သာဒိန် နန့် အချစ်ဦး

0
1659
နတ်သမီး
နတ်သမီး

မြင် မြင်ချင်း ချစ်မိရေဆိုစွာကို ကိုသာဒိန် ကိုယ်တွိ ကြုံဖူးမှ လက်ခံလာစွာ …

ကိုသာဒိန် လပျိုပေါက်အရွယ် …

ခရီးလားယင်း ထို မရောက် ဒေ မရောက် ဖြစ်ပနာ၊ မြေပုံမြို့နယ် ကားလမ်းဘေးက အိမ်ချေ တအိမ်မှာ ဝင်အိပ်ခွင့် တောင်းရဖို့ အခြေအနေ ဖြစ်ပါလတ်တေ။

အိမ်ထဲမှာ မှန်အိမ်တလုံး ပြောင်နိန်အောင် ထွန်းထားစွာနန့် သာဒိန် အိမ်တန်းခါးကို ခေါက်ကြည့်ရေ။

အခင်ကြီး တယောက် တန်းခါး လာဖွင့်ပီးရေ။ တနား ငေးကြည့်နိန်ပနာ “ဇာအလို ရှိလို့လဲ၊ တူချေ။” လို့ အားငယ်နိန်ရေ မျက်နှာပီးနန့် မိန်းလာရေ။

“ကျွန်တော် ရှိက ရွာကို မရောက်နိုင်လို့ အေမှာ တညဉ့်လောက် အိပ်ခွင့်တောင်းချင်လို့ပါ။”

“အေး တူချေ။ အိပ်စွာက အိပ်လို့ ရရေ။ ယကေလည်း ဗဂျီး သမီး အိပ်နိန်စွာကို လုံးဝ အနှောင့်အယှက် မပီးလို့ အာမခံနိုင်ရဖို့။”

“အာမခံပါရေ။ ကျွန်တော် မိကောင်းဖကောင်း သားသမီးပါ။”

“အေး အေး။ ယင်းပိုင်ဆို အိမ်ထဲဝင်။” ဆိုပနာ တန်းခါး ဖွင့်ပီးပါရေ။

အိမ်ထဲကို ဝင်လိုက်ရေမှာ အိမ်လယ်တိုင်မှာ ထွန်းထားရေ မှန်အိမ် အလင်းရောင်နန့် အိမ်ရှိခန်း အလယ်တည့်တည့်မှာ ကဒင်တလုံး ချထားစွာကို တွိလိုက်ရပါရေ။ ပန်းရောင် ဇာခြင်ထောင်ထဲမှာတော့ ကလိမ့်မေချေ တယောက် မလှုပ်မယက် အိပ်နိန်စွာကို တွိရပါရေ။ အခင်ကြီး အိပ်ယာ၊ ခေါင်းအုံးတိ ယူနိန်ရေ အချိန်မှာ ကိုသာဒိန် တယောက် ယင်းကလိမ့်မေချေကို တခေါက်နခေါက် ခိုးကြည့်မိရေမှာ ကြက်သိမ့်တိတောင် ထလားပါရေ။

ယင်းကလိမ့်မေချေက ကြည့်လီလှလီပါ။ အားမလို အားမရ ဖြစ်လာပနာ အနားလားကြည့်ချင်စိတ်တောင် မနည်းပေါက်လာပါရေ။ နတ်သမီးချေ တပါးပိုင် ကျက်သရေ ရှိရှိ အိပ်နိန်ပါရေ။

ယကေလည်း ကတိ ပီးထားရေအတိုင်း ကလိမ့်မေချေ မနှိုးအောင် နိန်ပနာ၊ ပီးလာရေ အိပ်ယာနန့် ကလိမ့်မေချေ မျက်နှာကို မြင်ရရေ နိန်ရာမှာ နိန်ရာ ချယင်း တစိမ့်စိမ့်နန့် တညဉ့်လုံး ထိုင်ကြည့်နိန်မိပါရေ။ အခင်ကြီးက ကျောခိုင်းပနာ ကလိမ့်မေချေကို တညဉ့်လုံး ယပ်ခပ်ပီးနိန်ပါရေ။

မိုးလင်းခါ နီးမှ မှေးခနဲ အိပ်ပျော်လားပါရေ။ ယကေလည်း ကြာလိုက်ပုံ မရ။ အပြင်က လူတိ ဆဆူညညံနန့် အိမ်ထဲကို ဝင်လာစွာနန့် ကိုသာဒိန် အိပ်ယာက ထလိုက်ရပါရေ။

ထူးဆန်းစွာက ဝင်လာရေ လူတိုင်း အိပ်နိန်ရေ ကလိမ့်မေချေ အနားကို ကပ်ပနာဇီ လားကြည့်ကတ်ပါရေ။ ယကေလည်း ယင်းကလိမ့်မေချေက မနိုးလာပါ။

ကိုသာဒိန်တောင် သဝန်တိုစိတ်တိ ဖြစ်လာပနာ ယင်းလူတိကို ဟန့်ဖို့ ရှိတိုး လိုက်ရေမှာ အိမ်ရှင်အခင်ကြီးက ကိုသာဒိန် ပက်ခုံးကို အသာချေ ဆွဲထားပါရေ။ အဗြီးကေ …

“အေး တူချေ။ ဗဂျီးကို ခွင့်လွတ်ပါ။ ညဇာက ဗဂျီး တယောက်တည်း ဇာလုပ်လို့ ဇာကိုင်ရမှန်း မသိ ဖြစ်နိန်ရေ အချိန်မှာ တူချေ ရောက်လာလို့ ကကောင်း ကျေးဇူးတင်ပါရေ။ အမှန်က တူချေ မရောက်ခင်ကပင် ဗဂျီး သမီးချေ ဆုံးလားခစွာပါ။ တူချေက တညဉ့်လုံး မအိပ်ဘဲ ဗဂျီးသမီးချေ အသုဘကို လာစောင့်ပီးရေအတွက်နန့် ကကောင်း ကျေးဇူးတင်ပါရေ။” လို့ တလုံးချင်းဇီ ပြောလာပါရေ။

ကိုသာဒိန် နားထဲမှာတော့ ကြား တချက်၊ မကြား တချက်ပါ။ မိုးဂေါင်းခင်ကြီး တခုလုံး ပြိုကျလားရေပိုင်ပါ။

သြော် ပထမဆုံး မြင် မြင်ချင်း ချစ်မိရေ ဆိုခါမှ ….

 

စံဂိုးအောင်