မျက်နှာက အစက်တိ ၃ ညဥ့်နန့် ပျောက်ချင်လာ?

0
1273
အစက်အပြောက်တိ ၃ ညဥ့်နန့် ပျောက်ချင်ကေ

မျက်နှာက အစက်အပြောက်တိကို ပျောက်ဖို့ အတွက် အဓိက ဇာတ်လိုက်က အာလူ အစိမ်း ၁ လုံး ပါ။ အောက်က နည်းလမ်းတိထဲက တခုခုနန့် လုပ်နိုင်ပါရေ။

၁) အာလူစိမ်း ၁ လုံး + ဆီးသံဖရာ ၁ ခြမ်း အရည်

အာလူ အစိမ်း ၁ လုံးကို လုံးဝ ညှက်လားအောင်ထိ ထောင်းပနာ၊ ဆီးသံဖရာ ၁ ခြမ်းကို အရည်ညှစ်ထည့်ဗျာလ် သမအောင် ရောလိုက်ပါ။  ယင်းအရည်ကို မျက်နှာမှာ သနပ်ခါးပိုင် အသာအသာ လိမ်းပီးဗျာလ် မိနစ် ၂၀ လောက် အကြာ ထားလိုက်ပနာ ရီနန့် ပြန်ဆီးချပလိုက်ပါ။

၂) အာလူစိမ်း ၁ လုံး + ကြက်သွန် အဖြူရောင် ၁ ခြမ်း (ကြက်သွန်ဖြူ မဟုတ်ပါ။ ကြက်သွန်နီပုံစံ အဖြူရောင် ကြက်သွန်ပါ)

အာလူ အစိမ်း ၁ လုံးနန့် အဖြူရောင် ကြက်သွန် ၁ ခြမ်းကို ရောပနာ ကကောင်း ညှက်အောင် ထောင်းပလိုက်ပါ။ ယင်းချင့်ကို မျက်နှာမှာ အသာအသာ လိမ်းပီးပနာ၊ ၁၅ မိနစ်လောက် ကြာရေခါ ရီနန့် ပြန်ဆီးချပလိုက်ပါ။

၃) အာလူစိမ်း ၁ လုံး + သခွားသီး ၁ ခြမ်း

အာလူ အစိမ်း ၁ လုံးကို သခွားသီး ၁ ခြမ်းနန့် ရောပနာ ကကောင်း ညှက်အောင် ထောင်းပလိုက်ပါ။ ယင်းထောင်းထားစွာကို မျက်နှာမှာ အသာအသာ လိမ်းပီးပနာ၊ ၂၅ မိနစ်လောက် ကြာရေခါ ရီနန့် ပြန်ဆီးချပလိုက်ပါ။

၄) အာလူစိမ်း ၁ လုံး + မလာဥနီ ၁ ခြမ်း

အာလူ အစိမ်း ၁ လုံးကို မလာဥနီ ၁ ခြမ်းနန့် ရောဗျာလ် ကကောင်း ညှက်အောင် ထောင်းပလိုက်ပါ။ ယင်းထောင်းထားစွာကို မျက်နှာမှာ အသာအသာ လိမ်းပီးပနာ၊ မိနစ် ၂၀ လောက် ကြာရေခါ ရီနန့် ပြန်ဆီးချပလိုက်ပါ။

အိပ်ခါနီး ၃ ညဥ့်လောက် ဆက်တိုက် လုပ်လိုက်စွာနန့် မျက်နှာက အစက်အပြောက်တိ ပျောက်လားပါလိမ့်မေ။