ကဗာတဝန်းက အနော်နိန်းမာ့စ် Anonymous ဆန္ဒထုတ်ဖော်ပွဲ

0
1579
အနော်နိန်းမာ့ချ် ဆန္ဒထုတ်ဖော်ပွဲ
အနော်နိန်းမာ့ချ် ဆန္ဒထုတ်ဖော်ပွဲ

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၅ ရက် – Million Mask March လို့ခေါ်ရေ မျက်နှာဖုံးစွပ် သန်းချီ ချီတက်ပွဲ ကို ကဗာတဝန်းလုံးမှာ နိုဝင်ဘာလ ၅ ရက်နိန့်တိုင်း ၂၀၁၂ ခုနှစ်ကပင် စပနာ ကျင်းပလာကတ်ပါရေ။ အစိုးရတိ အဂတိ လိုက်စားစွာကို ဆန့်ကျင်ပနာ အစိုးရ မလိုရေ ကိုယ်ပိုင်အုပ်ချုပ်ရေး self-governance အတွက် ရည်ရွယ်ပနာ တိုက်ပွဲဝင်လာကတ်စွာပါ။

နိုဝင်ဘာလ ၅ ရက်နိန့်မှာ လုပ်ရရေ ရည်ရွယ်ချက်က ဘွင်ဖိုင်းယားညဉ့် Bonfire Night နန့် တိုက်ဆိုင်နိန်အောင်လို့ပါ။ ဘွင်ဖိုင်းယားညဉ့် ဖြစ်လာစွာက ၁၆၀၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နိန့်မှာ ဂင်းပေါင်ဒါ ပလော့တ် Gunpowder Plot (ယမ်းမှုန့် လုပ်ကြံမှု) လို့ခေါ်ရေ အင်္ဂလိပ် ကတ်သိုးလဲ့ English Catholic တစုက ဂျိန်းစ် ဘုရင် ၁ King James I နန့် သူ့ ပါလီမန်ကို ဗုံး ဖောက်ခွဲပနာ လုပ်ကြံဖို့ စီစဉ်ခကတ်စွာ မအောင်မြင်ခရေ နိန့်ပါ။ မျက်နှာဖုံး အဓိပ္ပာယ်ကတော့ ယင်းလုပ်ကြံဖို့ အဖွဲ့အစည်းမှာ ပါခရေ ဂိုင်း ဖောကီးစ် Guy Fawkes မျက်နှာပုံပါ။

အေ တနင်္ဂနိန်နိန့်မှာ ကဗာ့နိုင်ငံပေါင်း ၈၀၀ ကျော်က မြို့တော်ခန်းမတိမှာ မျက်နှာဖုံးစွပ်နန့် ဆန္ဒပြရေ လူတိ စုဆုံပနာ မျက်နှာဖုံးစွပ် သန်းချီ ချီတက်ပွဲ ကို ကျင်းပလားကတ်ပါရေ။