၂၀၂၅ ခုနှစ်ရောက်ကေ ဖန်တီးမှတ်ဉာဏ် AI မှာ တရုတ်က အမေရီကန်ကို ကျော်တက်လားလိမ့်မေ

0
1394
အေအိုင်
အေအိုင်

(အေအိုင် (AI) လို့ အတိုကောက်ခေါ်ရေ ဖန်တီးမှတ်ဉာဏ် (Artificial Intelligence) ဆိုစွာ ကင်ပျူတာ ဆော့ဝဲလ်တမျိုးပါ။ ယင်းဆော့ဝဲလ်က တခါ သိပြီး၊ မြင်ပြီး၊ ကြားပြီးကေ လူတယောက်ပိုင် ထပ်ဆင့်၊ ထပ်ဆင့် အလိုလို မှတ်သား သင်ယူလားပြီးကေ လူတယောက်ပိုင် ပြန်ပြောနိုင်၊ ပြင်နိုင်၊ လုပ်နိုင်စွာမျိုးပါ။ အနာဂတ် စီးပွားရေး၊ စစ်ရေးတိမှာ အေအိုင်ကို ထိပ်ဆုံးက ကိုင်တွယ်နိုင်ရေ နိုင်ငံစွာ ကဗာကြီးကို ထိန်းချုပ်ဖို့ နိုင်ငံဖြစ်လာဖို့ ဆိုပနာ နိုင်ငံအသီးသီးက သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားနိန်ကတ်ပါရေ။ ဖုန်းမှာ တခါ ကြည့်ပြီး၊ ရှာပြီးစွာနန့် ယင်းချင့်နန့် ဆက်စပ်စွာတိ ထပ်တလဲလဲ ပေါ်လာနိန်စွာရေ အေအိုင် နည်းပညာကို ဖုန်းတိမှာ အစပျိုးသုံးလာလို့ပါ။ ကိုယ် လုပ်ချင်စွာကို ဖုန်းက အလိုလို သိနိန်ရေပိုင် ခံစားမိပါလိမ့်မေ။ နောက်ဆိုကေ အေလူ အေအချိန်ဆိုကေ ဇာလိုချင်နိန်ရေ၊ ဇာလုပ်ချင်နိန်ရေဆိုစွာတိကို ဖုန်းတိ၊ ကင်ပျူတာတိက အလိုလို အသိပီးလာပါလိမ့်မေ။)

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက် – “အမေရီကန်တိစွာ သူများထက် သာချင်လို့ အေအိုင် နည်းပညာကို တီထွင်ခကေလည်း ၂၀၃၀ ခုနှစ်ရောက်လို့ ရှိကေ အေအိုင် နည်းပညာပိုင်းမှာ တရုတ်နိုင်ငံစွာ တကဗာလုံးကို ကျော်တက်လားပါလိမ့်မေ။” လို့ အာလဖာဘတ် ကော်ပိုရေးရှန်း Alphabet Inc. ဥက္ကဌက သတိပီးလိုက်ပါရေ။

“ကျွန်တော် ပြောစွာကို ယုံပါ။ တရုတ်လူမျိုးတိစွာ ကကောင်း တော်ပါရေ။” လို့ ဗုဒ္ဓဟူးနိန့်က လုပ်တေ “ဖန်တီးမှတ်ဉာဏ် နန့် ကဗာလုံးဆိုင်ရာ လုံခြုံရေး ထိပ်သီးတွိဆုံပွဲ” (Artificial Intelligence and Global Security Summit) မှာ ဂိုဂဲလ် (Google) မိခင်ကုမ္ပဏီဖြစ်တေ အာလဖာဘတ် ကော်ပိုရေးရှန်း ဥက္ကဌ အဲရစ် ချမဲ့ဒ် က ပြောလိုက်ပါရေ။ “၂၀၂၀ ခုနှစ် ရောက်ကေ အမေရီကန်တိကို သူရို့ အမှီ လိုက်လာနိုင်ပါလိမ့်မေ။ ၂၀၂၅ ခုနှစ် ရောက်ကေ သူရို့ ကျွန်တော်ရို့ကို ကျော်တက်လားပါလိမ့်မေ။ ၂၀၃၀ ခုနှစ် ရောက်ကေ အေအိုင် ကဏ္ဏတခုလုံးကို တရုတ်နိုင်ငံက ကြီးစိုးလားပါလိမ့်မေ။

အမေရီကန်ပြည်ထောင်စု အပြင်မှာ ရှိနိန်ရေ အတော်ဆုံး လူတိကို အမေရီကန်ပြည်ထောင်စုထဲ ဝင်ခွင့်မရအောင် ပိတ်ပင်ပလိုက်စွာက အမေရီကန်တိကို ခေတ်နောက်မှာ ကျန်ခအောင် လုပ်ပလိုက်စွာနန့် အတူတူလို့ ထောက်ပြလားပါရေ။

မှတ်ချက် – ဖွံ့ဖြိုးဗြီးနိုင်ငံတိက ဖွံ့ဖြိုးဆဲနိုင်ငံတိက ပညာရှင်တိကို ဆွဲခေါ်နိန်ရေ နိုင်ငံရေးပေါ်လစီတခုကို သတိထားကြည့်ကေ မြင်ပါလိမ့်မေ။

ကိုးကား – https://www.rt.com/usa/408557-china-ai-dominance-alphabet/