ဥရောပမှာ လူမျိုးပေါင်းစုံ ရောမွီအောင် ဆိုးရို့စ် ကွန်ယက်က လုပ်နိန်ရေလို့ ဟန်ဂေရီ ဝန်ကြီးချုပ် စွပ်စွဲ

0
1663
ဥရောပ ကော်မရှင် ဥက္ကဌ ဂျင်ကာ နန့် ဟန်ဂေရီနိုင်ငံမွီး အမေရီကန် သူဌေးကြီး ဂျော့ချ် ဆိုးရို့စ်

ဟန်ဂေရီမွီး အမေရီကန် စီးပွားရေး လုပ်ငန်းရှင်ကြီး ဂျော့ချ် ဆိုးရို့စ် က လက်သတ်မွီးထားရေ ကွန်ယက်တခုက ဥရောပသမဂ ရုံးစိုက်တေ ဘရာ့ဆဲလ်မြို့မှာ ဥရောပအဖွဲ့အစည်းတိကို နည်းမျိုးစုံနန့် လွှမ်းမိုးဗြီးကေ ဒုက္ခသယ်တိ ဝင်လာအောင် လုပ်ဗျာလ် ဥရောပမှာ လူမျိုးပေါင်းစုံ ရောမွီလားအောင် လုပ်နိန်ရေလို့ ဟန်ဂေရီ ဝန်ကြီးချုပ်က စွပ်စွဲပြောဆိုလိုက်ပါရေ။

ဗစ်တာ အော်ဘန်
ဗစ်တာ အော်ဘန်

သောကြာနိန့်က Radio Kossuth နန့် တွိဆုံစွာမှာ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် က ဂျော့ချ် ဆိုးရို့စ် ကို “နိုင်ငံရေးမှာ နောက်လိုက် မွီးရေ သခင်ကြီး” လို့ သမုတ်ပနာ နောက်ထပ် တိုက်ခိုက်လိုက်စွာ တခုပါ။ ဥရောပ ပါလီမန်ထဲမှာ အမတ် ၂၀၀ ကျော်စွာ ဆိုးရို့စ် အင်ပါယာဝင် ဝါ မိတ်ဆွေတိ ဖြစ်တေလို့ ပြောပါရေ။ ပြည်သူ့ အရေး၊ တရားမျှတရေး၊ ပြည်တွင်းရေး အစရှိရေ ကော်မတီတိ အထဲမှာ ဟန်ဂေရီ လူမျိုးတိ အပါအဝင် ဆိုးရို့စ် နောက်လိုက်တိ အများကြီး ရှိနိန်ရေလို့ ဆိုပါရေ။ ဆိုးရို့စ် စွာ နိုင်ငံတကာမှာ အန်ဂျီအို အဖွဲ့အစည်းပေါင်း နှစ်ထောင်ကျော် ဖွင့်ထားပနာ သင်တန်း၊ ကောလိပ်၊ တက္ကသိုလ်တိ ဖွင့်ပနာ ပြည်သူတိ၊ လူငယ်တိကို သူ့အတွေးအခေါ်တိကို ဖြန့်ဝီဗျာလ် နောက်လိုက်တိ မွီးပနာ အစိုးရကို သူ့အလိုကျ ကြိုးကိုင်ရေ ဆရာကြီးလို့ စွပ်စွဲခံထားရပါရေ။ အော်ဘန် က ထောက်လှန်းရေးတိနန့် ဆိုးရို့စ် အင်ပါယာကို စနစ်တကျ ထောက်လှမ်းပနာ ပြည်သူကို ဖွင့်ချဖို့လို့ ဆိုပါရေ။

ဘီလီယံနာ သဌေးကြီး ဂျော့ချ် ဆိုးရို့စ် စွာ ဖေ့သာ အများကြီး အကုန်အကျ ခံဗျာလ် ဘရာ့ဆဲလ်မြို့မှာ စိတ်ဓါတ် စစ်ဆင်ရေး အမျိုးမျိုး လုပ်ပနာ “လူ အရောရော အနှောနှောနန့် မူဆလင်ကြီးစိုးရေ ဥရောပနိုင်ငံသစ်” ဖြစ်အောင် လုပ်နိန်ရေလို့ အော်ဘန်က အယင်လည်း စွပ်စွဲဖူးပါရေ။ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်ချ် မှာ ရှိရေ ဆိုးရို့စ် ထောင်ပီးထားရေ ဥရောပ အလယ်ပိုင်း တက္ကသိုလ် Central European University (CEU) နန့် ပတ်သတ်လို့လည်း တယောက်နန့် တယောက် အကြီးအကျယ် တိုက်ခိုက်ဖူးကတ်ပါရေ။ ဆိုးရို့စ် ကလည်း ဟန်ဂေရီနိုင်ငံကို မာဖီးယားနိုင်ငံလို့ သမုတ်ဖူးပါရေ။ ဆိုးရို့စ် တည်ထောင်ထားရေ အန်ဂျီအို အဖွဲ့အစည်းတိကို တိုက်ဖျက်ပနာ ဟန်ဂေရီက မောင်းထုတ်နိန်ရေလို့လည်း အော်ဘန်က ဆိုပါရေ။

ဥရောပကော်မရှင်ကလည်း ဟန်ဂေရီမှာ ပြဌာန်းထားရေ အန်ဂျီအို ဆန့်ကျင်ရေး ဥပဒေတိစွာ ဥရောပစည်းမျဉ်းတိနန့် မကိုက်ညီလို့ ဥပဒေအရ အရေးယူဖို့ ပြင်ဆင်နိန်ရေလို့ ပြောပါရေ။

 

ကျော်ဝင်းခိုင်