လှထုံ နန့် ကလကာ

0
2172
ကလကာ
ကလကာ

လှထုံ တယောက် တခြုပ်ခြုပ် ငိုပနာ ရှိရေ အဝတ်အစားချေတိကို ခေါက်ပနာ တိုတ္တာထဲမှာ ထည့်သိမ်းနိန်မိရေ။ ၁၀ တန်း အောင်စရင်းထဲမှာ မပါစွာနန့် ခိုးရွာလိုက်ပနာ ငယ်လင်၊ ငယ်မယား ပေါင်းလာစွာ၊ ကိုသာဒိန် တယောက် အေပိုင် ဖောက်ပြန်လားလိမ့်မေလို့ တခါလည်း မထင်မိခ။

ရှိသမျှကို သိမ်းဗြီးစွာနန့် အိမ်ကို တခန်းဝင် တခန်းထွက်ပနာ နှမြောတသနန့် လှည့်ပတ်ကြည့်နိန်မိရေ။ အိပ်ခန်း ၅ ခန်းနန့် အေ ၂ ထပ်တိုက်ကို အယင်နှစ်ကမှ ဆောက်ထားစွာ။ အကောင်းဆုံး လက်သမား၊ အကောင်းဆုံး ပရံတိကို ခေါ်ပနာ ရှယ်ဆောက်ထားလို့ အိမ်က ကောင်းမှကောင်း။ ပရိဘောဂတိကလည်း ပြောင်လက်နိန်ရေ။ မှန်ပတင်းတိမှာလည်း နောက်ဆုံးပေါ် တရုတ်က လာရေ ကလကာတိ အပြည့်တပ်လို့။

ဇာကို ကြည့်လို့ ဇာတိ တွေးနိန်လေမသိ။ သတိပြန်ဝင်လာခါ ညဥ့်နက်သန်းခေါင် ကျော်နိန်ဗျာလ်။ လရောင် ဝင်နိန်ရေ အိပ်ခန်းပတင်းက ကလကာကို ဆွဲပိတ်လိုက်ယင်း၊ လှထုံ မျက်လုံးတိမှာ အရောင်တချက် လက်လခနဲ တောက်လားခရေ။
နောက်နိန့် မိုးသောက်စစော ထပနာ ဈီးချေက ရကြက် ၅ သိုက် လားဝယ်ခီရေ။ ၁ ဘဝါ လောက်ကို ပြုပ်ပနာ တတောက်ချေ တော်။ ငရုပ်သီးစိမ်း၊ ငရုပ်ကောင်း နနိုင်နန့် သုတ်ပနာ နနံပင်ချေဖြူး၊ ရှောက်သီးခြမ်းချေ ဖြန်းလို့ ထမင်းပပူချေနန့် ချွဲပြန်အောင် စားပလိုက်တေ။

စားဗြီးစွာနန့် အိမ်အထက်ထပ်၊ အောက်ထပ် ရှိရှိသမျှ ပတင်းတိမှာ တပ်ထားရေ ကလာတိကို လားဖြုပ်ခီရေ။ တရုတ်ကလာရေ ကလကာတိဖြစ်လို့ အထက်ဂွင်းမှာ ပလက်စတိပ်ပိုက် ထိုးပနာ ဘေးနဖက်မှာ ဘုလုံးတိနန့် ပိတ်လို့ အလှဆင်ထားရေ။ ကလကာ ထည့်လို့ရအောင် ဘုလုံးအပိတ်တိကို ဖြုပ်လို့ တပ်လို့ရရေ။

လှထုံ တယောက် ဇာအဓိပ္ဗာယ်နန့် မသိ၊ ဘုလုံး တဖက်စီကို ဖြုပ်ပနာ ပိုက်လုံးထဲမှာ ရကြက်တိကို ပပြုံး ပပြုံးနန့် ထိုးထည့်နိန်ရေ။ ဗြီးကေ ပိုက်လုံးတိကို ရီနန့် အသေအချာ ဆီးပနာ၊ အဝတ်နန့် ခြောက်အောင် သုတ်ရေ။

နောက်နိန့် မိုးသောက်မှာ လှထုံ တယောက် အိမ်က အထုပ်အပိုးတိ ဆွဲပနာ ထွက်လားခရေ။ လားခါနီးမှာတောင် အိမ်ကို တတောက်ပပြောင် ဖြစ်အောင် သန့်ရှင်းရေး လုပ်လားသိမ့်ရေ။

လှထုံ ဆင်းလခဗျာယ် သတင်းရစွာနန့် ကိုသာဒိန် တယောက် မယား စမောချေနန့် အိမ်ထက်ကို ရှားပနာ တက်ပါလတ်တေ။
အိမ်ထဲက တဟိဟိ တဟားဟားနန့် အသံမျိုးစုံ ကြားနိန်ရစွာနန့် အိမ်နားက လူတိတောင် မနာလို ဖြစ်ကတ်ရရေ။ မကြာလိုက်။

၃ ရက်မြောက် ညဉ့်မှာ အပုပ်နံ့ချေ တချက်တချက် ရလို့ မယားချေက အကြောက်ပိုပနာ ကိုသာဒိန် ကို မလွှတ်တမ်း ဖက်ထားရေ။ ကိုသာဒိန် ကတော့ နိန့်တိုင်းတောင် နံချင်စီနိန်ပုံ ရရေ။ ပြီတီတီ အပြုံးချေနန့် သရဲကောင်းကြီး လုပ်လို့။

၄ ရက်မြောက်မှာ နိန့်ခင်းပါ အနံ့က နံလာလို့ ကိုသာဒိန် တယောက် အငြိမ် မနိန်နိုင်ဗျာလ်။ ကြွက်တိ ယတိ သီနိန်လားဆိုပနာ ဓါတ်တောက် တလက်နန့် ထိုရှာဒေရှာ ရှာနိန်မိရေ။ မတွိ။ ညဉ့်ရောက်တေခါ ချစ်မယားချေက ဖကပ်ပိုင် ကပ်နိန်လို့ ကိုသာဒိန် တယောက် ဘယ်ညာတောင် လူးလိမ့်ဖို့ မရ။

၅ ရက်မြောက်မှာ တအိမ်လုံးကို ကြမ်းတိုက်ကပ်တေ။ ဗြီးကေလည်း အနံ့က ပျောက်မလား။ ညဉ့် ရောက်တေခါ အသက်ချေက တခြားမှာ လားအိပ်ကတ်ဖို့ ပူဆာလို့ ကိုသာဒိန် တယောက်၊ မနည်း ချော့ထားရရေ။

၆ ရက်မြောက် အိပ်ယာက နိုးရေခါ ချစ်အသက်ချေ အနားမှာ မရှိဗျာလ်။ ထိုမိန်း ဒေမိန်း လိုက်မိန်းခါမှ မိုးသောက် စစော အထုပ် တထုပ်နန့် အိမ်က ထွက်လားစွာကို မြင်လိုက်တေလို့ ပြောကတ်လို့ ယောက္ခမ အိမ်ကို မဝံ့မရဲနန့် စွန်းစားခန်း ဖွင့်ပနာ လားခီရရေ။ ချစ်သက်ကို ခေါ်လို့ မရ။ “တခြားမှာ ငှားနိန်ကတ်မေ” ဆိုခါမှ “ကတိတည်ဂါး” ဆိုပနာ မျက်စောင်းထိုးလို့ လိုက်ပါလတ်တေ။

နောက်နိန့်တိ ကိုသာဒိန် အိမ်ကို လားပနာ ဇာတ်မြစ်ကို လားရှာရေ မတွိ။ ထိုနားကပိုင်၊ ဒေနားကပိုင်။ တနိန်ရာမှာလည်း တတိတကျ မတွိ။

လေးငါးရက် ကြာခါ၊ ကိုသာဒိန်လည်း ကျောစိမ့်လာပနာ တယောက်တည်း မလားဝံ့ ဖြစ်ပါလတ်တေ။ ညဉ့်ဆိုကေ ရပ်ကွက်ထဲက လူတိတောင် အိမ်ရှိက ဖြတ်မလားဝံ့ကတ်လတ်။

၂ လ ကြာခါ ကိုသာဒိန် အိမ်ရောင်းဖို့ တန်းခါးဝမှာ ကြော်ငြာ လားကတ်တေ။ ၃ လ ကြာခါတောင် တယောက်လည်း ဈီး လာမမိန်းကတ်။

၄ လ ကြာခါ သုံးပုံ တပုံ ဈီးချော့လိုက်တေ။ မထူး။ ၅ လ ကြာခါ တဝက် ဈီးချော့ရေ။ ထူး မခြားနား။

၆ လ ကြာခါ လှထုံ ဘားက ဖုန်းလာရေ။ “အိမ် ရောင်းဖို့ သတင်းကြားလို့။ တတ်နိုင်ကေ သူ ဝယ်ချင်ရေ” လတ်။ ကိုသာဒိန် အူထဲက လှိမ့်ပနာ ရယ်နိန်မိရေ။ အေပိုင် တုံးလို့လည်း ကွာလိုက်စွာ မှန်လားရေ။ တရွာလုံး မျက်ဖြူဆိုက်နိန်စွာတောင် အေစွာမ မသိ။

ခပ်တည်တည်နန့် သူတော်ကောင်းပုံ ဖမ်းပနာ အိမ်တန်ဖိုးကို ကာလပေါက်ဈီးထက် ၅ ပုံ ၁ ပုံ လျှော့ပနာ လှထုံကို ရောင်းပီးလိုက်တေ။

နောက်နိန့် လှထုံ အိမ် ပြောင်းလာရေခါ ကိုသာဒိန်ရို့ လင်မယား ၂ ယောက် အိမ်ထဲက ပရိဘောဂတိ သိမ်းပနာ စစုပ်ချေ ထွက်လာကတ်တေ။ လှထုံနားကို ရောက်ခါ တချက် လှမ်းကြည့်ကတ်ပနာ လင်မယား ၂ ယောက် တယောက်မျက်နှာကို တယောက် အထာနန့် ပြုံးကြည့်ကတ်ယင်း၊ လှထုံ နားက ဗြီးထွက်လားကတ်တေ။

လှထုံ ကို ဘလောက် သထာလည်းဆိုကေ အိမ်မှာ တပ်ထားရေ ကလကာတိတောင် မချန်ထားခ။ တန်းပါ မကျန် ယူလားခကတ်ရေ။

 

စံဂိုးအောင်