အိမ်နောက်ဖက်မှာ စီးပွားဖြစ် တီလာပီယာ ငါး ဇာပိုင် မွီးဖို့လဲ

0
1862
တီလာပီယာငါး

တီလာပီယာ(Tilapia) ငါးစွာ ကဗာမှာ တတိယ အမွီးဇတ်ကတ်ဆုံး ငါးမျိုးပါ။ ပရိုတိန်းဓါတ် ကြွယ်ဝပနာ လူကြိုက်များရေအတွက် စျီးကွက်မှာ အမြဲတမ်း လိုနိန်လေ့ရှိပါရေ။ မွီးမြူလို့ အကျိုးအမြတ်များရေ ငါး တမျိုးလည်း ဖြစ်ပါရေ။

အိမ်နောက်မှာ ၁၀ ပေ ပတ်လည်လောက် ခြံလွတ်ချေ ရှိနိန်ကေတောင် မွီးမြူနိုင်ရေ ငါး တမျိုးပါ။ ကိုင်း လေ့လာကြည့်ကတ်ပါမေ။

၁) ငါး ကန် တကန် တည်ဆောက်ပါ။

ငါးကန် ဆောက်ဖို့ဆိုလို့ မျက်လုံး မပြူးလားပါကဲ့။ ၈ ပေ အရှည်၊ ၄ ပေ အနံ၊ ၂ ပေခွဲ အမြင့် ရှိရေ သစ်သားဘောင်နန့် ဖြစ်ဖြစ်၊ ဝါးဘောင်နန့် ဖြစ်ဖြစ်၊ မြေကြီးထဲမှာ တူးလို့ ဖြစ်ဖြစ် လုပ်နိုင်ပါရေ။ ကကောင်း ရှင်းလင်းရေ နည်းလမ်းက ဘောင်ခတ်ဗြီးစွာနန့် အထဲမှာ ပလစ်တစ် ထူထူ အလျား ၁၄ ပေ၊ အနံ ၁၂ ပေ ကို ၁ ထပ် (ဝါ) ၂ ထပ် လောက် ခင်းထည့်ပနာ အနားစွမ်းတိကို အထက်ဘောင်မှာ ချိုင်ထားလိုက်ရုံပါ။ တခြား နည်းမျိုးစုံနန့် ဆောက်လုပ်လို့လည်း ရပါရေ။ ငါးကန်ကို ကြီးကြီး၊ ငယ်ငယ် လုပ်ချင်စွာ လုပ်နိုင်ကေလည်း သတိထားရဖို့စွာ တခုက တီလာပီယာ ငါးကြီး ၁ ကောင်အတွက် ၁ စတုရန်းပေ အကျယ် နိန်ရာ (ဝါ) ၀.၅ ကုဗပေ ရီ လိုရေဆိုစွာပါ။ အကျယ်အဝန်းကို တွက်ပနာ ငါး အရေအတွက်ကို ထည့်ရပါဖို့။

ငါးမွီးကန်

၂) သန့်ရှင်းရေ ရီကို ထည့်ပါ။ 

ငါးတိ ကျန်းမာဖို့ အရေးကြီးရေအတွက် ရီ သန့်ရှင်းဖို့ လိုပါရေ။ လူ သောက်လို့ ရရေ ရီမျိုးနန့်ရာ တီလာပီယာငါးကို မွီးသင့်ပါရေ။ ကျုပ်တိ၊ အမှိုက်တိ ရီထဲမှာ မပါဇီပါကဲ့။ ပို သေချာချင်ကေ ရီမှာ ရှိရေ ပီအိပ်ချ် pH ကို တိုင်းကြည့်ပါ။ တီလာပီယာငါးစွာ ပီအိပ်ချ် ၇ နန့် ၉ ကြားမှာ အသက် ရှင်ရေအတွက် ရီထဲမှာ ပါရေ အဲလ်လကာလီ နန့် အက်စစ် ပါဝင်နှုန်းကို လိုအပ်တေပိုင် ညှိနှိုင်းနိုင်ပါရေ။ ရီထဲမှာ ဆားဓါတ်စွာ ၁ ထောင်ပုံမှာ ၁၈ ပုံထက် မပါသင့်ပါ။

၃) ငါးပေါက်ချေတိကို ထည့်ပါ။

ငါး မထည့်ခင် တပတ်လောက် အလိုမှာ ငါးကန်ထဲမှာ ကြက်ချီးတိ ထည့်လိုက်ပါ။ ရညှိတိ တက်လာအောင်လို့ပါ။ လက်ညိုးလုံးလောက် ရှိရေ ငါးပေါက်ချေတိကို ထည့်နိုင်ပါဗျာလ်။ အကောင်းဆုံးက ၃ ပေ ပတ်လည်မှာ ၅ ကောင်ဇီ တွက်ပနာ ထည့်ပါ။ အကောင်ဖောက်ထားရေ ရီဗူးထဲက ငါးချေတိကို ထည့်ဖို့ဆိုကေ ထည့်ဖို့ ရီနန့် ငါးကန်ထဲက ရီ အပူချိန် တူတူဖြစ်နိန်ဖို့ လိုပါရေ။ ရီ အပူချိန် ကကောင်း ကွာနိန်ကေ ငါးချေတိ သီလားနိုင်ပါရေ။

၄) အပူချိန်၊ အလင်းရောင်နန့် လီဝင်လီထွက် ကောင်းအောင် လုပ်ပါ။

တီလာပီယာငါးတိစွာ အပူချိန် ၂၅ ဒီဂရီ ကနိန် ၃၀ ဒီဂရီ စင်တီဂရိတ် အတွင်းမှာ ကကောင်း နိန်ကတ်ပါရေ။ တီလီပီယာငါးတိစွာ အလင်းရောင် ကြိုက်တေအတွက် တရက်ကို ၁၈ နာရီလောက် အလင်းရောင် ပီးနိုင်ကေ ပိုကောင်းပါရေ။ မီးချောင်းတိ ထွန်းပနာ အလင်းပီးနိုင်ပါရေ။ ရီထဲမှာ အောင်ဆီဂျင် ပို လည်ပတ်နိုင်အောင်အတွက် ရီ မျက်နှာပြင်ကို အမြဲတမ်း လည်နိန်အောင် လုပ်ပီးနိုင်ကေ ပိုကောင်းပါရေ။ ရီ ပိုက်ချေ တပိုက်နန့် ရီလည်နိန်အောင် လုပ်ပီးထားနိုင်ကေ ပိုကောင်းပါရေ။

၅) အစာ ကျွေးပါ။

တီလာပီယာငါးတိကို တန်ဖိုးကြီးရေ အစာကျွေးစရာ မလိုပါ။ ရညှိတိနန့် ရီထဲက ပိုးတိကို ကျွေးကေတောင် ရပါရေ။ အထက်မှာ ပြောခရေပိုင် ကြက်ချီးကို ရညှိတိနန့် ပိုးကောင်တိ ပွားလာဖို့အတွက် မပြတ် ထည့်ပီးနိုင်ပါရေ။ တချို့နိန်ရာတိမှာ ကြက်ခြံအောက်မှာ ကန်တူးပနာ တီလာပီယာငါးကို မွီးကတ်ပါရေ။ ဆန်မှုန့်၊ ဖွဲမှုန့်နန့် ဗေဒါရွက်ပိုင် အသီးအရွက်တိ ကျွေးနိုင်ပါရေ။ မိုးသောက်နန့် နိခင်းဖက်တိမှာ အစာကျွေးနိုင်ပါရေ။ အစာတိ မကုန်ဘဲ ကျန်နိန်အောင်ထိ မကျွေးပါကဲ့။ ကြာကေ အဆိပ်အတောက် ဖြစ်လာပနာ ရီမှာ ပါရေ ဓါတ်တိကို ပြောင်းလဲလာနိုင်လို့ပါ။ အစာကြောင့် ငါးတိ အယင်ကြီးလီ ကိုယ့် စီးပွားရေးအတွက် ပိုတွက်ခြီကိုက်လီဆိုစွာကို သတိထားပါ။

၆) ကပ်ပါးကောင်တိ မရောက်ပါဇီကဲ့။

ရီကို အသေအချာ သန့်ရှင်းအောင် မလုပ်ထားကေ ငါးတိမှာ ကပ်ပါးကောင်တိ ကျရောက်နိုင်ပါရေ။ ရီကို အမြဲတမ်း သန့်ရှင်းအောင် လုပ်ပီးပါ။ ရီထဲမှာ ဆားဓါတ်ကို မတိုးလာပါဇီကဲ့။

၇) ရောဂါ မကျဇီပါကဲ့။

ငါးတိ ရောဂါ မကျအောင် ရီကို သန့်ရှင်းအောင်ထားပါ။ ငါးတိကို ပြွတ်သိပ်အောင် မထည့်ပါကဲ့။ နိန်မကောင်းရေ ငါးတိကို တွိကေ ချက်ချင်း ခွဲထုတ်ပလိုက်ပါ။ လိုအပ်ကေ ငါး ကျွမ်းကျင်ရေ လူ (ဝါ) ငါးလုပ်ငန်းဦးစီးဌာနနန့် ဆက်သွယ်ပါ။

၈) ငါး စားရေ အပြင် တရိတ္ဆန်တိကို သတိထားပါ။

ငှက်တိ၊ ကြောင်တိ၊ မြွီတိပိုင် ငါး စားရေ သတ္တဝါတိကို သတိထားပါ။ အချေတိ ကဇတ်ယင်း ရီကန်ကို မဖောက်လားအောင် သတိထား စောင့်ကြည့်ပါ။

၉) ငါးကန်ကို မပြတ် ထိန်းသိမ်း စောင့်ရှောက်ပါ။

ရီကို သန့်အောင်ထားပါ။ ဗေဒါပင်တိ စိုက်ပီးပါ။ အရွက်တိ အမှိုက်တိ မကျပါဇီကဲ့။ ကန်ပေါက်လားကေ ချက်ချင်း ပြန်ဖာပါ။

၁၀) ငါးဖမ်းနိုင်ပါဗျာလ်။

တီလာပီယာငါးတိစွာ ၆ လ၊ ၇ လ လောက်ဆိုကေ ဖမ်းပနာ ရောင်းဖို့ အဆင်သင့်ပါ။ အကောင်းဆုံးက ငါး ဖမ်းဗြီးစွာနန့် နောက်တသုတ်မွီးဖို့ အဆင်သင့် ဖြစ်နိန်ဖို့ လိုပါရေ။ တတ်နိုင်ကေ ၁ လ ၁ ခါ ၁ ကန်ဇီ ရောင်းနိုင်အောင် ငါးကန် ၆ ကန်၊ ၇ ကန် ဆောက်ထားကေ ပိုကောင်းပါရေ။ ငါးကို ကိုယ့်စွာကို ဖောက်ပါ။ ငါးပေါက်ချေတိ ပွတ်သိပ်မထည့်ဖြစ်အောင် ငါးပေါက် အပိုတိကို ရောင်းပလိုက်ပါ။ ရီစစ်ပုံစံ ငါးဖမ်းပိုက် ဇကာနန့် ငါးကြီးတိကို ဖမ်းပါ။

တီလာပီယာ ငါးမွီးနည်းက အေလောက်ပါဗျာလ်။ အေထက်များရေ အကြီးစား မွီးမြူနည်းကို နောက်ရွီးပီးပါမေ။

မှတ်ချက် – ကိုယ်တိုင် မမွီးဖူးပါ။ ရခိုင်သားတိ ဆင်းရဲစွာကို တိုက်ဖျက်ဖို့ ရည်ရွယ်ပနာ အခြားနိုင်ငံတိမှာ အောင်မြင်နိန်ရေ နည်းပညာတိကို ဘာသာပြန်ပနာ အသိပညာ တိုးပီးစွာရာ ဖြစ်ပါရေ။ နည်းပညာပိုင်းနန့် စီးပွားရေး အသိပညာမှာ အထောက်အကူ ပြုလိမ့်မေလို့ ယူဆမိပါယင့်။

ကိုးကား – https://toughnickel.com/self-employment/How-to-Farm-Tilapia-Fish-in-your-Home-Backyard