ငရုတ်ပွသီး ဇာပိုင် ဖုတ်ဖို့လဲ?

0
2144
ငရုတ်ပွသီး

၁) ငရုတ်ပွသီးကို မီး မပြင်းတပြင်း ဖွင့်ထားရေ ဂစ် မဖိုထက်မှာ ဖြစ်ဖြစ်၊ မသွီး မဖိုထက်မှာ ဖြစ်ဖြစ် ညှပ်နန့် ကိုင်တင်ပနာ ဖုတ်နိုင်ပါရေ။

 

 

 

၂) အပြင် အရီခွံတိ သျှစ်လာစွာနန့်  ငရုတ်ပွသီးကို တစိချေဇီ လှည့်ပီးပနာ အရီခွံတိ အားလုံး မဲလားအောင်ထိ ဖုတ်လိုက်ပါ။

 

 

 

 

၃) အထက်မှာ ဇာပိုင်ပင် ဖုတ်ခဖုတ်ခ၊ အေအဆင့်က အရေးအကြီးဆုံးပါ။ ဖုတ်ဗြီးစွာနန့် ငရုတ်ပွသီးတိကို ချက်ချင်း စက္ကူအိတ်တအိတ်ထဲမှာ ထည့်ထားလိုက်ပါ။ စက္ကူအိတ်ထဲမှာ ရနွီးငွေ့တိက သူ့အလုပ် သူ လုပ်လားပါလိမ့်မေ။ ၅ မိနစ်လောက် ကြာအောင် အအီးခံထားလိုက်ပါ။

 

 

 

၄) ငရုတ်ပွသီးတိကို ကိုင်နိုင်ဗျာလ်ဆိုစွာနန့် အပြင်မှာ တူးနိန်ရေ အရီခွံတိကို ခွာပလိုက်ပါ။ အထဲက အစိတိကိုလည်း ထုတ်ပလိုက်ပါ။ အနားမှာ ရီတခွက် ချထားပနာ လက်ကို ဆီးပီးပါ။ အရသာ မပေါ့လားအောင် အတတ်နိုင်ဆုံး ငရုတ်ပွသီးကို ရီနန့် မဆီးပါကဲ့။

 

 

 

၅) လိုရေပိုင် အထူအပါး လှီးပနာ ဘာကာ၊ ပါစတာ၊ ပီဇာရို့မှာ အစာသွပ် အဖြစ်သုံးနိုင်ရေပိုင်၊ သံလွင်ဆီ တစိချေ ဆန်းပနာ ကြက်သွန်နီ ပပါးလှီးထည့်ဗျာလ် သံပရာရည် ဖြန်းလို့ လက်သုတ် အဖြစ်လည်း စားသုံးနိုင်ပါရေ။ ရခဲတိုတ္တာထဲမှာ ထည့်ထားကေ ၁ ပတ်ထိ ကြာရှည်ခံပါရေ။

ကိုင်း စမ်းလုပ်ကြည့်ကတ်ပါ။