“ငါရို့မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိရေ” မဗြီးသိမ့်ရေ စပိန်အရေး

0
1519
ဘဲလ်ဘောင်မြို့သား ဆန္ဒထုတ်ဖော်ပွဲ
ဘဲလ်ဘောင်မြို့သား ဆန္ဒထုတ်ဖော်ပွဲ

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၅ ရက် – မိုးတသဲသဲ ရွာနိန်ရေ ကြားထဲက ဘာ့ဆကီးဒေသ Basque Country မြို့တော် ဘဲလ်ဘောင် Bilbao မှာ ကာတာလိုနီးယားဒေသကို စပိန်နိုင်ငံက ဒါရိုက် အုပ်ချုပ်ဖို့ ကြိုးစားစွာကို ပြည်သူ ၄ သောင်းကျော်က “ဒီမိုကရေစီ နန့် ငါရို့ ဆုံးဖြတ်ပိုင်ခွင့်အတွက် ပုဒ်မ ၁၅၅ ကို ဆန့်ကျင်ကတ်။” ဆိုရေ ဆိုင်းဘုတ်ကို ကိုင်ပနာ ထီးကိုယ်စီနန့် ဆန္ဒပြ ဆန့်ကျင်လားကတ်ပါရေ။

ဘဲလ်ဘောင်မြို့သားတိ
ဘဲလ်ဘောင်မြို့သားတိ

ဘာ့ဆကီးဒေသစွာ ပြင်သစ်နိုင်ငံ တောင်ပိုင်းနန့် စပိန်နိုင်ငံ မြောက်ပိုင်းမှာ တည်ရှိပနာ စပိန်နိုင်ငံအတွက် ကကောင်း ဂေါင်းခဲရရေ ဒေသတခုပါ။ ဘာ့ဆကီးဒေသက အီတီအေ ETA စွာ စပိန်နိုင်ငံမြောက်ပိုင်းနန့် ပြင်သစ်နိုင်ငံ အနောက်တောင်ဖက်မှာ နှစ် ၄၀ လောက် ကြာအောင် လွတ်လပ်ရေးအတွက် လက်နက်ကိုင် တော်လှန်ခရေအတွက် အစိုးရ အရာရှိကြီးတိ၊ ရဲအရာရှိတိ အပါအဝင် ပြည်သူ ၈၅၀ လောက် အသက်ဆုံးရှုံးခရပါရေ။

အီးတီအေက ၂၀၁၁ ခုနှစ်ကနိန် စပနာ လက်နက် စွန့်လွှတ်ဗျာလ် ၂၀၁၇ ခုနှစ် ဧပြီလမှာမှ လုံးဝ အဗြီးသတ် စွန့်လွှတ်လိုက်စွာပါ။

အဂု ဆန္ဒပြပွဲကို စီစဉ်ရေ လူတိက အီးတီအေ အဖွဲ့ဝင်ဟောင်းတိပါ။

အေဆန္ဒပြပွဲ မလုပ်ခင် ဗြီးခရေ သောကြာနိန့်ကမှ ဥရောပ ဖမ်းဝရမ်း ထုတ်လာရေအတွက် ကာတာလိုနီးယားဒေသ ဥက္ကဌ နန့် ဝန်ကြီး ၄ ယောက်စွာ ဘဲလ်ဂျီယန်နိုင်ငံ ရဲစခန်းမှာ သူ့ရို့စွာ သူရို့ အဖမ်းခံလားကတ်ပါရေ။