ဒေါ်လာကို ပစ်ပယ်ပနာ အမေရီကန်တိကို ဂျောင်ထိုးပလိုက်ကတ်မေ – အီရန်က ရာရှားကို တိုက်တွန်း

0
1546
ဒေါ်လာ
ဒေါ်လာ

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက် – “အမေရီကန်ပြည်ထောင်စုက အီရန်နိုင်ငံ နန့် ရာရှားနိုင်ငံကို စီးပွားရေးအရ ပိတ်ပင်စွာကို အကောင်းဆုံး တုံ့ပြန်နိုင်ရေ နည်းလမ်းက နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရီကန်ဒေါ်လာကို လုံးဝ မသုံးဘဲ ပစ်ပယ်ပလိုက်စွာ ဖြစ်တေ။” လို့ အီရန်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင် အလီ ခါမန်နီ က ပြောလိုက်ပါရေ။

“ရန်သူတိက မဟုတ်တရုတ် သတင်းတိ လွှင့်ပနာ နိုင်ငံအချင်းချင်း ဆက်ဆံရေး အားနည်းလားအောင် လုပ်စွာကို လျှစ်လျူရှုထားဖို့ လိုရေ။ အမေရီကန်တိ စီးပွားရေး ဒဏ်ခတ်ပိတ်ပင်စွာကို တခုလည်း မထိရောက်အောင် နိုင်ငံအချင်းချင်း ကုန်သွယ်ရေးကဏ္ဍတိမှာ အမေရီကန်ဒေါ်လာ သုံးနိန်စွာကို လုံးဝ ရပ်တန့်ပလိုက်ပနာ ကိုယ့် အမျိုးသား ဒင်္ဂါးတိကို အစားထိုးယင်း အမေရီကန်တိကို ပြန်ဂျောင်ပိတ်လားအောင် တုံ့ပြန်နိုင်ရေ။” လို့ အီရန်နိုင်ငံ မြို့တော် တီဟီရန် မှာ ရာရှားသမ္မတ ပူတင် နန့် ဗုဒ္ဓဟူးနိန့်က တွိကတ်စွာမှာ ပြောလိုက်စွာပါ။

ရာရှားသမ္မတက အမေရီကန်တိစွာ ကဗာ့ နိန်ရာ ကဏ္ဍတိုင်းမှာ ဝင်ရောက်စွပ်ဖက်ချင်ပနာ တခါတလီမှာ သူ့မိတ်ဖက်တိ အကျိုးကိုတောင် မျက်ကွယ်ပြုပနာ လုပ်ချင်စွာ လုပ်တတ်တေလို့ ပြန်ပြောလိုက်ပါရေ။

နှစ်နိုင်ငံ ကဏ္ဍအသီးသီးမှာ လက်တွဲ လုပ်ကိုင်လားကတ်ဖို့ တနာရီကျော် ကြာအောင် ဆွေးနွေးလားကတ်ပါရေ။

ရာရှားသမ္မတ ပူတင် စွာ အီရန်နိုင်ငံမှာ အီရန် – ရာရှား – အဇာဘိုင်ဇန် သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို တက်ဖို့ ရောက်နိန်စွာပါ။

 

ကိုးကား – https://www.rt.com/business/408542-russia-iran-ditch-dollar/