ပလင်းကို ဇာပိုင် ဖြတ်ဖို့လဲ?

0
1761

အယင်ရက်တိက သုံးဗြီးသား ပလင်းတိကို ဖန်ခွက်၊ မီးခွက်၊ မီးဆိုင်း အစရှိပနာ ဥာဏ်ရှိကေ ရှိသလောက် အပျော်တမ်းကနိန် စီးပွားဖြစ်တိ လုပ်နိုင်ရေဆိုစွာ တင်ပြလားဗြီး ဖြစ်ပါရေ။ အလွယ်ဆုံး ပလင်းဖြတ်နည်း တနည်းကိုလည်း ပြထားပါရေ။ အေတခါ ပလင်းဖြတ်နည်း နောက်တနည်းကို တင်ပြပီးပါမေ။

လိုစွာတိ

၁) ပုံမှာ ပြထားရေပိုင် သစ်သားပြား ၄ ပြား

၂) အလွယ်တကူ လည်နိုင်ရေ တာယာ ၄ လုံး

၃) ပတင်း ကပ္ပဇာ ၂ ခု

၄) မှန်ဖြတ်တေ စိန်သွား ၁ ခု

၅) ဆကြူချေ ၂ ဒါဇင်၊ သံမှို ၄ ချောင်း

လုပ်ပုံ အဆင့်ဆင့်

ပုံမှာ ပြထားရေအတိုင်း တာယာချေ ၄ လုံးကို ဖြတ်ဖို့ ပလင်းကို ကြားမှာ ထည့်လိုက်ကေ အလွယ်တကူ လည်နိုင်ရေ အကွာအဝီးမှာ ဆကြူချေတိနန့် အသီတပ်လိုက်ပါ။

ပုလင်း ရှိတိုး နောက်ဆုတ် မလုပ်အောင် နောက်ဖက်မှာ အထိန်းပြားချေကို နောက်မှာ ဒေါက်နန့် သံမှိုခတ်လိုက်ပါ။

ပုံမှာ ပြထားရေအတိုင်း သစ်သားပြားကြီးကို အစွန်တဖက်မှာ ကပ္ပဇာ ၂ ခုကို ဆကြူစွဲပနာ အသီတပ်လိုက်ပါ။

ပလင်းအလယ်တတည့်မှာ မှန်ဖြတ်တေ စိန်သွားကို ဆကြူနန့် အသီစွဲလိုက်ပါ။

 

အထက်က သစ်သားပြားကြီးကို အသာချေ ဖိပနာ ပလင်းကို အသာအသာ လည်ပီးပါ။

 

 

 

ပုံမှာ ပြထားရေအတိုင်း ပလင်းမှာ ခြစ်ရာ နနက်ချေ ထင်းလာဗျာလ်ဆိုကေ ဖြတ်နိန်စွာကို ရပ်လိုက်ပါ။

 

 

 

ပလင်းကို မီးထွန်းထားရေ ဖယောင်းတိုင်ထက်မှာ ၄၅ စက္ကန့်လောက် အပူပီးပါ။

 

 

 

ပလင်း အပူရှိန် များလာဗျာလ်ဆိုကေ ရီအအီး ထည့်ထားရေ ရီဗူး ၁ ဗူးထဲမှာ ပလင်းကို ရုတ်ရက် နစ်ချလိုက်ပါ။ (ရခဲရေဆိုကေ ပိုကောင်းပါရေ။)

 

 

 

“ခြတ်” ဆိုပနာ ပလင်း ကွဲလားပါလိမ့်မေ။ ပလင်း ထူလို့ မကွဲဆိုကေ ဖယောင်းတိုင်ထက်မှာ ပြန်အပူပီးပနာ ရီထဲမှာ ပြန်နစ်ပါ။

 

 

အနားတိကို ညီပနာ ချောလားအောင် ကျောက်ကို ရီနန့် တိုက်ပီးပါ။

အေနည်းချေတခုကို စိတ်ကူးဥဏ်တစိချေ ထပ်ပေါင်းပနာ ဖေသာ ရှာနိုင်ရေဆိုစွာကို ညီအကို မောင်နှမရို့ သတိပြုနိုင်ကတ်ပါဇီ။