အနာဂတ်မှာ လူတိ မအို မသီဗျာလ်?

0
1412
© Andrzej Wojcicki / Getty Images
© Andrzej Wojcicki / Getty Images

လူ့ခန္ဓာကိုယ်က ရင့်နိန်ရေ ဆဲလ်ဟောင်းတိကို ပြန်နုပျိုလားအောင် လုပ်နိုင်ရေ နည်းလမ်းတခုကို သိပ္ပံပညာရှင်တိ မမျှော်လင့်ဘဲ တွိလိုက်ရပါရေ။ အေတွိရှိချက်က လူ့အသက်အရွယ်ကို ပြောင်းလဲနိုင်ရေအတွက် ကကောင်း စိတ်လှုပ်ရှားစရာ ကောင်းပါရေ။

အစ်ဇီတာ တက္ကသိုလ် (University of Exeter) နန့် ဘြိုက်တွန် တက္ကသိုလ် University of Brighton က သုတေသီတိစွာ  အသက်ကြီးလာလို့ သဘာဝအလျှောက် ကြီးထွားမှု ရပ်လားရေ ဆဲလ်တိက နုပျိုရေ ဆဲလ်အသစ်တိ ပြန်ခွဲထွက်လာနိုင်ရေ နည်းလမ်းတခုကို တွိရှိလိုက်ပါရေ။ ယင်းနည်းလမ်းက နုပျိုအောင် အသွင်ကူးပြောင်းနိုင်ရုံမက အနုအထွက်ချေပိုင် လုပ်ဆောင်ချက်ကိုလည်း ပီးရေလို့ ဆိုပါရေ။

“အကျွန် သုတေသန လုပ်နိန်ရေ ခွက်ချေထဲမှာ ဆဲလ်အသစ်တိ ခွဲထွက်လာစွာကို မြင်လိုက်ရခါ မယုံလောက်အောင်ကို အံ့သြလားပါရေ။ အကျွန် ထပ်တလဲလဲ စမ်းသပ်ကြည့်ရေခါ ဆဲလ်တိ ပြန်ပနာ နုပျိုလားစွာကို သတိထားမိလိုက်ပါရေ။ အေ သုတေသနက နောက်ထွက်လာဖို့ ရလဒ်တိနန့် အလားအလာတိကို အကျွန် ကကောင်း စိတ်လှုပ်ရှားနိန်မိပါရေ။” လို့ သုတေသီ ဒေါင်တာ အီဗာ လတ်တော်ရီ က ပြောပါရေ။

သုတေသီတိ အဆိုအရ အေတွိရှိချက်က လူသားတိ အသက်အရွယ် ကြီးရင့်လာစွာကို ပြောင်းလဲလာနိုင်ရေလို့ ဆိုပါရေ။ အသက်ကြီးလာရေ လူတိမှာ သွီးတိုးလီဖြတ်၊ နုလုံးရောဂါ နန့် အခြားရောဂါတိ ထူပြောလာကေလည်း ယင်းဆဲလ်တိကိုရာ နုပျိုလားအောင် ပြန်လုပ်နိုင်ကေ ယင်းလက္ခဏာတိကို ချော့ချလားနိုင်ဖို့လို့ ဆိုပါရေ။

ပိုပနာ တိတိကျကျ ဖြစ်လာဖို့ နောက်ထပ် သုတေသနတိ ထပ်လုပ်ဖို့ လိုသိမ့်ရေလို့ သုတေသီအဖွဲ့ ဂေါင်းဆောင် ပြိုဖက်ဆာ လိုနာ ဟဲရစ် က ပြောပါရေ။

ကိုးကား – https://www.rt.com/news/409314-old-cell-rejuvenation-breakthrough/