အများနန့် ဆက်ဆံရေခါ

1
1853
အများနန့် ဆက်ဆံရေခါ
အများနန့် ဆက်ဆံရေခါ

“ရခိုင်ဘုရင့်နိုင်ငံ” ဆိုပနာ နှစ်ပေါင်း ၅၀၀၀ ကျော် ကိုယ့်စွာကိုယ် ရပ်တည်ခရေ နိုင်ငံတနိုင်ငံနန့် ယင်းနိုင်ငံက လူမျိုးတမျိုး နလန်မထူနိုင်အောင် ဖြစ်လားရရေ အကြောင်းရင်းတိ အများကြီး ရှိပါရေ။

ယင်းလူမျိုးထဲမှာ ပါရေ အကျွန်စွာ ကျန်လူ အများကြီးကို မတ်တပ် မထူပီးနိုင်ကေလည်း ကိုယ့်စွာကို မတ်တပ် ထနိုင်အောင်တော့ခါ အမြဲတမ်း ကျင့်ကြံပါရေ။

ယင်းပိုင် ကျင့်ကြံရေ အခါမှာ အေအချက်ချေတိကို သတိထား ပြောင်းလဲနိုင်ဖို့ ကြိုးစားပါရေ။

  • အများနန့် ဆိုင်ရေ ကိစ္စတိမှာ ကိုယ့်အရည်အချင်းကို ကိုယ် သိအောင် အမြဲတမ်း လုပ်ပါရေ။
  • ကိုယ် အကြောင်းအရာတခုခုမှာ ထူးချွန်စွာရေ နိန်ရာတိုင်းမှာ ထူးချွန်စွာ မဟုတ်မှန်း၊ ကိုယ့်စွာကိုယ် အမြဲတမ်း သတိထားမိအောင် ကျင့်ကြံပါရေ။
  • “ကိုယ်တွင်းဖြစ် အတွေး” ထက် “သက်ဆိုင်ရေ အချက်အလက် အများကြီးကို စုဆောင်း လေ့လာဗြီးမှ၊ ပြောဆို၊ ဆွေးနွေးရေ အလေ့အကျင့်ကို မွီးမြူပါရေ။
  • တဖက်လူ အရည်အချင်းကို အယင်သိအောင် ကြိုးစားပါရေ။ လိုအပ်ကေ “ငါ” စိတ်ကို ချော့ချပါရေ။
  • လူအများစုကို မဟုတ်မမှန်ရေ လမ်းကြောင်းထက်ကို ပင့်တင်ပီးရေ လူတိကို တွိကေ မဟုတ်မမှန်လို့ အများရှိမှာ ပြတ်ပြတ်သားသား ပြောဝံ့ရေ သတ္တိကို မွီးပါရေ။
  • လူမျိုးအတွက် အနစ်နာခံတတ်တေ စိတ်ကို အမြဲတမ်း မွီးမြူပါရေ။
  • ကိုယ့်ထက် တော်ရေ၊ တတ်တေ လူကို တွိကေ နိန်ရာ ပီးတတ်ဖို့ လေ့ကျင့်ပါရေ။
  • လုပ်ရပ် နန့် လူပုဂ္ဂိုလ်ကို ခွဲခြားပနာ လုပ်ရပ်ကို ကဲ့ရဲ့ကေလည်း လူပုဂ္ဂိုလ်ကို အပြစ် မမြင်တတ်ဖို့ လေ့ကျင့်ပါရေ။
  • လူတယောက်၊ လူတစုက ဆန့်ကျင်စွာ၊ သဘောထား မတူစွာလောက်နန့် လူမျိုးတမျိုးလုံးကို မျက်နှာ မလွှဲမိဖို့ အမြဲတမ်း သတိထားပါရေ။
  • အများသဘောထားကို လက်ခံဖို့ ကြိုးစားရေပိုင်၊ အများ လမ်းမှားကေလည်း လမ်းမှားကြောင်း ပြောဖို့ ဝန်မလီးအောင် သတ္တိမွီးပါရေ။
  • ကိုယ့်လူမျိုးတိမှာ ရှိရေ ကောင်းရေ အကျင့်စရိုက်တိကို ချီးမွမ်းရေ၊ ကာကွယ်ရေပိုင်၊ မကောင်းရေ အားနည်းချက်တိကိုလည်း အများ သိအောင်၊ ပြုပြင်နိုင်အောင် လုပ်ပါရေ။
  • အများကြီး နားထောင်ဗြီးကေ၊ အနည်းချေ ပြောရေ စရိုက်ကို လုပ်ယူပါရေ။
  • ကိုယ့်လုပ်ရပ်ကို ကိုယ့်စွာကို မှတ်တမ်း မတင်မိအောင် ကြိုးစားပါရေ။
  • အသိအမှတ်ပြု ခံချင်လို့ လုပ်တေ လုပ်ရပ်မျိုးကို လုံးဝ ရှောင်လွှဲပါရေ။
  • အပီးကိုရာ အခြေခံပနာ၊ အယူ ကိစ္စမျိုးကို တတ်နိုင်သလောက် ရှောင်ပါရေ။
  • အပြောထက်၊ အလုပ်ကိုရာ ပိုလုပ်ပါရေ။
  • ကိုယ် သိစွာကို ဝှက်ထားတတ်တေ အကျင့်ကို ဖျောက်ပနာ၊ တတ်နိုင်သလောက် မျှဝီပီးဖို့ ကြိုးစားပါရေ။

လူမျိုးတမျိုး ထိပ်တန်းကို ရောက်ဖို့ မျိုးဆက်တဆက် အနစ်နာ ခံရပါရေ။ ယင်းမျိုးဆက်ထဲမှာ ကိုယ့် နာမေကိုတော့ ရာသက်ပန် သွင်းထားပါယင့်။

လူမျိုးတမျိုး၊ တိုင်းပြည်တပြည်ဆိုစွာ လူတယောက်ချင်းဇီနန့် ဖွဲ့စည်းထားစွာရာ ဖြစ်လို့၊ တယောက်ချင်းဇီ ပြောင်းလဲလားကေ၊ ယင်းလူမျိုး၊ ယင်းတိုင်းပြည် တခုလုံးလည်း ပြောင်းလဲလားပါရေ။ ထူးထူးခြားခြား လုပ်ရပ်တိနန့် ပြောင်းလဲစွာမျိုး မဟုတ်ပါ။

မိတ်ဆွေလည်း ကိုယ့်စွာကို နလန်ထူနိုင်ရေ လူတယောက် ဖြစ်နိုင်ပါစီ။

 

ကျော်ဝင်းခိုင်