ကညွှတ်နန့် ပဇွန်ကို ရောကျော်ဗျာလ် သံဖရာရည် ဖြန်းပနာ စားချင်လာ

0
2908
ကညွှတ်-ပဇွန် ကျော်
ကညွှတ်-ပဇွန် ကျော်

ကညွှတ် – ပဇွန် ကျော်ဖို့ လိုအပ်စွာတိ –

• သံလွင်ဆီ/ပဲဆီ ၄ ဇွန်း  • အခွံခွာဗြီးသား ပဇွန် အလတ်စား ၁ ပေါင်  • ၂ လက်မ၊ ၃ လက်မ အရှည် ဖြတ်ထားရေ ကညွှတ် ၁ ပေါင်  • ဆား ဇွန်းဝက်  • အတုံးချေ တုံးထားရေ ချင်းစိမ်း ၁ ဇွန်း • အတုံးချေ တုံးထားရေ ကြက်သွန်ဖြူ ၁ ဇွန်း

သံဖရာရည် လုပ်ဖို့ လိုအပ်စွာတိ –

• ကြက်ပြုပ်ရည် ခွက် ၃ ပုံ ၂ ပုံ  • ပြောင်းဖူးမှုန့်/ကော်မှုန့် ၁ ဇွန်း  • သကြား ၁ ဇွန်း  • ပဲငံပြာရည် အကြိုင် ၁ ဇွန်း  • သံဖရာရည် ခွက် ၄ ပုံ ၁ ပုံ  • သံဖရာ အနံ့ ၁ ဇွန်း

လုပ်ပုံအဆင့်ဆင့် –

၁) သံဖရာရည်နန့် ထည့်ရဖို့စွာတိ အားလုံးကို ဟင်းဇား ၁ လုံးမှာ ထည့်ဗျာလ် ဘေးမှာ ဖယ်ထားလိုက်ပါ။

၂) မီးကို မနည်းမများ ချိန်ထားရေ မခွင်ထက်မှာ ကျော်ဗျကို တင်ပနာ ဆီ ၂ ဇွန်းထည့်ပါ။ ပဇွန်တိကို တကောင်နန့် တကောင် မထပ်အောင် ထည့်ပနာ ၃ မိနစ်လောက် ကျော်ပါ။ တဖက်ကျက်ကေ နောက်တဖက်ကို ပြန်ပီးပါ။ ဆား ဇွန်း ၄ ပုံ ၁ ပုံလောက် ဖြန့်ပနာ ထည့်ပါ။ ပဇွန်တိ ပန်းရောင် သန်းလာပနာ ထိုဖက်ဒေဖက် ထိုးဖောက် မမြင်ရဗျာလ်ဆိုကေ အိုးကို မခွင်က ထုတ်ပနာ ပဇွန်တိကို လောင်ဗွန်း တချပ်ထဲမှာ လပ်ထားလိုက်ပါ။

၃) ယင်း ကျော်ဗျထဲမှာဗျာလ် ဆီ ၂ ဇွန်း ထပ်ထည့်ပနာ မီးရှိန် မပြင်းတပြင်း ပီးထားရေ မခွင်ထက်မှာ ပြန်တင်ပါ။  ကညွှတ်တိကို လောင်းထည့်ဗျာလ် ကညွှတ်သားတိ နူးပနာ ကကြွပ်ခေျ ဖြစ်လာပနာ အစိမ်းရောင်ကနိန် ညညိုချေ ဖြစ်လာအောင်ထိ ကျော်ပါ။ ဆား ဇွန်း ၄ ပုံ ၁ ပုံလောက် ဖြူးထည့်ပါ။ ချင်းစိမ်းနန့် ကြက်သွန်ဖြူကို ထပ်ရောပနာ စက္ကန့် ၃၀၊ စက္ကန့် ၄၀ လောက် ဇွန်းနန့် မွီပနာ ကျော်ပီးပါ။

၄) အဆင့် ၁) မှာ ဖျော်ထားရည် သံဖရာရည်ကို ကျော်ဗျထဲကို ဖြန့်ပနာ လောင်းထည့်ပီးပါ။ အဆင့် ၂) မှာ ကျော်ထားရေ ပဇွန်ကို ကျော်ဗျထဲမှာ ထပ်ထည့်ပါ။ သံဖရာရည် ပပျစ်ချေ ဖြစ်လာအောင်ထိ အချိန် ၁ မိနစ်လောက် ပဇွန်၊ ကညွှတ်နန့် သံဖရာရည်ကို အလှပ သမလားအောင် ဇွန်းနန့် အသေအချာ မွီပီးပါ။ မခွင်ထက်က အိုးက ချပနာ စားဖို့ အဆင်သင့် လုပ်ပါ။

မှတ်ချက် – ဆိုင်မှာ စားဖူးကေလည်း ကိုယ်တိုင် တခါလည်း အေပိုင် မကျော်ဖူးပါ။ စားကြည့်ချင်ရေ မိတ်ဆွေရို့ အတွက် အသုံးဝင်ဖို့ ထင်လို့ B Shrimp and Asparagus Stir Fry with Lemon Sauce Receipe ကို ဘာသာပြန်ပီးစွာရာ ဖြစ်ပါရေ။