တရုတ်ဘဏ်တိကို နိုင်ငံခြားသားတိ ပိုင်နိုင်ဗျာလ်

0
1202
တရုတ်ပြည်က မဟာကျောက်တံတိုင်း
တရုတ်ပြည်က မဟာကျောက်တံတိုင်း

၂၀၁၇ ခုနှစ်၊ နိုဗန်ဘာ ၁၀ ရက် – နိုင်ငံအများစုမှာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ပြည်ပနိုင်ငံတိက ကိုယ့်နိုင်ငံထဲမှာ ရင်းနှီးမြှပ်နှံမှု လာလုပ်ကတ်ကေ ဒေသတွင်းက ကုမ္ပဏီကို ၅၁% ပိုင်ဆိုင်မှုပီးပနာ ပြည်ပက ကုမ္ပဏီကို ၄၉% အထိရာ ပိုင်ဆိုင်မှု အများဆုံး ပီးကတ်ပါရေ။ ပြည်တွင်းမှာ ပြည်ပနိုင်ငံတိ နန့် နိုင်ငံခြားသားတိ လွှမ်းမိုးမှု ကင်းအောင်လို့ပါ။

ကဗာမှာ ဒုတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားရေ တရုတ်နိုင်ငံက၊ နိုင်ငံခြား ကုမ္ပဏီတိ ပိုင်ဆိုင်မှုကို လက်ရှိ ခွင့်ပြုထားရေ ၄၉% ကနိန်ပနာ လာဖို့ ၃ နှစ်အတွင်းမှာ ၅၁% ထိ တိုးပီးလားဖို့လို့ ဒုတိယ ဘဏ္ဍာရေးဝန်ကြီး ဇောင် ဂွမ်ယောင်း က အေနိန့်ခါ ကြေငြာလိုက်ပါရေ။

အေပိုင် ဖွင့်ပီးလိုက်တေအလိုက် တရုတ်နိုင်ငံက ဘဏ်တိနန့် စီးပွားရေးလုပ်ငန်းတိကို နိုင်ငံခြားကုမ္ပဏီတိက ပိုပနာ ပိုင်ဆိုင်ခွင့် အခွင့်အရေး ကကောင်း မကြာခင် ရလာပါဖို့။ ဒေါ်လာ ထရီလီယံပေါင်း မြောက်များစွာနန့် လည်ပတ်နိန်ရေ တရုတ်နိုင်ငံ စီးပွားရေးစွာ မကြာ အမေရီကန်ပြည်ထောင်စုကို ကျော်တက်လားဖို့ အလားအလာ ရှိနိန်ပါရေ။

ကိုးကား – https://www.rt.com/business/409433-china-allows-foreign-finance/