ကောင်းပါရေ။ ယင်းချင့်ကို တည်နိန်ရာ ခြီရာခံလိုက်တေ ( location tracking ) လို့ ခေါ်ပါရေ။

တည်နိန်ရာ ခြီရာခံလိုက်တေ ( Location Tracking )

Location tracking

ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခံရစွာထဲမှာ ကြောက်စရာ အကောင်းဆုံး ဖြစ်လာပနာ မြင်သာထင်သာ လုံးဝ မရှိရေ လုပ်ရပ်တခုပါ။
ဟန်းဖုန်း ဖွင့်ထားလိုက်စွာနန့် မိုးသောက်ကပင် နိန်တဝင် ကိုယ် ဇာကနိန်၊ ဇာကို လားရေဆိုစွာကို ခြီရာခံ သိနိုင်စွာမျိုးပါ။
ယင်းပိုင် ခြီရာခံ လိုက်နိုင်ရေ နည်း ၄ နည်း ရှိပါရေ။

 

) မိုဘိုင်း လိုင်းအားကို လိုက်ပနာ ခြီရာခံနည်းတာဝါတိုင် ( Mobile Signal Tracking — Towers )

Tracking systems

ဖုန်းကို ဖွင့်လိုက်စွာနန့် ဖုန်းလိုင်း အော်ပရေတာ ကုမ္ပဏီက ကိုယ် ဇာနားမှာ ရောက်နိန်လေဆိုစွာ အလွယ်တကူ တွက်ချက် သိနိုင်ပါရေ။
အေချင့်က မိုဘိုင်း နတ်ဝက် ( mobile network ) တည်ဆောက်ပုံကို အခြေခံပနာ ခြီရာခံနိုင်ရေ နည်းပါ။ သုံးဒေါင့်ဆိုင်နည်း ( triangulation ) လို့ ခေါ်ပါရေ။
ဥပမာ – စစ်တွေမြို့ကို ရောက်နိန်ရေ ကျွန်တော့်ဖုန်းနံပါတ်ကို မိုဘိုင်းဖုန်း အောပရေတာက ကြည့်လိုက်တေ အချိန်မှာ ၁) မိုင်ကြိုဝေ့ဖ် တာဝါတိုင်ဖက်က လိုင်းအား ၄ တုံး၊ ၂) မီးစက် တာဝါတိုင်ဖက်က လိုင်းအား ၁ တုံး၊ ၃) ဘုတ်ဆိပ် တာဝါတိုင်ဖက်က လိုင်းအား ၂ တုံး ပြနိန်ဖို့ဆိုကေ ကျွန်တော် ဘောက်သီးစုရပ်ကွက်လောက်မှာ ရှိနိန်မှန်း တွက်ချက်သိနိုင်ပါရေ။ ခေတ်မီရေ စက်တိကို သုံးထားရေ ဖုန်းလိုင်း အော်ပရေတာဆိုကေ အထက်မက တိတိကျကျ သိနိုင်ပါရေ။
အေနည်းက ဖုန်းကို ဖွင့်လိုက်ဗျာလ်ဆိုစွာနန့် ခြီရာခံနိုင်ရေ အတွက်နန့် တခုပိုင်လည်း ဗြီးမလွတ်နိုင်ရေ နည်းပါ။
အစိုးရက သံသယရှိရေ လူတယောက်ယောက် လှုပ်ရှားမှုကို ဒေါက်လျှောက် ခြီရာခံ စောင့်ကြည်ချင်ကေ ဖုန်းအော်ပရေတာ ကုမ္ပဏီကို ယင်းလူ ဖုန်းနံပါတ်ကို ပီးပနာ  အေနည်းနန့် ခြီရာခံလိုက်တတ်ပါရေ။
နောက်တနည်းက တာဝါတိုင် လိုက်နည်း ( tower dump ) လို့ ခေါ်ပါရေ။ အစိုးရက စစ်တွေမြို့ မောလိပ် တာဝါတိုင်မှာ ဒေနိန့် သုံးနိန်ကတ်တေ ဖုန်းစာရင်းကို ပီးပါလို့ ဖုန်းလိုင်း အော်ပရေတာ ကုမ္ပဏီကို လှမ်းတောင်းနိုင်ပါရေ။ ယင်း အထဲမှာ ပါနိန်ရေ ဖုန်းနံပါတ်ကို ကြည့်ပနာ အေနိန့် မောလိပ် ရဲစခန်းကို ဖြိုသတ်တေ အထဲမှာ အသူရို့ ပါနိန်လဲဆိုစွာ အလွယ်တကူ ခြီရာခံ သိနိုင်ပါရေ။
နောက်ဆုံး တနည်းက အေဖုန်း ဇာတာဝါတိုင်က တဆင့် ဒတ္တာ ( data ) သုံးနိန်လဲဆိုစွာကို ကြည့်ပနာလည်း ခြီရာခံလိုက်နိုင်ပါရေ။

) မိုဘိုင်း လိုင်းအားကို လိုက်ပနာ ခြီရာခံနည်းIMSI Catcher ( Mobile Signal Tracking — IMSI Catcher )
အစိုးရ ဖြစ်ဖြစ်၊ နည်းပညာမြင့်ရေ အဖွဲ့အစည်းတခု ဖြစ်ဖြစ် ဖုန်းတာဝါတိုင် အစစ်ပုံစံမျိုး တာဝါတိုင် အတုတခု ဖန်တီးပနာ IMSI catcher  နန့် ဖုန်းသုံးနိန်ရေ လူတိ တည်နိန်ရာနန့် အဆက်အသွယ်လုပ်ထားရေ မှတ်တမ်းတိကို အလွယ်တကူ ရယူနိုင်ပါရေ။ IMSI အရှည်က ( International Mobile Subscriber Identity ) ဖြစ်ပနာ SIM card တခုချင်းစီမှာ မတူရေ နံပါတ် တခုချင်းဇီ ထည့်ပီးထားပါရေ။
IMSI catcher ကို ကာကွယ်နိုင်ရေ နည်းလမ်းတခုက ဖုန်းကို 3G ၊ 4G လိုင်းတိနန့်ရာ ဆက်ပနာ 2G လိုင်းကို ပိတ်ထားလိုက်ပါ။ နိုင်ငံခြားကို လားခါ ဖုန်းသုံးဖို့ အစီအစဉ် မရှိကေ roaming ကို disable လုပ်ထားလိုက်ပါ။

) Wi-Fi Bluetooth နန့် ခြီရာခံနည်း ( Wi-Fi and Bluetooth Tracking )

Wifi tracking

အထက်က ပြောခရေ မိုဘိုင်း လိုင်းအားလောက်တော့ လိုင်းအား မကောင်းကေလည်း အနားဝန်းကျင်က ဖုန်းတိကို Wi-Fi ၊ Bluetooth ရို့နန့် ချိတ်ဆက်ပနာ ခြီရာခံနိုင်ပါရေ။ ၂၀၀၇ ခုနှစ်မှာ ဗန်နီဇွဲလားနိုင်ငံက ဆန္ဒပြပွဲတခုကို စုံစမ်းဖို့ ပညာရှင် တယောက်စွာ ကကောင်း အဆင့်မြင့်ရေ အန်တန်နာ ( antenna ) တမျိုးကို သုံးပနာ Wi-Fi ကို ၂၃၇ မိုင် အကွာက ဖမ်းခရေလို့ ဖတ်ဖူးပါရေ။
Wi-Fi ၊ Bluetooth ရို့ကို ဆက်လိုက်ဗျာလ်ဆိုစွာနန့် ကိုယ့် ဟန်းဖုန်းမှာ ရှိရေ MAC address ကို တဖက် လူတိက အလွယ်တကူ ရယူနိုင်ပါရေ။ ဖုန်း တလုံးမှာ MAC address နံပါတ် တခုကျဇီ ဖုန်းထုတ်တေ ကုမ္ပဏီတိုင်းက ထည့်ထားပါရေ။ ယင်းနံပါတ်ကို ပြောင်းလို့ မရပါ။
ဆိုးစွာက ကိုယ့် ဟန်းဖုန်းက Wi-Fi ကို ဖွင့်ထားဗျာလ်ဆိုစွာနန့် တခြား Wi-Fi တခုခုကို ချိတ်ချိတ်၊ မချိတ်ချိတ် MAC address ကို အနီးအနားက တခြားလူတိက ရယူနိုင်ပါရေ။ အေအခွင့်အရေးကို စီးပွားရေး လုပ်ငန်းတိမှာ သုံးတတ်လေ့ ရှိပါရေ။ အေနည်းနန့် လူတိ ကုန်တိုက်ထဲကို ဝင်ထွက်စွာနန့် အချိန် ဘလောက်ကြာကြာ စျီးဝယ်တတ်လေဆိုစွာမျိုးတိကို ခြီရာခံတတ်ကတ်ပါရေ။
အေနည်းကို အစိုးရက ခြီရာခံဖို့ သုံးလေ့ မရှိပါ။ အနီးကပ် လိုက်ပနာ ခြီရာခံဖို့ လိုရေပိုင် MAC address တခုချင်းကိုလည်း လိုက်ပနာ စုံစမ်းနိန်ရတတ်လို့ပါ။ ယကေလည်း အေနည်းက အဆောက်အဦးတခု၊ Wi-Fi zone တခုခုကို အေလူ ဇာအချိန်က ရောက်ခရေဆိုစွာကို အတိအကျ ပြောနိုင်ပါရေ။
Wi-Fi zone တခုခုကို ရောက်လို့ Wi-Fi ကို အလိုလို ဆက်လိုက်ဗျာလ်ဆိုစွာနန့် Wi-Fi Network Operator စွာ ကိုယ့် MAC address ကို အလွယ်တကူ သိနိုင်ပါရေ။ အေလူစွာ အေနားကို ဇာအချိန် ရောက်တတ်လေ၊ အေနှစ်ထဲမှာ ဇာနှစ်ခါ ရောက်ဗျာလ်ဆိုစွာက အစ အလွယ်တကူ မှတ်ထားလို့ ရနိုင်ပါရေ။
Wi-Fi ၊ Bluetooth ရို့နန့် ကိုယ့်ကို ခြီရာ မခံဇီချင်ကေ လမ်းမှာ လားနိန်ရေ အချိန်တိမှာ အတတ်နိုင်ဆုံး Wi-Fi ၊ Bluetooth ရို့ကို ပိတ်ထားပါ။
တချို့ Smart ဖုန်းတိမှာ MAC address-changing app ထည့်လို့ ရပနာ MAC address ကို ပြောင်းလို့ ရနိုင်ပါရေ။ လိုအပ်ကေ MAC address ကို တရက် တမျိုး ပြောင်းပနာ ကိုယ့်ကို ခြီရာခံ လိုက်စွာကို ဖျောက်နိုင်ပါရေ။ ယကေလည်း Smart ဖုန်း အများစုမှာ ပြောင်းလို့ မရနိုင်ပါ။

) တည်နိန်ရာကို တချို့  Apps တိနန့် Web Browser ရို့က ခြီရာ ကောက်နိုင်ပါရေ ( Location Information Leaks From Apps and Web Browsing )
လူ ၉၉ % စွာ ကိုယ့် ခြီရာကို လူများတိ လိုက်ကောက်စရာ မလိုဘဲ ကိုယ် ကိုယ်တိုင်က ဖွင့်ပီးထားတတ်ကတ်ပါရေ။ Smart ဖုန်းတိမှာ ပါရေ Location ၊ Map ဆိုစွာတိကို ဖွင့်ထားလိုက်စွာနန့် Global Positioning System (GPS) က ကိုယ် လားသမျှ၊ လာသမျှကို ကိုယ့်ဖုန်းထဲမှာ မြေပုံနန့် အတိအကျ အသေးစိတ် မှတ်တမ်းတင်ထားပါရေ။ Map ကုမ္ပဏီတိက ယင်းအချက်အလက်တိကို ယူပနာ အမြဲတမ်း သူရို့ Map app တိကို ပြန်ပနာ မွမ်းမံလားကတ်ပါရေ။
Location ၊ Map ရို့ကို ဖွင့်ပနာ လားနိန်စွာနန့် ကိုယ့်ခရီး မှတ်တမ်းက App ကုမ္ပဏီ မှတ်တမ်းထဲကို အလိုလို ရောက်နိန်ရေပိုင်၊ အစိုးရကလည်း အလွယ်တကူ ကောက်စားလားနိုင်ပါရေ။ Hacker တိကလည်း App ကုမ္ပဏီကို Hack လုပ်ပနာ ရယူလားနိုင်ပါရေ။
Location ကို လိုက်မှတ်တေ App တခုခုကို သုံးထားစွာနန့် ကိုယ် မသိရေ ကုမ္ပဏီ၊ အဖွဲ့အစည်းတိ အများကြီးက ကိုယ့်ကို လိုက် အသုံးချနိန်ကတ်ဗျာလ်ဆိုစွာ မမိပါကဲ့။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလထုတ် Washington Post သတင်းတခုမှာ NSA location-tracking tools တခုက တကဗာလုံးမှာ ရှိရေ ဟန်းဖုန်းတိ ဇာနားမှာ ရှိနိန်လေ “on the whereabouts of cellphones around the world,” ဆိုစွာကို လိုက်မှတ်တမ်းတင်ထားရေလို့ ဖတ်ဖူးပါရေ။
မလိုအပ်ဘဲ Location ၊ Map ရို့ကို လုံးဝ မဖွင့်ပါကဲ့။

ဟန်းဖုန်းကို ပိတ်ထားရဖို့လား ( Turning Phones off )
ဟန်းဖုန်းတိစွာ အရေးကြီးရေ လုပ်ငန်းတိကို လုပ်နိန်ရေ လူတိအတွက် လုံခြုံမှု မရှိဆိုစွာ အထက်က အကြောင်းအရာတိကို ဖတ်ကြည့်စွာနန့် သတိထားမိပါလိမ့်မေ။
ယကေ ဟန်းဖုန်းကို ပိတ်ထားရဖို့လား။
တချို့ malware တိ ဖုန်း ပိတ်ထားရေ အချိန်မှာတောင် ဖုန်းကို ဖွင့်နိုင်လို့ လိုအပ်ကေ ဘတ္တရီကိုပါ ဖြုတ်ထားရဖို့လားဆိုစွာတိ မိန်းစရာ ဖြစ်လာပါရေ။
ယကေလည်း ဖုန်းကို မသုံးဘဲ ပိတ်ထားစွာက လက်တွိ မကျပါ။
လူအများကြီး ဖုန်းပိတ်ထားကတ်ဖို့ ဆိုကေလည်း ဖုန်းကုမ္ပဏီတိ ဒုက္ခရောက်လားနိုင်ပါရေ။

ယာယီသုံး ဟန်းဖုန်းတိ ( Burner Phones )
လိုအပ်တေခါ သုံးပနာ၊ သုံးဗြီးစွာနန့် ဝေးပလိုက်တေ ဟန်းဖုန်းမျိုးကို Burner Phones လို့ ခေါ်ပါရေ။
အစိုးရ ခြီရာခံစွာက လွတ်ချင်ရေ လူတိစွာ Register မလုပ်ထားရေ SIM ကဒ်တိကို Burner Phones တိထဲမှာ ထည့်ပနာ သုံးကတ်ပါရေ။
ဖုန်းပြောဗြီးစွာနန့် ဟန်းဖုန်းပါ၊ SIM ကဒ်ပါ တခါတည်း ဝေးပလိုက်တတ်ကတ်ပါရေ။
အေချင့်က ခြီရာခံ လိုက်စွာကို လုံးဝ ဖျောက်ဖျက်နိုင်ပါရေ။
ယကေလည်း ဖုန်း ပြောင်းတိုင်း ဖုန်းခေါ်ရေ ပုံစံကို လိုက် မပြောင်းကေ အလကား ဖြစ်တတ်ပါရေ။
ဥပမာ – ဖုန်းနံပါတ် တခုကို ညဉ့် ၈ နာရီတိတိ နိန့်တိုင်းရာ ခေါ်နိန်ဖို့ဆိုကေ ဖုန်း နံပါတ် ဘလောက် ပြောင်းပြောင်း၊ အေလူ ခေါ်နိန်ရေ ဆိုစွာ ခန့်မှန်းနိုင်ပနာ ဖုန်းနံပါတ်သစ်ကို ခြီရာခံ လိုက်နိုင်ပါရေ။ အမေရိကန် အစိုးရ သုံးရေ PROTON စနစ်စွာ အေပိုင် ဖုန်းပြောရေ ပုံစံတိကို အလွယ်တကူ လိုက်နိုင်ရေလို့ The Intercept မှတ်တမ်း တခုမှာ ဖတ်ဖူးပါရေ။
ဖုန်း ခေါ်ရေ အချိန်နန့် ပုံစံကိုလည်း လိုအပ်တေပိုင် ပြောင်းပီးဖို့ လိုပါရေ။
ဖုန်း နှစ်လုံးကို တပြိုင်တည်း ဖွင့်ပနာ မကိုင်လားပါကဲ့။
ဖုန်း တလုံးတည်းကို တခါထက်မက ခေါ်ဖို့လိုကေ၊ နံပါတ် တခါ ပြောင်းတိုင်း၊ စကားပြောရေ နိန်ရာကိုလည်း တခါဇီ လိုက် ပြောင်းပါ။

အေလောက်ဆိုကေ ဟန်းဖုန်းတိကို ခြီရာကောက် လိုက်စွာရေ ဖုန်းနံပါတ် SIM ကဒ် တခုတည်းကို အခြေခံ လိုက်နိုင်စွာ မဟုတ်ဘဲ၊ ဖုန်းကိုယ်ထည်ကိုပါ ခြီရာကောက်နိုင်ရေဆိုစွာ သတိထားမိလောက်ကတ်ဗျာလ် ထင်ပါယင့်။

အားလုံး ဘေးအန္တရာယ် ကင်းရှင်းနိုင်ကတ်ပါဇီ။

ကျော်ဝင်းခိုင်