အသီးတိမှာ အစိ မပါအောင် ဇာပိုင် စိုက်ဖို့လဲ

0
2017
အစိ မပါရေ ဖရဲသီး

အစိ မရှိရေ အသီးကို အပင်စိုက်လို့ ရပါလာ။

  • မျိုးအောင်ထားရေ အစိ မရှိရေ အတွက်နန့် အပင် စိုက်လို့ မရပါ။

ယကေ အစိ မရှိရေ အသီးပင်တိကို ဇာပိုင် စိုက်ပါဖို့လဲ။

  • အယင် ပြောခရေ ကိုင်းဆက်နည်းတိနန့် အပင်တိကို ပွားယူပနာ စိုက်ယူရပါရေ။

အစိ မရှိအောင် အပင်တိကို ဇာပိုင် လုပ်ရပါရေ။

  • အဓိက နည်းလမ်း ၂ မျိုး ရှိပါရေ။အစိတိကို မစိုက်ဘဲ၊ အပင်တက်တိကို ဖြတ်ပနာ အဆက်ဆက် မျိုးပွား စိုက်ယူရေ နည်းနန့် ဓါတ်ခွဲခန်းမှာ မျိုးဗီဇကို ခွဲထုတ်ပနာ စိုက်ယူရေ နည်းပါ။ဥပမာ – အစိ မပါရေ ဇဗြစ်သီးကို လေ့လာကြည့်ကတ်ပါမေ။ ဇဗြစ်သီးထဲက အစိတိကို မစိုက်ဘဲ၊ ဇဗြစ်ပင် အကိုင်းတက်တိကိုရာ ဖြတ်ဗျာလ် အခါခါ စိုက်လာရေခါ၊ သဘာဝအရ ဇဗြစ်ပင်စွာ မျိုးပွားဖို့ အစိ မလိုမှန်း သိလာရေအတွက် နောက်ခါ အစိတိ ငယ်လာပနာ၊ တဖြည်းဖြည်းနန့် အစိတိ မပါ ဖြစ်လာစွာပါ။
    ယကေလည်း ယင်းပိုင် သဘာဝအလျှောက် အစိ မပါ ဖြစ်လာဖို့ တခါနှစ်ခါ အပင်ကို မျိုးပွား စိုက်ယူရုံလောက်နန့် မရပါ။ သဘာဝအလျှောက် အစိ မပါရေ ဇဗြစ်သီး မူရင်းအပင်တိကို လွန်ခရေ နှစ် ၂၀၀၀ ( နှစ်ထောင် ) ရောမခေတ်ကပင် အဆင့်ဆင့် မျိုးပွားယူလာစွာလို့ သိရပါရေ။
    အစိ မပါရေ ဖရဲသီး ကျကေ အထက်က နည်းလမ်းနန့် မတူပါ။ အေနည်းက ဓါတ်ခွဲခန်းမှာ မျိုးဗီဇကို ခွဲထုတ်ပနာ စိုက်ယူရေ နည်းပါ။
    ဖရဲသီးပင်မှာ ခြိုမိုဇုန်း ( chromosomes ) ၂ မျိုး ပါ ပါရေ။ သိပ္ပံပညာရှင်တိက ခြိုမိုဇုန်း ၄ မျိုး ပါအောင်ထိ မျိုးဗီဇကို ပြောင်းနိုင်ရေ နည်းလမ်းကို တွိထားကတ်ပါရေ။ မူလ ခြိုမိုဇုန်း ၂ မျိုး ရှိရေ သဘာဝ အပင်က ဝတ်မှုန်နန့် ထွင်ထားရေ ခြိုမိုဇုန်း ၄ မျိုးပါရေ အပင်က ဝတ်မှုန်ကို ရောပလိုက်တေခါ ခြိုမိုဇုန်း ၃ မျိုး ရှိရေ ဖရဲပင်ကို ရလာပါရေ။ ယင်း ဖရဲပင်မျိုးကို ဟိုက်ဘြိတ်စ် ( hybrids ) လို့ ခေါ်ပါရေ။ ယင်း ဟိုက်ဘြိတ် ဖရဲပင်က အစိ မပါရေ ဖရဲသီးကို သီးပါရေ။
  • ပထမနည်းနန့် ဆက်စပ်ပနာ သဘာဝတရားကို စဉ်းစားမိပါရေ။ ဇဗြစ်ပင်တိတောင် အစိကို မစိုက်ဖန် များလာရေခါ အစိစွာ အပိုမှန်း သိလာရေအတွက်နန့် အစိ မပါရေ အသီးတိကို သီးလာပါရေ။
  • အိမ်ထောင်ရှင်မတိလည်း အချေတိကို ခွဲပနာဇီရာ မွီးနိန်ကတ်ဖို့ဆိုကေ သဘာဝတရားအရ ကြာလာကေ နောက်မျိုးဆက် ကလိမ့်မေတိမှာ ……… ????????
    ( တိုးတက်ဗြီး နိုင်ငံတိမှာ သီရေး၊ ရှင်ရေး မဟုတ်ကေ အချေကို ခွဲမွီးပီးလေ့ မရှိပါ။ )စာဖတ်ရေ မိတ်ဆွေရို့ ဗဟုသုတ တခု တိုးလားဗျာလ်လို့ ထင်မိပါယင့်။ကျော်ဝင်းခိုင်