အာရှတိုက်မှာ ဘီလီယံနာ သူဌေးတိ နှစ်ရက်မှာ တယောက်စီ ပေါ်နိန်

0
1599
အာရှတိုက်
အာရှတိုက်

ညဇာက ထွက်လာရေ UBS သုတေသန အစီရင်ခံစာ တခုမှာ အယင်နှစ်က ဒေါ်လာ ဘီလီယံ(သန်း တထောင်) ချမ်းသာရေ သူဌေးတိ စုစုပေါင်း ချမ်းသာသမျှစွာ ဒေါ်လာ ၆ ထရီလီယံ(သန်း တသန်း) အထိ မြင့်တက်လာပနာ အယင် တနှစ်ကထက် ၁၇% ပိုချမ်းသာလာကတ်ပါရေ။ ယင်းအထဲမှာမှ အာရှတိုက်က ဘီလီယံနာတိ အရေအတွက်စွာ ပြိုင်ဖက် အမေရီကန်ပြည်ထောင်စုက ဘီလီယံနာတိ အရေအတွက်ကို ပထမဆုံးအကြိမ် ကျော်လွန်လားဗျာလ်လို့ ဆိုပါရေ။

ပျမ်းမျှ အာရှတိုက်မှာ ဘီလီယံနာတိစွာ နှစ်ရက်မှာ တယောက်ကျစီ အသစ် ထွက်ပေါ်လာနိန်ပနာ၊ အယင်နှစ်က အရေအတွက်ထက် လေးပုံတပုံလောက် ထပ်တိုးလာဗြီးကေ၊ စုစုပေါင်း ဘီလီယံနာ ၆၃၇ ယောက်ထိ တိုးတက်လာပါရေ။ အေအချိန်မှာ အမေရီကန်ပြည်ထောင်စုမှာ စုစုပေါင်း ဘီလီယံနာ ၅၆၃ ယောက်ရာ ရှိနိန်ပါသိမ့်ရေ။

အယင်နှစ်က အာရှတိုက်က ဘီလီယံနာတိ စုစုပေါင်း ချမ်းသာသမျှစွာ သုံးပုံတပုံ ထပ်တိုးလာပနာ ဒေါ်လာ ၁.၅ ထရီလီယံကနိန် ဒေါ်လာ ၂ ထရီလီယံထိ ရောက်လာပါရေ။ ယကေလည်း အမေရီကန်ပြည်ထောင်စုက ဘီလီယံနာတိ စုစုပေါင်း ချမ်းသာသမျှစွာ ဒေါ်လာ ၂.၄ ထရီလီယံကနိန် ဒေါ်လာ ၂.၈ ထရီလီယံအတွင်း ရှိနိန်ရေအတွက် တိုက်အလိုက် ကြည့်ဖို့ဆိုကေတော့ခါ အမေရီကန်ပြည်ထောင်စုစွာ ထိပ်ဆုံးမှာ ရှိနိန်ပါသိမ့်ရေ။

ဥရောပတိုက်က ဘီလီယံနာတိ စုစုပေါင်း ချမ်းသာသမျှစွာ အယင်နှစ်က ၅% ထပ်တိုးလာပနာ ဒေါ်လာ ၁.၃ ထရီလီယံထိ ရောက်လာပါရေ။ အယင်နှစ်က ဥရောပတိုက်မှာ ဘီလီယံနာ အသစ် ၂၄ ယောက် ထပ်ပေါ်လာပနာ၊ ဘီလီယံနာ အယောင်း ၂၁ ယောက်က ဘီလီယံနာ စရင်းထဲက ပြုတ်လားပါရေ။

အေနှုန်းအတိုင်းရာ လားနိန်ဖို့ဆိုကေ အာရှတိုက်က ဘီလီယံနာတိ စုစုပေါင်း ချမ်းသာသမျှစွာ အမေရီကန်ပြည်ထောင်စုက ဘီလီယံနာတိ စုစုပေါင်း ချမ်းသာသမျှကို လေးနှစ်အတွင်း ကျော်တက်လားဖို့လို့ ပြောပါရေ။

 

ကျော်ဝင်းခိုင်

ကိုးကား – https://www.rt.com/business/407939-billionaire-every-two-days-asia/