ပဇွန် ထမင်းကျော် စားချင်လာ

0
2749
ပဇွန်ထမင်းကျော်
ပဇွန်ထမင်းကျော်

ပဇွန်ထမင်းကျော်

ပဇွန်ထမင်းကျော်

ပဇွန်ထမင်းကျော်

ပဇွန်ထမင်းကျော်

ပဇွန်ထမင်းကျော် ကျော်ဖို့ လိုစွာတိ –

• ပဲငံပြာရည် အကြိုင် ၃ ဇွန်း  • နမ်းဆီ ၁ ဇွန်း  • ချင်းစိမ်းမှုန့် ဇွန်းဝက်  • ငရုတ်ကောင်း အဖြူမှုန့် ဇွန်းဝက်  • သံလွင်ဆီ/ပဲဆီ ၂ ဇွန်း  • အခွံခွာဗြီးသား ပဇွန် အလတ်စား ၁ ပေါင်  • ဆား (ကိုယ့်အကြိုက်)  • ငရုတ်ကောင်း အမဲမှုန့် (ကိုယ့်အကြိုက်)  • လေးထောင့်တုံးချေ တွာဗြီးသား ကြက်သွန်ဖြူ ၂ မြှောင်း  • ပပါးချေ တွာဗြီးသား ကြက်သွန်နီ ၁ လုံး  • လေးထောင့်တုံးချေ တွာဗြီးသား မလာဥနီ ၂ လုံး  • ပြောင်းဖူးစိ ခွက်ဝက်  • ပဲစိမ်းစိ ခွက်ဝက်  • ၃ ခွက်ချက် ထမင်း  • ကြက်သွန်မြိတ် ၂ ပင်

(ခွက် = ပေါင်းအိုးတိမှာ ပါရေ ဆန်ခြင်ခွက်)

လုပ်ပုံအဆင့်ဆင့်

၁) ဟင်းဇား တလုံးထဲမှာ ပဲငံပြာရည်၊ နမ်းဆီ၊ ချင်းစိမ်းမှုန့် နန့် ငရုတ်ကောင်း အဖြူမှုန့်တိကို ရောမွီပနာ ဘေးမှာ ချထားလိုက်ပါ။

၂) သံလွင်ဆီ/ပဲဆီကို ဒယ်အိုး/ကျော်ဗျ တလုံးထဲမှာ ထည့်ဗျာလ် မီးကို မနည်းမများ ချိန်ဆပနာ အပူပီးပါ။ ပဇွန်ကို ထည့်ပါ။ အိုးမှာ မကပ်အောင် ဇွန်းနန့် မွီပီးပါ။ ၂ မိနစ်၊ ၃ မိနစ်လောက်ကြာလို့ ပဇွန် ပန်းရောင် သန်းလာရေခါ ဆား၊ နမ်းဆီ နန့် ငရုတ်ကောင်း အမဲမှုန့်ကို ကိုယ်ကြိုက်တေ အရသာ ရအောင်ထိ ထည့်ပါ။ အိုးကို ခွင်က ထုတ်ပနာ ကျော်ထားစွာတိကို ဟင်းဇား တလုံးထဲမှာ လတ်ထည့်ဗျာလ် ဘေးမှာ ချထားလိုက်ပါ။

၃) ဒယ်အိုး/ကျော်ဗျထဲမှာ ချင်းစိမ်းမှုန့်နန့် ကြက်သွန်နီကို ထည့်ပနာ ကြက်သွန်နီ အဖတ်တိ ထိုဖက်ဒေဖက် ထိုးချင်းပေါက် မြင်ရအောင်ထိ ၃ မိနစ်၊ ၄ မိနစ်လောက် ဇွန်းနန့် မွီပနာ ကျော်ပါ။ မလာဥနီ၊ ပြောင်းဖူးစိနန့် ပဲစိမ်းစိတိကို ထပ်ထည့်ပနာ နူးညံ့လာအောင်ထိ ဇွန်းနန့် မပြတ်မွီပနာ ၃ မိနစ်၊ ၄ မိနစ်လောက် ကြာအောင် ထပ်ကျော်ပါ။

၄) ထမင်း၊ ကြက်သွန်မြိတ်နန့် အဆင့် ၁) မှာ ရောထားရေ ပဲငံပြာရည်ရို့ကို ထပ်ထည့်ပါ။ အနည်းဆုံး ၂ မိနစ်လောက် မပြတ် မွီပနာ ထပ်ကျော်ပါ။ အဆင့် ၂) မှာ လုပ်ထားရေ ပဇွန်ကို ထပ်ထည့်ပနာ ရောမွီလိုက်ပါ။

၅) စားဖို့ အဆင်သင့် ဖြစ်ပါဗျာလ်။

မှတ်ချက် – ဆိုင်မှာတော့ စားဖူးပါယင့်။ တခါလည်း ကိုယ်တိုင် မကျော်ဖူးပါ။ ယကေလည်း လုပ်ကြည့်ချင်ရေ မိတ်ဆွေတိအတွက် အသုံးဝင်ဖို့ ထင်လို့ CHUNGAH ရွီးရေ SHRIMP FRIED RICE ကို ဘာသာပြန် တင်ပြပီးစွာရာ ဖြစ်ပါရေ။ လိုအပ်တေပိုင် အောက်မှာ မှတ်ချက်ရွီးနိုင်ပါရေ။