တရုတ်တိအတွက် စီးပွားရေးစွာ စီးပွားရေး၊ အမေရီကန်တိအတွက် စီးပွားရေးစွာ စစ်ပွဲ

0
1798
အမေရီကန်စစ်သား
အမေရီကန်စစ်သား

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၄ ရက် – “အမေရီကန်တိက စစ်ပွဲတိမှာရာ အာရုံရောက်နိန်ရေ အချိန်မှာ၊ တရုတ်တိက စီးပွားရေး တိုးတက်ဖွံ့ဖြိုးဖို့အတွက် တစိုက်မတ်မတ် ကြိုးစားနိန်ကတ်တေ။ ၁၀ နှစ်အတွင်းမှာ တရုတ်နိုင်ငံ စီးပွားရေးစွာ ကဗာမှာ အကြီးဆုံး ဖြစ်လာဖို့။” လို့ ကဗာ့စီးပွားရေး ညွှန်းတမ်းကို အမြဲတမ်း ခန့်မှန်းလာရေ စီးပွားရေး အတိုင်ပင်ခံ ဂျရဲလ် စီလန့်တ် Gerald Celente က ဟောကိန်းထုတ်လိုက်ပါရေ။

“နိုင်ငံရေးသမားတိက ကြိုက်တေပိုင် လိမ်လို့ရရေ။ ယကေလည်း ကိန်းကဏန်းတိက လိမ်လို့မရ။ အမေရီကန်တိ စီးပွားရေး ကျဆင်းနိန်စွာနန့် တရုတ်တိ စီးပွားရေး တရှိန်ထိုး တိုးတက်လာစွာကို ကြည့်လိုက်ကေ လားနိန်ရေ ညွှန်းတမ်းတိကို တခုပိုင်လည်း လက်မခံလို့ မရ။ ၁၉၇၁ ခုနှစ်က အမေရီကမှာ လူလတ်တန်းစား(တနှစ်ကို အမေရီကန်ဒေါ်လာ ၆ သောင်းအထက် ဝင်ရေ လူ) ၆၁% ရှိခစွာကနိန် အေနိန့်ခါ ၅၀% ကို ကျဆင်းပါလတ်ဗျာလ်။ တရုတ်ပြည်မှာ ၂၀၀၀ ခုနှစ် ကဗာ့ ကုန်သွယ်ရေးအဖွဲ့ World Trade Organization  ကို မဝင်ခင်က လူလတ်တန်းစား ၅% ရှိစွာကနိန် အေနိန့်ခါ ၃၅% ကို ထိုးတက်ပါလတ်တေ။” လို့ စီလန့်တ် က ပြောပါရေ။

ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် အမျိုးသား ကွန်ဂရက်မှာ တရုတ်သမ္မတ ဇီ ကျန်းပေါင် က “အနာဂတ်မှာ တရုတ်ပြည် စီးပွားရေးကို ပိုလို့ တည်ဆောက်လားဖို့။” လို့ ကြွေးကြော်လားရေ။

“တရုတ်ပြည်က အနာဂတ်အတွက် အဆင့်မြင့် နည်းပညာကနိန် အန်အီးဗွီ (NEVs – new electric vehicles၊ လျှပ်စစ် ကားသစ်)၊ မြန်နှုန်းမြင့် အိန်တာနတ်၊ ခေတ်မီ ကုန်ထုတ်လုပ်ငန်းနန့် ဆန်းသစ်တေ စီးပွားရေး လုပ်ငန်းတိကို ရင်းနှီးမြုပ်နှံနိန်ရေ။ နိုင်ငံခြားတိုင်းပြည်တိနန့်လည်း ဆိပ်ကမ်းတိ၊ စက်မှုဇုန်တိ၊ လေဆိပ်တိကနိန် One Belt One Road Initiative ကို အားသွန်ခွန်စိုက် ကြိုးပမ်းနိန်ရေ။ အေဟင့်က တရုတ်နိုင်ငံစွာ ကဗာ့ စီးပွားရေး ဂလိုဘယ်လိုင်ဇေးရှမ်းမှာ အရှင်သခင် ဖြစ်လာဖို့ လမ်းကြောင်းထက်မှာ ရောက်နိန်ရေဆိုစွာကို ဖော်ပြနိန်ရေ။”

တရုတ်နိုင်ငံက သူ့နိုင်ငံ စီးပွားရေးနန့် သူ့လူမျိုးတိ တိုးတက်ကြီးပွားရေးကို တစိုက်မတ်မတ် ကြိုးပမ်းနိန်ရေ အချိန်မှာ အမေရီကန်ပြည်ထောင်စု အနိန်အထားက ဆန့်ကျင်ဖက် ဖြစ်နိန်ရေ။

“အဂု တရုတ်နိုင်ငံရေးသမားတိ ပြောလားရေ စကားမျိုးကို အမေရီကန်နိုင်ငံရေးသမားတိဘားက တလုံးတပါဒတောင် မကြားရ။ တရုတ်သမ္မတ ဇီ ပြောရေ စကားနန့် ကဗာ့သမိုင်းမှာ အများဆုံး စစ်သုံးဘားဂျက်ကို တောင်းနိန်ရေ အမေရီကန်သမ္မတ ထရုန့် ပြောရေ စကားကို ချိန်ထိုးကြည့်။ ပြည်သူ့ဘဝတိ ပိုကောင်းလာဖို့ လိုအပ်ချက်တိ၊ အများနန့် သဟဇာတ ဖြစ်ဖို့စွာတိ၊ ယဉ်ကျေးမှု မြှင့်တင်ဖို့စွာတိ၊ သာယာလှပရေ နိုင်ငံဖြစ်လာအောင် တည်ဆောက်ဖို့စွာတိ တခွန်းတပါဒတောင် မပါ။”

“အမေရီကန်သမ္မတက အရှိအလယ်ပိုင်း၊ အာဖဂန်နစ္စတန်နန့် အာဖရိကရို့မှာ စစ်ရေး မြှင့်တင်ဖို့ ကြွေးကြော်နိန်ရေ အချိန်မှာ၊ တရုတ်သမ္မတ ဇီ က တရုတ်နိုင်ငံ စီးပွားရေးကို ပထမဦးစားပီးပနာ အမျိုးသား ကာကွယ်ရေးနန့် စစ်လက်နက် အဆင့်မြှင့်တင်ရေးကို ၂၀၃၅ ခုနှစ်ထိ အချိန်ဆွဲလားဖို့ ပြောလားရေ။”

တရုတ်နိုင်ငံ စီးပွားရေးက တနှစ်ကို ၆.၅% ကနိန် ၇% ထိ အရှိန်အဟုန်နန့် တိုးတက်နိန်ရေ အချိန်မှာ အမေရီကန်ပြည်ထောင်စု စီးပွားရေးက ၂% ကနိန် ၂.၅% လောက်မှာရာ ပတ်ချာလည်နိန်ရေ။ ယင်းအတွက်နန့် တရုတ်နိုင်ငံစွာ ၁၀ နှစ်အတွင်းမှာ ကဗာ့ စီးပွားရေးမှာ အကြီးမားဆုံးနိုင်ငံ ဖြစ်လာဖို့လို့ စီလန့်တ် က ဟောကိန်းထုတ်လားပါရေ။

“၂၀၂၆ ခုနှစ်ရောက်ကေ တရုတ်နိုင်ငံက အမေရီကန်ပြည်ထောင်စု စုစုပေါင်း ပြည်တွင်း ကုန်ထုတ်လုပ်မှု GDP ကို ကျော်လွန်ရုံတင်မက တရုတ်နိုင်ငံ လူလတ်တန်းစား ပမာဏကလည်း ၅၀% ကျော်လွန်ပနာ အမေရီကန်တိကို ကျော်တက်လားဖို့။”

အမေရီကန်တိ နည်းမျိုးစုံနန့် စစ်ပွဲတိကို ပံ့ပိုးနိန်စွာနန့်၊ ဝေါလ် ဆထရိတ် Wall Street ကို မျက်နှာသာ ပီးနိန်စွာကို ရပ်တန့်နိုင်မှရာ တရုတ်တိ လွှမ်းမိုးမှုကို ရပ်တန့်နိုင်အောင် လုပ်နိုင်ဖို့။

“တရုတ်စီးပွားရေး နောက်မှာ မကျန်ရအောင် အမေရီကန်တိ လူများစု ကောင်းစားရေးကို ပြန်ပနာ ပူးပေါင်း လုပ်ဆောင်ရဖို့။ စွန့်စားတီထွင်ရေ လူတိကို အားပီးအားမြောက် လုပ်ပီးရဖို့။ ဝေါလ် စထရိတ် နန့် ကော်ပိုးရေးရှန်းကြီးတိ တဖတ်သတ် မလိမ့်တပတ် ကဇတ်နိန်စွာကို ရပ်တန့်ခိုင်းရဖို့။ နိုင်ငံ့ ရင်းမြစ်တိကို ပိုပိုကြီးရေ စစ်လက်နက်ကြီးတိ တည်ဆောက်နိန်စွာနန့် နိုင်ငံရပ်ခြားအရေးတိမှာ သုံးနိန်စွာကို ရပ်တန့်ရဖို့။ ကိုယ့်လူတိ အရေးကို ရှိတန်းတင်နိုင်ရဖို့။” ဆိုပနာ စီလန့်တ် က ပြောကြားလားပါရေ။

(ပုဂ္ဂလိက နိုင်ငံရေးအမြင် – ကဗာ့ဖြစ်ရပ်တိကို နောက်ပြန်လှည့်ကြည့်ကေ အနောက်နိုင်ငံတိစွာ အလိုမကျတိုင်း အချင်းချင်းကို ခြီထိုးပနာ စစ်ပွဲတိကို ဖန်တီးတတ်ပါရေ။ တရုတ်ပြည် တိုးတက်လာစွာကိုလည်း နည်းမျိုးစုံနန့် ရပ်တန့်ဖို့ ကြိုးစားလာနိုင်ရေအတွက် တရုတ်ပြည်နန့် ကကောင်း မဝီးရေ ရခိုင်ပြည်စွာလည်း အဂု ကြုံတွိနိန်ရစွာကနိန် ကဇတ်ကွက်တိ အများကြီးနန့် ထပ် ကြုံတွိလာနိုင်ပါသိမ့်ရေ။)

ကိုးကား – https://www.rt.com/business/408773-china-business-america-war-celente/