ဖေ့သာ

0
1575
ဖေ့သာ
dollar stacks

ဖေ့သာကို လူတိုင်း မက်မောကတ်တေ။ လိုချင်ကတ်တေ။ ယကေလည်း ဖေ့သာရှာနည်း၊ ချမ်းသာဖို့နည်းကို လေ့လာလိုက်စားကတ်တေ လူ နည်းရေ။

လူအများစုက ပညာကို အလေးထား ကုန်းရုန်းသင်ကတ်တေ။ ပညာရေးမှာ ရင်းနှီးမြှပ်နှံကတ်တေ။ ပညာတတ်ကေ ချမ်းသာလာဖို့လို့ ထင်လို့။

ပညာရပ်အများကြီးစွာ ချမ်းသာဖို့ ဖေ့သာရှာနည်းကို သင်ပီးစွာ မဟုတ်။ ဘာသာရပ်၊ ပညာရပ် တခုခုကို တတ်သိ၊ ကျွမ်းကျင်လာအောင် အလေးထား သင်ပီးစွာရာ ဖြစ်တေ။ ပင်စင်ယူပြီးချိန်တောင် တက္ကသိုလ်တက်ခရေအကြွီးကို အကျီ မဆပ်နိုင်ရေ အမေရိကန်နိုင်ငံသားတိ သိန်းချီ ရှိနိန်ရေ။ အေချင့်ကို ကြည့်ကေ ပညာတတ်စွာရေ ချမ်းသာစွာနန့် တိုက်ရိုက် အချိုးမကျ ဆိုစွာကို သတိထားဖို့ လိုရေ။

ပညာ ပိုတတ်ကေ ဝင်ငွေ ပိုကောင်းလာစွာရာ ရှိဖို့။ ဝင်ငွေ ပိုကောင်းလာတိုင်း ချမ်းသာလားစွာတော့ မဟုတ်။

ချမ်းသာစွာက ဖေ့သာရှာနည်းကို လိုက်စားစွာ ဖြစ်ပနာ၊ ပညာသင်စွာက ဘာသာရပ်၊ ပညာရပ် တခုခုကို တတ်သိကျွမ်းကျင်လာအောင် အလေးထား လိုက်စားစွာရာ ဖြစ်ရေ။

ချမ်းသာဖို့ နည်းကို ချမ်းသာပြီးသား လူတိဘားက သင်ယူမှရာ လက်တွိကျဖို့။ ဘာသာရပ်၊ ပညာရပ် ပါရဂူတိဘားက သင်ယူလို့ မရနိုင်။

ယင်းအတွက်နန့် ဖေ့သာချမ်းသာရေ လူတိ အတွေးကို တတ်နိုင်သလောက် မျှဝီပီးပါမေ။ ကိုယ် ကိုယ်တိုင် လိုက်စားရင်း မျှဝီပီးစွာရာ ဖြစ်တေ။ ကိုယ့် ညီချေ၊ နှမချေရို့ နောက်ကျ မကျန်ခအောင်လို့။

သဌေးကြီး “ဝါရမ်း ဘားဖတ်” က ပြောရေ

၁) “ဖေ့သာဝင်ပေါက် တပေါက်တည်းကို တခါလည်း မမှီခိုလီကဲ့” လတ်။

ကိုယ့်လက် ကိုယ့်ခြီနန့် လုပ်နိန်ရေ အလုပ်တခုတည်းက ဝင်ငွေနန့် ချမ်းသာဖို့ မလွယ်လို့ ပြောချင်စွာ။ ယကေ “ဖေ့သာ ဝင်ပေါက် အများကြီးကို ဖွင့်ထားမှရာ ချမ်းသာဖို့” လို့ ဆိုလိုရေ။

“သဌေး ပါပါ၊ ငမွဲ ပါပါ” စာအုပ်ကို ရွီးရေ သဌေးကြီး “ရောဘတ် ကီယိုဆာကီ” က ပြောရေ

၁) “ဖေ့သာအတွက် မင်း အလုပ် မလုပ်ကဲ့။ ဖေ့သာကိုရာ မင်းအတွက် အလုပ် လုပ်ခိုင်း” လတ်။ အေချင့်က ကိုယ့်လက်ကိုယ့်ခြီနန့် လုပ်လို့ ရရေ ဝင်ငွေထက်၊ ဖေ့သာကို စနစ်တကျ စီမံပနာ ကိုယ့်ဘားကို စီးဆင်းလာအောင် လုပ်တတ်ဖို့ လိုရေလို့ ပြောစွာ။ ဥပမာ – အိမ်၊ ခြံ၊ မြေ မှာ ရင်းနှီးထားစွာမျိုး

၂) လူတိုင်းမှာ တခုတည်းနန့် အင်အားအကြီးဆုံး ရင်းနှီးမြှပ်နှံနိုင်စွာက “စိတ်”။ “စိတ်” ကို လေ့ကျင့်ပီးလီ၊ စိတ်က ချမ်းသာအောင် ဖန်တီးပီးလာလီ။

၃) ချမ်းသာချင်လား။ ဖေ့သာနန့် ပတ်သတ်ပြီးကေ စနစ်တကျ လေ့လာသိထားဖို့ လိုရေ။

၄) ရှရှင်းပြောရကေ လူအများကြီး မချမ်းသာကတ်။ ဇာဖြစ်လို့ဆိုကေ ရှိမှာ ရောက်နိန်စွာကိုတောင် အခွင့်အလမ်းမှန်းလို့ သိအောင် စနစ်တကျ မလေ့ကျင့်ထားကတ်လို့။

၅) မင်းဘဝစွာ မင်းရွီးချယ်ထားစွာတိ ရလာဒ် ပါ။ မင်းဘဝကို မင်း မကြိုက်ဆိုကေတော့ခါ၊ မင်းအတွက် အဂုအချိန်မှာ ရွီးချယ်မှုအသစ်တိ လုပ်ရဖို့။

၆) မင်း အနာဂတ်စွာ မင်း အေနိန့် လုပ်နိန်စွာတိ ရလာဒ် ဖြစ်တေ။ နက်ဖြန် လုပ်ဖို့စွာတိ မဟုတ်။ “ကိုယ့်စွာကို ပြောင်းလဲပစ်ဖို့လိုရေ” ဆိုစွာလောက်ကို သိနိန်ရုံလောက်နန့် အလုပ် မဖြစ်။ ပြောင်းလဲဝံ့ရေ သတိ္တလည်း ရှိထားဖို့ လိုရေ။

၇) မင်း တနိန်ရာကို ရောက်ချင်လာ။ ယင်းနိန်ရာကို ရောက်ပြီးသား လူတယောက်ယောက်ကို ရှာပနာ မီးလိုက်စွာက အကောင်းဆုံး

နောက်ဆက်ပီးပါမေ ….