လူ ၁၀၀ မှာ ၃၅ ယောက်က သန်းကြွယ်သဌေး ဖြစ်နိန်ရေ မိုနာကိုနိုင်ငံ

0
1564
© Valery Hache / AFP

ကဗာ့သန်းကြွယ်သဌေးတိ အလုအယက်နိန်လာကတ်တေအတွက် နိန်စရာ မြေမရှိ ဖြစ်လာရေခါ မြေထဲပင်လယ်ထဲမှာ လူနိန်အိမ်ယာစီမံကိန်းတခုကို ထပ်တိုးချဲ့ပီးဖို့ မိုနာကို မင်းသား အောလ်ဘာ့တ် ၂ (Prince Albert II)က မီးစိမ်းပြလိုက်ပါရေ။

ယင်းအိမ်ယာစီမံကိန်းမှာ နောက်ထပ် သန်းကြွယ်သဌေး ၂၇၀၀ ဦး နောက် ၁၀ နှစ်အတွင်း နိန်နိုင်အောင်အတွက်ဆိုပနာ ခွင့်ပြုလိုက်စွာဖြစ်တေလို့ ဂါးဒီးယမ်း(Guardian) သတင်းစာမှာ ဖော်ပြထားပါရေ။

© Mandoga Media / Global Look Press

မိုနာကိုနိုင်ငံစွာ နယူးယော့ခ်မြို့လယ်က ပန်းခြံလောက်ရာ ရှိပနာ ဧရိယာ အကျယ်အဝန်း ၂.၀၂ စတုရန်း ကီလိုမီတာ(၀.၇၈ စတုရန်းမိုင်)ရာ ရှိပါရေ။ ကဗာမှာ ဒုတိယအငယ်ဆုံး မြို့နိုင်ငံချေပါ။ ၂၀၁၆ ခုနှစ် သန်းခေါင်စာရင်းမှာ လူဦးရေ ၃၈၄၀၀ ဦး ရှိရေလို့ဆိုပါရေ။ လူ ၅ ယောက်မှာ ၁ ယောက်ရာ မူလ ဒေသခံ တိုင်းရင်းသား ဖြစ်ပါရေ။ လူ ၁၀၀ မှာ ၃၅ ယောက်က သန်းကြွယ်သဌေးတိဖြစ်ပနာ နောက်ထပ် ပမာဏ ထပ်တိုးလာဖို့သိမ့်လို့ဆိုပါရေ။ ယင်းအတွက်နန့် ၆ ဟတ်တာကျယ်ရေ နိန်ရာတခုကို မြေထဲပင်လယ်မှာ မြေဖို့ပနာ အဆင့်မြင့် အိမ် ၁၂၀ လုံးပါရေ အိမ်ယာစီမံကိန်းတခုကို တည်ဆောက်လားဖို့ ပြင်ဆင်နိန်စွာပါ။

© Pascal Guyot / AFP

မိုနာကိုနိုင်ငံမှာ အိမ် ၁ စတုရန်းမီတာ အကျယ်ကို ယူရို ၉၀၉၀၀ တန်ဖိုး ရှိရေအတွက် ဟောင်ကောင် ဗြီးကေ ကဗာမှာ ဒုတိယစျီး အကြီးဆုံးပါ။

© Bogdan Cristel / Reuters

မိုနာကိုနိုင်ငံမှာ ဝင်ငွေခွန် မကောက်ပါ။ မိုနာကိုနိုင်ငံမှာ နိန်ထိုင်ခွင့် လျောက်ဖို့ဆိုကေ မိုနာကိုနိုင်ငံထဲမှာ နိန်ဖို့နိန်ရာ ပြဖို့လိုရေပိုင် မိုနာကိုဘဏ်ထဲမှာ အနည်းဆုံး ယူရို ၅ သိန်း ထည့်ထားဖို့လိုပါရေ။ အနည်းဆုံး ၁ နှစ်ကို ၆ လ အနိန်ပြဖို့လည်း လိုပါရေ။

© Valery Hache / AFP