အိန္ဒိယက ပြန်ပြည့်စွမ်းအင်ကို ၅ နှစ်အတွင်း ၂ ဆ တိုး ထုတ်လားဖို့

0
1471
အိန္ဒိယ ပြန်ပြည့် နီစွမ်းအင် ဆိုလာပြားတိ
အိန္ဒိယ ပြန်ပြည့် နီစွမ်းအင် ဆိုလာပြားတိ

(စွမ်းအင်နှစ်မျိုး – တခါ သုံးဗြီးစွာနန့် ကုန်လားရေ စွမ်းအင် non-renewable energy (ဥပမာ – ထင်း၊ ကျောက်မီးသွေး၊ ရနံ၊ သဘာဝဓါတ်ငွေ့)၊ သုံးဗြီးကေလည်း ပြန်ပြန် ပြည့်လာရေ ပြန်ပြည့်စွမ်းအင် renewable energy (ဥပမာ – နီစွမ်းအင်၊ လီစွမ်းအင်၊ ရီစွမ်းအင်))

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက် – အိန္ဒိယနိုင်ငံ စီးပွားရေးစွာ အဂု လားနိန်ရေ အရှိန်နန့်ရာ ဆက်ပြီးကေ တိုးတက်နိန်ဖို့ဆိုကေ လာဖို့ ၇ နှစ်မှာ အိန္ဒိယနိုင်ငံ စွမ်းအင်လိုအပ်ချက်စွာ လက်ရှိထက် ၂ ဆ ဖြစ်လာပါဖို့။ ယင်းအတွက်နန့် လာဖို့ ၂၀၃၀ ခုနှစ်အရောက်မှာ အိန္ဒိယနိုင်ငံ စွမ်းအင် ၅ ပုံ ၂ ပုံကို ပြန်ပြည့်စွမ်းအင်က ထုတ်လုပ်လားဖို့လို့ ဆိုပါရေ။

အဂုအချိန်မှာ နီစွမ်းအင်က ထုတ်တေ စွမ်းအင်စွာ လောင်စာက ထုတ်တေ စွမ်းအင်ထက် ၃၀% ပိုသက်သာလာရေအတွက် အနာဂတ်မှာ နီစွမ်းအင်ထုတ်တေ ဆိုလာပြားတိ စျီးနှုန်းစွာ ပိုသက်သာလာဖို့လို့ စွမ်းအားနန့် ပြန်ပြည့်စွမ်းအင် ဝန်ကြီး အာရ် ကေ ဆိန်း က ပြောပါရေ။

၂၀၂၂ ခုနှစ်အရောက်မှာ ပြန်ပြည့်စွမ်းအင် ၁၇၅ ဂစ်ဂါဝပ် (175 Gigawatt (GW)) ထိ ရအောင် ထုတ်လုပ်လားဖို့ ရည်မှန်းထားရေလို့ ဆိုပါရေ။ ယင်းအထဲမှာ ၁၀၀ ဂစ်ဂါဝပ်ကို နီစွမ်းအင်က ထုတ်ပနာ ၆၀ ဂစ်ဂါဝပ်ကို လီစွမ်းအင်က ထုတ်လားဖို့လို့ ဆိုပါရေ။ အဂု ပြန်ပြည့်စွမ်းအင် ၅၉ ဂစ်ဂါဝပ် ထုတ်နိန်ပနာ ယင်းအထဲမှာ လီစွမ်းအင်က ၃၃ ဂစ်ဂါဝပ် ထုတ်ပါရေ။

၂၀၂၂ ခုနှစ်အရောက်ရာ အိန္ဒိယနိုင်ငံက ပြန်ပြည့်စွမ်းအင် ၂ ဆတိုး ထုတ်လုပ်လားဖို့ဆိုကေ ဥရောပနိုင်ငံတိ စုစုပေါင်း ထုတ်လုပ်တေ ပြန်ပြည့်စွမ်းအင်ကို ကျော်တက်လားဖို့လို့ နိုင်ငံတကာ စွမ်းအင် အေဂျင်စီ – အိုင်အီးအေ International Energy Agency (IEA) က ဆိုပါရေ။

ပြန်ပြည့်စွမ်းအင် ၁၇၅ ဂစ်ဂါဝပ် ထုတ်ဖို့အတွက် အိန္ဒိယနိုင်ငံစွာ အမေရီကန်ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှပ်နှံဖို့ လိုရေလို့ ဆိုပါရေ။

လက်ရှိမှာ တရုတ်နိုင်ငံစွာ ကဗာမှာ အများဆုံး ပြန်ပြည့်စွမ်းအင် ထုတ်လုပ်တေ နိုင်ငံဖြစ်ပနာ ၂၀၂၀ ခုနှစ်အရောက် ထုတ်လုပ်ဖို့ ရည်မှန်းထားရေ ၃၆၀ ဂစ်ဂါဝပ်ကို ၃ နှစ်စောပနာ ထုတ်လုပ်နိန်ဗျာလ် ဖြစ်ပါရေ။

၂၀၂၂ ခုနှစ်အရောက်မှာ တရုတ်၊ အိန္ဒိယနန့် အမေရိက ၃ နိုင်ငံစွာ ကဗာ့ ပြန်ပြည့်စွမ်းအင် ၃ ပုံ ၂ ပုံကို ထုတ်လုပ်တေ နိုင်ငံတိ ဖြစ်လာဖို့လို့ ဆိုပါရေ။

အေနှစ် ပြန်ပြည့်စွမ်းအင် ထုတ်လုပ်မှုစွာ အယင်နှစ်ကထက် ၁၂% ပိုလာဖို့လို့ ဆိုပါရေ။ အများစုက တရုတ်နိုင်ငံနန့် အိန္ဒိယနိုင်ငံရို့က နီစွမ်းအင်ကို ပို ထုတ်လာလို့ပါ။

( လက်ရှိ လူတယောက် ပျမ်းမျှသုံးနိန်ရေ လျှပ်စစ်ပမာဏ – မြန်မာနိုင်ငံ 216.778 kWh ၊ ဘင်္ဂလားဒေ့ရှ် 310.391 kWh ၊ အိန္ဒိယနိုင်ငံ 805.559 kWh ၊ တရုတ်နိုင်ငံ 3927.044 kWh ၊ ဗီယပ်နမ်နိုင်ငံ 1,439.156 kWh ၊ အမေရီကန်ပြည်ထောင်စု 12,986.741 kWh ၊ ကန်နေဒါနိုင်ငံ 15,541.504 kWh ကိုးကား – https://data.worldbank.org/indicator/EG.USE.ELEC.KH.PC?view=map )

ကိုးကား – https://www.rt.com/business/408874-indias-renewable-capacity-to-double/