အဗိုကာဒို(Avocado)လို့ ခေါ်ရေ ထောပတ်သီးပင် ဇာပိုင် စိုက်ဖို့လဲ

0
1946
ထောပတ်သီးပင် စိုက်ပုံ အဆင့်ဆင့်

အဆင့် ၁) ထောပတ်သီးကို နှစ်ခြမ်းခွဲပနာ အထဲက အစိကို ထုတ်လိုက်ပါ။

အဆင့် ၂) အစိကို အသေအချာ ဆီးပနာ အပြင်ကို အကာကို အသာချေ ခွာပလိုက်ပါ။ အပင် အယင် ပေါက်အောင်လို့ပါ။

အဆင့် ၃) အရေးအကြီးဆုံး အဆင့်ပါ။ အေအဆင့်မှားကေ အပင် မပေါက်နိုင်ပါ။ အစိ အထက်ဖက် နန့် အောက်ဖက်ကို အတိအကျ ခွဲဖို့ လိုပါရေ။ ပုံကို အသေအချာ ကြည့်ပါ။ မသေချာကေ အောက်ဖက်မှာ ဘုခေျ တဘုပါဗျာလ် နိန်ရာ ပိုကျယ်ပနာ အရောင် တစိချ ပိုပျော့နိန်ရေဆိုစွာကို သတိထားလိုက်ပါ။

အထက်ပုံ – ထောပတ်သီးစိ အောက်ဖက်

အထက်ပုံ – ထောပတ်သီးစိ အထက်ဖက်

အဆင့် ၄) အောက်ပုံမှာ ပြထားရေအတိုင်း ဒေါင့် ၃ ဒေါင့်မှာ သွားကြားထိုးတံ ၃ ချောင်းကို စဇောင်းချေ ထိုးထည့်ပါ။

အဆင့် ၅) အောက်ပုံမှာ ပြထားရေအတိုင်း ပလစ်စတစ်ခွက် (ဝါ) ရီသန့်ဘူးပြတ် ထဲမှာ ထောပတ်သီးစိကို အစိအထက်ဖက်ကို အထက်ဖက်မှာ ထားပနာ ထည့်ဗျာလ် ရီကို အစိ တဝက် မြှပ်အောင်ထိ ထည့်ပါ။

အဆင့် ၆) ရီကို မယော့လားအောင် အမြဲတမ်း စောင့်ကြည့်ပနာ ထပ်ဖြည့်ပီးပါ။

အဆင့် ၇) ၂ ပတ်ကနိန် ၆ ပတ်အတွင်း ထောပတ်သီးပင်ချေ ထွက်လာစွာကို တွိပါလိမ့်မေ။

အရွက်စိမ်းချေတိ ထွက်လာဗျာလ်ဆိုကေ အပြင်ကို ထုတ်ပနာ ကိုယ် စိုက်ချင်ရေ နိန်ရာမှာ စိုက်နိုင်ပါဗျာလ်။

ထောပတ်သီးစွာ ဥုံဖွဆိုပနာ အသီးမသီးလာနိုင်ပါ။ အသီးသီးဖို့ အနည်းဆုံး ၃ နှစ်ကနိန် ၁၅ နှစ်ထိ ကြာတတ်ပါရေ။

ကိုးကား – https://diyprojects.com/grow-avocado-seed/