လူ့ကျင့်ဝတ် နန့် ကိုယ်ကျင့်တရားကို ပယ်ပလိုက်စွာက နြူးကလီးယားဗုံးထက် ပိုကြောက်ဖို့ ကောင်းရေ – ပူတင်

0
1823
ရာရှားသမ္မတ ပူတင်
ရာရှားသမ္မတ ပူတင်

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၁ ရက် – ရာရှားနိုင်ငံ ဆိုချီမြို့မှာ ကျင်းပနိန်ရေ “၁၉ ကြိမ်မြောက် ကဗာ့ လူငယ် နန့် ကျောင်းသား ပွဲတော်” ကို တက်ရောက် လာကတ်တေ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်တိနန့် တွိဆုံစွာမှာ ရာရှားသမ္မတ ပူတင် က “ကဗာကြီးစွာ လူကျင့်ဝတ်နန့် ကိုယ်ကျင့်တရားကို တန်ဖိုး မထားရေ အဆင့်သစ် တခုကို လှမ်းတက်နိန်ပါရေ။ အေချင့်က နြူးကလီးယားဗုံးထက် ပိုပနာ ကြောက်ဖို့ကောင်းရေ။” လို့ ပြောလိုက်ပါရေ။

“ကဗာကြီးစွာ ကကောင်း မကြာခင် အချိန်တခုမှာ ကကောင်း အရေးကြီးပနာ ကြောက်ဖို့ကောင်းရေ ကာလတခုကို ဖြတ်လားဖို့ ပြင်နိန်ရေလို့ လက်ရှိ တွိနိန်ရရေ အထောက်အထားတိကို ကြည့်ပနာ ပြောနိုင်ပါရေ။ အေဟင့်က နြူးကလီးယားဗုံးထက် ပိုကြောက်ဖို့ ကောင်းပါရေ။ ယင်းအတွက်နန့် ကျွန်တော်ရို့ ဇာကိုပင် လုပ်လုပ်၊ လူ့ကျင့်ဝတ်နန့် ကိုယ်ကျင့်တရားကို မမိကတ်ဖို့ အရေးကြီးပါရေ။”

“ကျွန်တော်ရို့ လုပ်သမျှစွာ လူသားတိအတွက် အကျိုးရှိဖို့ အရေးကြီးပါရေ။ လူသားတိကို မြှင့်တင်ပီးစွာရာ ဖြစ်သင့်ပါရေ။ လူသားတိကို မဖျက်ဆီးကတ်ပါကဲ့။”

“ဥပမာ မျိုးရိုးဗီဇ အင်ဂျင်နီယာဗေဒကို လေ့လာကြည့်ကေ လူတိမှာ ရှိနိန်ရေ နာတာရှည်ရောဂါ ဖြစ်နိုင်ရေ ဗီဇကုဒ်တိကို ပြောင်းလဲပလိုက်စွာက ကကောင်း ကောင်းပါရေ။ ယကေလည်း တခြား ပြောင်းလဲပလိုက်ဖို့ ကြိုးစားနိန်စွာတိလည်း ရှိပါရေ။ လူတိ “ဘုရား” ကို သဘာဝအလျှောက် လက်ခံစွာကနိန် လူတိက မျိုးရိုးဗီဇကုဒ်ကို ဖန်တီးပနာ “ဘုရား” ကို လက်ခံအောင် လုပ်စွာမျိုးပါ။”

“လူတယောက် မွီးလာရေ လောက်ကပင် ကြိုတင်ထည့်ထားရေ စရိုက်လက္ခဏာတိနန့် အသက်ရှင်လာကတ်ဖို့စွာက ကကောင်း မကြာခင် ရောက်လာပါဖို့ဗျာလ်။”

“ပါရမီရှင် သိပ္ပံပညာရှင်တိ၊ ဂီတပညာရှင်တိ ဖြစ်လာနိုင်ရေပိုင်၊ အကြောက်အလန့် မရှိ၊ နာကြင်စွာ မရှိ၊ နောင်တရစွာ မရှိ၊ လက်တရွံ့ရွံ့ ဖြစ်နိန်ရေ စစ်သားတိလည်း ဖြစ်လာနိုင်ပါရေ။”

“ယင်းအတွက်နန့် အဂု ၁၉ ကြိမ်မြောက် ကဗာ့ လူငယ်နန့် ကျောင်းသားပွဲတော် ကို တက်ရောက်လာကတ်တေ ကျောင်းသား၊ ကျောင်းသူ၊ လူငယ် သုံးသောင်းလောက်က အေအကြောင်းအရာတိကို နှလုံးသွင်းပနာ နောက်လာဖို့ အနာဂတ် စီမံကိန်းတိကို လုပ်ဆောင်လားကတ်လိမ့်မေလို့ မျှော်လင့်ပါရေ။” လို့  ရာရှားသမ္မတ ပူတင်က ပြောကြားလားပါရေ။

  • ကြုံလို့ တခု ပြောလိုက်ပါမေ။ နိုင်ငံတကာ အင်ဂျိုအိုတိ လုပ်နိန်ကတ်တေ စီမံကိန်းကို စနစ်တကျ လေ့လာကြည့်ကေ ဘုံ တူနိန်စွာကို တွိပါလိမ့်မေ။ “လူ့ အခွင့်အရေး၊ အမျိုးသမီး တန်းတူ အခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်၊ လူသားတိုင်း တန်းတူရေး …..” အစအစရှိရေ ခေါင်းစဉ်တိ အောက်မှ “လက်ရှိ ရှိနိန်ရေ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ တန်ဖိုးထားမှု၊ ယုံကြည်မှု … တိကို တစတစ ပြောင်းလဲပလိုက်ဖို့ ကြိုးစားစွာပါ။”  လူမျိုးတမျိုးမှာ ရှိနိန်ဗြီးသား ယုံကြည်မှုကို စွန့်လွှတ်ပလိုက်စွာရေ လူမျိုးကိုပါ စွန့်လွှတ်ပလိုက်စွာနန့် မခြားဆိုစွာကို သတိထားသင့်ပါရေ။

ကိုးကား – https://www.rt.com/news/407414-moral-ethical-values-putin-sochi/