ရီအိုးပေါက်

ရီအိုးကွဲ
ရီအိုးကွဲ

ရီထမ်းသယ်မ တယောက်စွာ အိုးခွက် နှစ်လုံးကို ဘားထမ်းနန့် ထမ်းပနာဇီ ရီခပ်လေ့ရှိရေ။

ရီအိုးနှစ်လုံးမှာ တလုံးက လုံးဝ အပြစ်အနာအဆာ မရှိကေလည်း၊ ကျန်တလုံးက အက်ရာ ပေါ်ပနာ တလမ်းလုံးမှာ တစက်စက်နန့် ရီယိုနိန်လေ့ရှိရေ။

ယင်းပိုင်နန့် နိန့်တိုင်း ရီထမ်းသယ်မမှာ ရီကန်ကနိန် အိမ်ကို ရောက်တိုင်း ရီ တအိုးနန့်တဝက်စီရာ ကျန်လေ့ရှိစွာ၂ နှစ်လောက် ကြာလားရေ။

အပြစ်အနာအဆာ မရှိရေ ရီအိုးက နိန့်တိုင်း ဝင့်ကြွားနိန်ကေလည်း၊ ရီ တဝက်စီရာ ကျန်ရေ ရီအိုးက နိန့်တိုင်း မျက်နှာငယ်ချေနန့်ရာ နိန်ရလေ့ရှိရေ။

နောက်ဆုံးမှာ ရီအိုးပေါက်က မအောင့်အဲနိုင်ဘဲ ရီထမ်းသယ်မကို … “သခင်မ၊ နိန့်တိုင်း အေပိုင် ရီတဝက်ဇီရာ ပါအောင် ခပ်နိုင်ရေအတွက်နန့် အကျွန် ကကောင်း ရှက်မိပါရေ။” လို့ ပြောလိုက်တေ။

ယင်းပိုင်ပြောစွာကို ကြားရေခါ ရီထမ်းသယ်မက ပြုံးလိုက်ဗြီးကေ “အဆွေ ရီအိုး၊ အဆွေ့ဖက်မှာ ပန်းပင်တိ အမြဲတမ်း ပန်းပွင့်နိန်ပနာ၊ ထိုဖက်ခြမ်းမှာ ပန်းပင်တိ တပင်လည်း မပေါက်စွာကို အဆွေ သတိထားမိယင့်လား။ အဆွေ့မှာ အပြစ်အနာဆာ ရှိစွာကို အကျွန် သတိထားမိပါရေ။ ယင်းအတွက်နန့်လည်း အဆွေ ရီယိုရေ လမ်းတလျောက်မှာ အကျွန် ပန်းစိတိ ကြဲထားခပါရေ။ ယင်းပန်းစိတိကနိန် ပန်းပင်တိပေါက်ပနာ ပန်းပွင့်တိ မပြတ်ပွင့်လာရေ။ ယင်းပန်းပွင့်တိကို အကျွန်အပါအဝင် အကျွန့် အိမ်နီးနားချင်းတိက နိန့်တိုင်း ဘုရားမှာ ကပ်လှူနိုင်ကတ်စွာ အဆွေ့ အားနည်းချက်က ရလာရေ ရလာဒ်ကောင်း ဖြစ်တေ။ အေပိုင် ပတ်ဝန်းကျင်က လူတိ စိတ်ကို အီးမြဇီရေအတွက်နန့် အကျွန်ရို့ကတောင် အဆွေ့ကို ကျေးဇူးတင်ရဖို့သိမ့်။” လို့ ပြောလိုက်ပါရေ။

မိတ်ဆွေ၊ လူတိုင်း လူတိုင်းမှာ အပြစ်အနာအဆာ ရှိတတ်ကတ်ပါရေ။ ယင်းအပြစ်အနာတိကလည်း အကျွန်ရို့ နိန့်တဓူဝ ဘဝတိကို ပိုလို့ လှပအောင်၊ ပိုလို့ စိတ်ဝင်စားစရာ ကောင်းအောင် ပြုပြင်မွမ်းမံထားတတ်ပါရေ။

အပြစ်အနာအဆာတိကို လက်ညိုးထိုး အပြစ်မတင်နိန်ကတ်ဘဲ၊ ကောင်းစွာချေတိကို ရွီးထုတ်ပနာ ချီးမွမ်းလားကတ်ပါမေ။

အေနိန့်ကစပနာ အကျွန် အပါအဝင် ရီအိုးပေါက် သငယ်ချင်းတိ အားလုံး၊ ဘဝအမောကို အပြုံးတိ ဖြန်းပနာ လျှောက်လှမ်းလားကတ်ပါမေ။

 

ကျော်ဝင်းခိုင်