မြောက်ကိုးရီးယားကို “အကြမ်းဖက် အားပီးရေ နိုင်ငံ” လို့ ထရုန့်ပ် သတ်မှတ်စွာ စစ်ရေးအရ ကျူးကျော်ဖို့ ဖြစ်နိုင်

0
1154
North Korean Leader - Kim Jong Un & US President Donald Trump

၂၀၁၇ ခုနှစ် နိုဗန်ဘာ ၂၁ ရက် – တနင်္လာ နိန့်မှာ အမေရီကန်ပြည်ထောင်စု သမ္မတ ဒိုနဲလ် ထရုန့်ပ် က မြောက်ကိုးရီးယားနိုင်ငံကို “အကြမ်းဖက်မှု အားပီးရေ နိုင်ငံ”လို့ သတ်မှတ်လိုက်စွာရေ “အကြမ်းဖက်သမားတိနန့် ဆွေးနွေးမှု၊ သံတမန် ဆက်ဆံမှု မလုပ်” ဆိုရေ မူဝါဒကို လက်စွဲကိုင်ပနာ စစ်ရေးအရ ကျူးကျော်ဖို့အတွက် နောက်ဖေးတန်းခါး ဖွင့်လိုက်စွာနန့် တူရေလို့ စစ်ရေးကျွမ်းကျင်ရေ လူတိက သုံးသပ်ကတ်ပါရေ။

ကဗာမှာ နြူးကလီးယား လက်နက်အများဆုံးကို ပိုင်ဆိုင်ထားရေ အမေရီကန်ပြည်ထောင်စုက သူ့မိတ်ဆွေ မဟုတ်တေ နိုင်ငံတိက နြူးကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးစားတိုင်း တရားမဝင်လို့ ကြေငြာပနာ နည်းမျိုးစုံနန့် ပိတ်ပင်ဖို့ ကြိုးစားစွာက ကကောင်း အံ့သြစရာပါ။ တကဗာလုံးကို သူ့လက်သူ့ခြီနန့် စိတ်ကြိုက်စီမံချင်ရေ အမေရီကန်ပြည်ထောင်စု နိုင်ငံခြားရေး ပေါ်လစီက ရွံစရာကို ကောင်းလာပါရေ။ အေအတိုင်း ဆက်လားနိန်ဖို့ဆိုကေ မြောက်ကိုးရီးယားနန့် အမေရီကန်ပြည်ထောင်စု ဆက်ဆံရေးက ပိုဆိုးလာဖို့လို့ ပညာရှင်တိက သုံးသပ်ကတ်ပါရေ။

အဂုအချိန်မှာ မြောက်ကိုးရီးယားနိုင်ငံစွာ အမေရီကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနက အယင် “အကြမ်းဖက် အားပီးရေနိုင်ငံ”လို့ ကြေငြာခံထားရရေ ဆူဒန်၊ အီရန် နန့် ဆီးရီးယားနိုင်ငံရို့ထဲမှာ အပေါင်းအပါ ဖြစ်လားပါဗျာလ်။