စပိန် နန့် ကာတာလိုနီးယား – ခွဲဖို့လား၊ တွဲဖို့လား

0
1616
ကာတာလန်
၂၀၁၇ အောက်တိုဘာလ ၂၇ ရက်နိန့်မှာ လွတ်လပ်ရေး ကြေငြာလိုက်တေအတွက်နန့် ကာတာလန်တိ ပျော်နိန်ရေပုံ

နှစ်ပေါင်းများစွာ လျှိုဝင်နိန်ရေ စပိန်နိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာတာလိုနီးယားဒေသစွာ အောင်တိုဘာ ၁ ရက်နိန့်မှာ စပိန်နိုင်ငံထဲက ခွဲထွက်ပနာ လွတ်လပ်ရေး ယူသင့်၊ မယူသင့် ဆန္ဒမဲကောက်ခံဖို့လို့ ကာတာလိုနီးယားဒေသ လွှတ်တော်က ကြေငြာလိုက်စွာနန့် ကဗာ့နိုင်ငံရေး ကြေးမုံထက်ကို ချက်ချင်း ထင်ထင်ပေါ်ပေါ် ရောက်လာပါရေ။ စပိန်ဘောလုံးအသင်း ဘာစီလိုနာကို လူသိ များသလောက်  ကာတာလိုနီးယားဒေသကို လူတိ မသိကတ်ပါ။ ယင်းအတွက်နန့် ကာတာလိုနီးယားဒေသ အကြောင်းကို တစိချေ လေ့လာကြည့်ကတ်ပါမေ။

ကာတာလိုနီးယား
ကာတာလိုနီးယား အလံ

ကာတာလိုနီးယားဒေသစွာ အဲလ်ဘာရီးယန်းကျွန်းဆွယ် အရှိမြောက်ဖက် အစွန်ဆုံးမှာ တည်ရှိပါရေ။ ၈ ရာစုနှောင်းပိုင်းမှာ မူဆလင်တိ ကျူးကျော်စွာကို ကာကွယ်ဖို့ ဂေါ်သီယာဒေသနန့် ဟေစပန်နဲ့စ်ဒေသရို့ ပူးပေါင်းပနာ ဖရန့်ကဲ့စ်ဘုရင့်နိုင်ငံ ဖြစ်လာပါရေ။ နောက်ပိုင်းမှာ ဘာစီလိုနာဒေသ၊ ကာတာလိုနီးယား လို့တွင်လာပါရေ။ အေဒီ ၁၁၃၇ ခုနှစ်မှာ ကာတာလိုနီးယားနန့် အာရာဂွန်ဘုရင့်နိုင်ငံရို့ ပူးပေါင်းကတ်ပနာ အာရာဂွန်ရီတပ်အားကိုးနန့် မတ်ဒီတာရီးယန်းတခွင် ကကောင်း သြဇာကြီးမားခပါရေ။ အလယ်ပိုင်းနှစ်တိမှာ ကာတာလိုနီးယားစာပီ ထွန်းကားလာပါရေ။ ၁၄၆၉ ခုနှစ်ကနိန် ၁၅၁၆ ခုနှစ်ထိ အာရာဂွန်ဘုရင်နန့် ကတ်စတီလီဘုရင်မရို့ လက်ထပ်ထိမ်းမြှားပနာ တိုင်းပြည်နှစ်ပြည်ကို အတူတူ အုပ်ချုပ်ခကတ်ပါရေ။

ပြင်သစ် – စပိန် စစ် (၁၆၃၅ – ၁၆၅၉) အတွင်း ကာတာလိုနီးယားက စပိန်ဘုရင့်တပ်မတော်ကို (၁၆၄၀ – ၁၆၅၂) ပုန်ကန်ပနာ ပြင်သစ်အကာအကွယ်နန့် ကိုယ်ပိုင်နိုင်ငံ ဖြစ်လာပါရေ။ မကြာခင် ပြင်သစ်က ကာတာလိုနီးယားကို သိမ်းယူလိုက်ပါရေ။ နောက်ပိုင်းမှာ စပိန်ကတခါ ပြန်သိမ်းယူလိုက်ပြန်ပနာ ကာတာလန် စာပီနန့် ကာတာလန် ဘာသာစကားကိုလည်း စပိန် စာပီ၊ စပိန် ဘာသာစကားနန့် အစားထိုးလိုက်ပါရေ။

၁၉ ရာစုမှာ ကာတာလန်တိစွာ နပိုလီယန်နန့် ကားလဲ့စ် စစ်ပွဲတိ ဒဏ်ကို အကြိမ်ကြိမ်ခံခရပါရေ။ ၁၉ ရာစု အလယ်ပိုင်းတိမှာ ကာတာလိုနီးယားမှာ စက်မှု ကကောင်း ဖွံ့ဖြိုးလာပါရေ။ စက်မှုဖွံ့ဖြိုးမှုနန့်အတူ ယဉ်ကျေးမှုနန့် အမျိုးသားရေးလည်း ပြန်ပနာ ထွန်းကားလာပါရေ။ ၁၉၁၄ ခုနှစ်မှာ ကာတာလိုနီးယားဒေသ လေးခု ပူးပေါင်းပနာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာပါရေ။ စပိန်ပြည်တွင်းစစ် အပြီးမှာ ဖရန့်ကို အာဏာရှင် အစိုးရက အတင်းအဓမ္မ ဖိနှိပ်ပနာ ကာတာလန် ဘာသာစကားနန့် တရားဝင် ရွီးသားသင်ကြားမှုတိကို ပိတ်ပင်ပလိုက်ပြန်ပါရေ။ ၁၉၅၀ ခုနှစ်ကနိန် ၁၉၇၀ ခုနှစ်တိအတွင်း ကာတာလိုနီးယားစွာ စီးပွားရေး ကကောင်း ဖွံ့ဖြိုးလာပနာ ဘာစီလိုနာမြို့စွာ စက်မှုမြို့တော်ဖြစ်လာပနာ စပိန်နိုင်ငံတဝန်းလုံးက အလုပ်သမားတိနန့် ဥရောပတခွင်က လူတိ အနားယူ အပန်းဖြေရာ ဒေသ ဖြစ်လာပါရေ။ စပိန်နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေ ကာလ (၁၉၇၅ – ၁၉၈၂) မှာ ကာတာလိုနီးယားစွာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပြန်ရလာပနာ ပညာရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနန့် ယဉ်ကျေးမှုနန့် သက်ဆိုင်စွာတိမှာ စပိန်နိုင်ငံထဲမှာ ထိပ်ဆုံးအဆင့်ကို ရောက်လာပါရေ။

၂၀၁၇ ခုနှစ်၊ အောင်တိုဘာ ၁ ရက်နိန့်မှာ စပိန်နိုင်ငံထဲက ခွဲထွက်ပနာ လွတ်လပ်ရေး ယူသင့်၊ မယူသင့် ဆန္ဒမဲကောက်ခံဖို့လို့ ကာတာလိုနီးယားဒေသ လွှတ်တော်က ကြေငြာလိုက်စွာနန့် စပိန်ဗဟိုအစိုးရက ဆန္ဒမဲကောက်ခံစွာကို လုံးဝ အသိအမှတ် မပြုလို့ ချက်ချင်း ကြေငြာခပါရေ။ အောက်တိုဘာလ ၁ ရက်နိန့် မတိုင်ခင်ကပင် ဆန္ဒမဲ မကောက်ခံနိုင်အောင် စပိန်ဗဟိုအစိုးရက နည်းမျိုးစုံနန့် တားဆီးခပါရေ။ ယကေလည်း ကာတာလိုနီးယားဒေသ လွှတ်တော်က ဆန္ဒမဲကို မရအရ ကောက်ဖြစ်အောင် ကြိုးစားရေခါ စပိန်ဗဟိုအစိုးရက အကြမ်းဖက်နှိမ်နှင်းရေး ရဲတိကို လွှတ်ပနာ အကြမ်းဖက် တားဆီးခပါရေ။ ယင်းပိုင် တားဆီးရေ ကြားထဲက ကာတာလန်တိစွာ ဆန္ဒမဲကို မရ ရအောင် ပီးခကတ်ပါရေ။ မဲပီးနိုင်ရေ ဦးရေ စုစုပေါင်းထဲက ၄၃.၀၃% ကိုရာ ကောက်ခံနိုင်ခပါရေ။ ၉၁.၉၆% ရှိရေ ကာတာလန် ၂ သန်းကျော်က စပိန်နိုင်ငံထဲက ခွဲထွက်ဖို့လို့ ဆုံးဖြတ်လိုက်ကတ်ပနာ၊ ၁ သိန်း ၇ သောင်းကျော်က မခွဲထွက်လို့ ဆုံးဖြတ်ခကတ်ပါရေ။

အယင် တရက်ကထိ ကာတာလိုနီးယားဒေသစွာ စပိန်ဘုရင့်နိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုပါ။ ယကေလည်း ကာတာလိုနီးယားလွှတ်တော်က ညဇာက (အောက်တိုဘာလ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်) ကာတာလိုနီးယား လွှတ်လပ်ရေးကို တရားဝင် ကြေငြာလိုက်တေအတွက်နန့် ကာတာလိုနီးယားစွာ ပြည်သူ့သမ္မတနိုင်ငံ ဖြစ်လာဖို့ အလားအလာ ရှိနိန်ပါရေ။ ယကေလည်း စပိန်ဗဟိုအစိုးရက လက်မခံဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပီးထားစွာကိုတောင် ညဇာက ပြန်ရုပ်သိမ်းလိုက်ပနာ စပိန်ဗဟိုအစိုးရက တိုက်ရိုက် အုပ်ချုပ်လားဖို့ ပြင်ဆင်နိန်ပါရေ။

အေရက်ပိုင်းအတွင်းမှာ ကာတာလိုနီးယား အခြေအနေ ဇာပိုင် ပြောင်းလဲလာဖို့လဲဆိုစွာကို စိတ်ဝင်တစား ဆက်ပနာ လေ့လာကြည့်ကတ်ပါမေ။ အောက်မှာ နောက်ဆုံးရ သတင်းတိကို ဆက်တိုက် တင်ပြပီးပါမေ။

၂၀၁၇ ခုနှစ် အောင်တိုဘာလ ၂၈ ရက် – စပိန်အစိုးရက ဖြုတ်ချခံလိုက်ရရေ ကာတာလန် သမ္မတက စပိန်နိုင်ငံက အတင်းအဓမ္မ အာဏာသိမ်းယူမှုကို ဆန့်ကျင်ရေ အနိန်နန့် “ငြိမ်းချမ်းရေ အသွင်နန့် စပိန်အစိုးရကို တွန်းလှန်ကတ်ပါ” လို့ ကာတာလန်ပြည်သူတိကို တိုက်တွန်းလိုက်ပါရေ။

၂၀၁၇ ခုနှစ် အောင်တိုဘာလ ၂၉ ရက် – ကာတာလန် ရဲချုပ် ဂျိုးဆပ် အဲလ်လူးဝပ်စ် ထရာပီရို ရာထူးက နုတ်ထွက်လားပါရေ။ သူ့ လုပ်ဖော်ကိုင်ဖက်တိကို မတ်ဒရိုက် က အသစ်ခန့်ထားရေ ရဲချုပ် အမိန့်ကို နာခံကတ်ဖို့ နှစ်မျက်နာ ရှိရေ နုတ်ထွက်စာမှာ ရွီးထားခပါရေ။

 

ကျော်ဝင်းခိုင်