ဘဲ့တ်ကွိုင်း Bitcoin ဆိုစွာ ဇာလဲ

0
1473
ဘဲ့တ်ကွိုင်း
ဘဲ့တ်ကွိုင်း

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁ ရက် – ညဇာက ၉ နှစ်သား ပြည့်ခရေ ဘဲ့တ်ကွိုင်း အကြောင်းကို တစိချေ ပြောပြပါမေ။

၂၀၀၈ ခုနှစ်မှာ အဂုထိ လူအစစ်ကို ရှာမရရေ “ဆာတိုရှီ နာကာမိုတို” ဆိုရေ လူတယောက်က ကင်ပျူတာ တလုံး နန့် တလုံး ချိတ်ဆက်ပနာ သုံးနိုင်ရေ အလတ်ထရွင်းနစ် ဒင်္ဂါး ဘဲ့တ်ကွိုင်းကို တီထွင်လိုက်ဗျာလ်လို့ ကြေငြာလိုက်ပါရေ။ စရေ စချင်းမှာ ဘဲ့တ်ကွိုင်းစွာ လုံးဝ တန်ဖိုး မရှိပါ။ ၂၀၁၀ ခုနှစ် မာ့ချ်လကို ရောက်မှရာ ဘဲ့တ်ကွိုင်း တခတ်စွာ ၀.၀၀၃ ဒေါ်လာ တန်လာပါရေ။ အေနိန့်ခါ တော့ခါ ဘဲ့တ်ကွိုင်း တခတ်စွာ ဒေါ်လာ ၆၀၀၀ ကျော် တန်လားပါဗျာလ်။ အေနိန့် ဘဲ့တ်ကွိုင်း စုစုပေါင်း စျီးကွက် တန်ဖိုးစွာ ကဗာကျော် Goldman Sachs ၊ Bayer ၊ UPS ရို့ကို ကျော်တက်လားပါဗျာလ်။ လွန်ခရေ ၉ နှစ်ကရာ ဘဲ့တ်ကွိုင်း ၁ ဒေါ်လာဖိုး ဝယ်ထားခဖို့ဆိုကေ အေနိန့်ခါ ယင်းလူစွာ ဒေါ်လာ ၂ သန်းကို ပိုင်ရေ လူတယောက် ဖြစ်နိန်ပါဗျာလ်။

ဘဲ့တ်ကွိုင်း မူလ ဇာတ်မြစ် အကြောင်းအရာကို bitcoin.org မှာ အဂုထိ ရှာကြည့်နိုင်ပါရေ။

“စစ်မှန်ရေ အလတ်ထရွင်းနစ် ဒင်္ဂါးဆိုစွာ ကင်ပျူတာ တလုံးကနိန် အခြားတလုံးကို တခု ငွေကြေးအဖွဲ့အစည်းကိုလည်း မဖြတ်ဘဲ အွင်လိုင်းထဲမှာ တိုက်ရိုက်ပီးနိုင်ရေ ဖေ့သာမျိုး ဖြစ်ရဖို့။” ဆိုပနာ ရှင်းလင်းထားပါရေ။ ဆိုလိုစွာက ကျွန်တော်ရို့ အဂု အွင်လိုင်းထဲမှာ သုံးနိန်ကတ်တေ အကြွီးဝယ်ကဒ်(Credit Card)၊ ငွေကြိုထည့်ကဒ်(Debit Card) တိစွာ ရောင်းရေ လူနန့် ဝယ်ရေ လူ ကြားထဲမှာ တတိယ လူအဖြစ် ဘဏ်အဖွဲ့အစည်း တခုခုက ဝင်ပါပနာ လုပ်ဆောင်ပီးမှရာ ဝယ်နိုင်၊ ရောင်းနိုင်ပါရေ။

ဘဲ့တ်ကွိုင်းမှာ ယင်းပိုင် ရောင်းရေ လူနန့် ဝယ်ရေ လူ ကြားထဲမှာ တခုခု ကြားခံ ဆက်သွယ်ပီးဖို့ အဖွဲ့အစည်း မလိုပါ။ အကြွီးဝယ်ကဒ်၊ ငွေကြိုထည့်ကဒ်တိပိုင် ကြားခံဝန်ဆောင်ခ ပီးစရာ မလိုပါ။ အစိုးရကိုလည်း အခွန် ဆောင်စရာ မလိုပါ။ ရောင်းဝယ်ဖောက်ကားစွာကို အစိုးရနန့် ဘဏ်တိက တခုပိုင်လည်း ထိန်းချုပ်လို့ မရပါ။

အဂု ဘဲ့တ်ကွိုင်းနန့် တခြား အလတ်ထရွင်းနစ် ဒင်္ဂါး သုံးနိန်ရေ လူ ၃ သန်း ရှိပါရေ။ ၂၀၂၄ ခုနှစ်မှာ သုံးရေ လူ သန်း ၂၀၀ ရှိလာဖို့လို့ ခန့်မှန်းထားပါရေ။

  • ခြုံငုံသုံးသပ်ရဖို့ဆိုကေ ဘဝမှာ ကိုယ့်လက်၊ ကိုယ်ခြီနန့် လုပ်မှရာ ရရေ ဝင်ငွေ တခုတည်းနန့် ရပ်တည်နိန်လို့ အောင်မြင်ဖို့ အခွင့်အရေး ပိုနှောင့်နည်းလာရေဆိုစွာကို သတိထားသင့်ပါရေ။

ကိုးကား – https://www.rt.com/business/408301-bitcoin-balloon-birthday-cryptocurrency/