လှထုံ နန့် နီ

0
1510
နီ

လှထုံ နိုင်ငံခြားသား သငယ်ချင်း ၂ ယောက်နန့် ထိုင်နိန်ကတ်တေ။ တယောက်က ရုရှား၊ တယောက်က အမေရိကန်။ နှစ်ကောင်လုံး ငကျောသန်တိ။

ရုရှ သငယ်ချင်းက ကောက်ကာငင်ကာ “ငရို့ လူမျိုးက ကဗာမှာ ပထမဆုံး အာကာသထဲကို ရောက်တေ လူမျိုး။” လို့ ပြောလိုက်တေ။

အမေရိကန် သငယ်ချင်းကလည်း အားကျမခံ “ငရို့လူမျိုးက ကဗာမှာ ပထမဆုံး လကို ခြီချရေ လူမျိုး။” လို့ ပြောလိုက်တေ။

အေပိုင် လထုံကို ငကျော ကျောလို့ မရ။

“ငရို့ လူမျိုးလည်း နီကို ပထမဆုံး ခြီချနိုင်ရေ လူမျိုးဖြစ်ဖို့ ကြိုးစားနိန်ရေ။” လို့ လှထုံက ဂိုက်ချေနန့် ပြန်ပြောလိုက်တယ်။

ရုရှ သငယ်ချင်းနန့် အမေရိကန် သငယ်ချင်း တယောက်ကို တယောက် ပြုံးကြည့်လိုက်ကတ်ယင်း …

“လှထုံကလည်း မဖြစ်နိုင်စွာကို ပြောနိန်ဗျာလ်။ နီမှာ အေလောက် ပူစွာကို ဇာပိုင် ခြီချနိုင်ဖို့လဲ။” လို့ ရုရှ သငယ်ချင်းက ပြန်ပြောလိုက်တယ်။

လှထုံက “ယော ဇာပိုင်ကနိန် အေပိုင် တုံးရေ လူတိက အာကာသထက်၊ လထက်ကို ရောက်နိုင်ကတ်စွာလေချင့်။ အေလောက် ပူရေ နီထက်ကို နိန့်ခင်းဖက် ခြီချပနာ နင်းဖို့လားဟေး။ ညည့်ခါကျမှ ခြီချပနာ နင်းဖို့နန့်ရာ။” လို့ အထက်စီး လီသံနန့် လျှို့ဝှက်ချက်ကို ဖွင့်ပြောလိုက်ယင့်။

 

စံဂိုးအောင်

ငရို့ = ငါရို့
ခြီ = ခြေ
နီ = နေ
ဂိုက်ချေ = ရှိုးဖမ်းပြီး