အာလီဘာဘာ လူလွတ်တိနိန့် စျီးရောင်းပွဲတော် ကဗာ့ စံချိန်ချိုး

0
1293
Jack Ma, Chairman of Alibaba Group, and actor Nicole Kidman attend a show during Alibaba Group’s 11.11 Singles’ Day global shopping festival in Shanghai, China, November 10, 2017. REUTERS/Aly Song အာလီဘာဘာအုပ်စု ဥက္ကဌ ဂျပ်ခ် မား၊ သြစတြီးယား မင်းသမီး နီကိုးလ် ကဲ့ဒ်မန်

၂၀၁၇ ခုနှစ် နိုဗန်ဘာ ၁၁ ရက် – အေနိန့် နိုဗန်ဘာ ၁၁ ရက်နိန့် ရက်စွဲစွာ ၁၁၊ ၁၁ (ဝါ) ၁ လေးလုံး ဖြစ်နိန်ရေအတွက် လူလွတ်တိနိန့်လို့ တရုတ်ပြည်မှာ သတ်မှတ်ထားပနာ ယင်းနိန့် ၂၄ နာရီကို အထူးစျီးရောင်းပွဲတော်နိန့်အဖြစ် အွင်လိုင်းရောင်းဝယ်ရေး ကုမ္ပဏီ အာလီဘာဘာ(Alibaba)က သတ်မှတ်ထားပါရေ။ နိုဗန်ဘာ ၁၀ ရက်နိန့် ညဉ့်သန်းခေါင်ကနိန် ၁၁ ရက်နိန့် ညဉ့်သန်းခေါင်အထိ ၂၄ နာရီတိတိကို အာလီဘာဘာမှာ အထူးချော့စျီးနန့်  စျီးရောင်းကတ်တေအတွက် တရုတ်တနိုင်ငံလုံးက စျီးဝယ်ချင်ရေ လူတိစွာ ယင်းအချိန်ကို ညဉ့်မအိပ်ဘဲ ထိုင်စောင့်ကတ်လေ့ရှိပါရေ။

အေနိန့် ပထမဆုံး ၂ မိနစ်မှာကို အမေရီကန်ဒေါ်လာ သန်း ၁ ထောင်ကျော်ဖိုး ရောင်းရပနာ ပထမ ၁ နာရီလောက်မှာ ဒေါ်လာ သန်း ၁ သောင်းကျော်ဖိုး ရောင်းရရေလို့ဆိုပါရေ။ စျီးရောင်းပွဲကို အေနိန့် စနိန်နိန့် ညဉ့် သန်းခေါင်တတိမှာ ပိတ်ပါဖို့။

အေနိန့် နိန့်တဝက်မှာကို အယင်နှစ်က ရောင်းခရရေ ဒေါ်လာ သန်း ၁ သောင်း ၇ ထောင် ၇ ရာကို ကျော်လားဗျာလ်လို့ဆိုပါရေ။

အာလီဘာဘာအဆိုအရ အေနှစ်စျီးရောင်းပွဲအတွက် တရုတ်နိုင်ငံမှာ ရှိရေ ပုံမှန်ဆိုင် ၁ သိန်းကို ဆမက်စတိုး “smart stores” အဖြစ် ပြောင်းထားရေလို့ဆိုပါရေ။ စျီးဝယ်ရေ အများစုက လက်ကိုင်ဖုန်းက တဆင့် ဝယ်ကတ်ပါရေ။

အဂု ညဉ့် ၁၂ နာရီတတိမှာ အာလီဘာဘာအတွက် လူလွတ်တိနိန့် တရက်တည်း စျီးရောင်းရရေ ဖေ့သာစွာ ဒေါ်လာ သန်းပေါင်း ၂ သောင်း ၅ ထောင် ၃ ရာ ရှိလားပါရေ။ ၂၀၁၆ ခုနှစ်ထက် ၂၉% ပိုပနာ မြင့်တက်လာပါရေ။ ၂၀၁၆ ခုနှစ်မှာ ပစ္စည်း ပို့ပီးဖို့ အမှာစာ ၆၅၇ သန်း ရှိခပနာ အေနှစ်မှာ သန်း ၇၀၀ နီးပါး ရှိရေလို့ဆိုပါရေ။

အေနှစ်မှာ စျီးရောင်းပွဲမှာ နိုင်ငံတကာက ကုမ္ပဏီတိ အပါအဝင် ဝင်ရောင်းရေ ကုန်ပစ္စည်းကုမ္ပဏီပေါင်း ၁ သိန်း ၄ သောင်း ရှိခပါရေ။

(မကြာခင် Arakan Online မှာ Alibaba ပုံစံမျိုး ကိုယ်ရောင်းချင်ရေ ပစ္စည်းတိကို ကိုယ့်ဖုန်းထဲက ရောင်းနိုင်ရေ အွင်လိုင်း အရောင်းဆိုင်ကို ထည့်လားဖို့ ပြင်ဆင်နိန်ပါရေ။ အရည်အသွေးပြည့်ပနာ စိတ်ချရရေ ကုန်သယ်တိကို Alibaba မှာ တိုက်ရိုက် ရောင်းနိုင်အောင် မြှင့်တင်ပီးလားပါဖို့။ အာလီဘာဘာမှာ အဓိက အရေးအကြီးဆုံးအချက်က ကိုယ်ရောင်းရေ ပစ္စည်း အရည်အသွေးကို ၁၀၀% အာမခံပနာ ပြောထားရေ အရည်အသွေးအတိုင်း ဝယ်ရေလူလက်ထဲကို မရောက် ရောက်အောင် ပို့ပီးရရေ ယုံကြည်စိတ်ချမှုကို တည်ဆောက်ပီးရပါရေ။ တခါ ဖောက်ဖျက်စွာနန့် ယင်းလူကို အွင်လိုင်း အရောင်းဆိုင်က ချက်ချင်း ဆွဲချပလိုက်ပါရေ။)

ကိုးကား – https://www.reuters.com/article/us-singles-day-alibaba/china-shopping-festival-smashes-record-at-halfway-mark-idUSKBN1DA1C0