မြောက်ကိုးရီးယားမှာ စစ်ဖြစ်ကေ အံ့သြဖို့ မဟုတ်လို့ ရာရှား လုံခြုံရေးဂေါင်းဆောင်ပြော

0
1392
FILE PHOTO: The U.S.-South Korea joint landing operation drill in Pohang, South Korea © Kim Hong-Ji / Reuters

မြောက်ကိုးရီးယားမှာ စစ်ဖြစ်လာဖို့ဆိုကေ ရာရှားစစ်တပ်က အတပ်သိဗြီးသား ဖြစ်နိန်လို့ လုံးဝ အံ့သြဖို့မဟုတ်လို့ ရာရှားနိုင်ငံ လုံခြုံရေးဂေါင်းဆောင် နီကိုလေး ပတ်ထရူချိဖ်(Nikolay Patrushev)က ပြောပါရေ။

ဗုဒ္ဓဟူးနိန့်က ပစ်လွှတ်လိုက်တေ ဟွာဆင်း ၁၅(Hwasong 15) ဒုံးကျည်ကို မြောက်ကိုးရီးယားနိုင်ငံက အမေရီကန်ပြည်ထောင်စု တခုလုံးကို လှမ်းပစ်နိုင်ရေ ဒုံးကျည်လို့ ကြေငြာရေပိုင် အမေရီကန်ပြည်ထောင်စုကလည်း စစ်ပွဲနန့် နီးလာဗျာလ်လို့ သတိပီးလိုက်ပါရေ။

စကားစစ်ပွဲကနိန် တကယ့်စစ်ပွဲဖြစ်လာကေ လုပ်ရဖို့စွာတိကို ရာရှားက တွက်ချက်ပနာ ပြင်ဆင်နိန်ဗျာလ် ဖြစ်လို့ လုံးဝ အံ့သြဖို့ မဟုတ်လို့ဆိုပါရေ။ “တကယ့် စစ်ဖြစ်လာဗျာလ်ဆိုကေတော့ နိုင်ငံတချို့ လုံးဝ ထိန်းမနိုင်၊ သိမ်းမနိုင် ဖြစ်လာနိုင်ပနာ ဆိုးကျိုးတိ အများကြီးပါလာနိုင်ပါရေ။ တချို့ အကျိုးဆက်တိက ရာရှားနိုင်ငံကိုလည်း ရိုက်ခတ်နိုင်ပါရေ။” ယင်းအတွက်နန့် သံတမန်ရေးနန့် ညှိနှိုင်းအဖြေရှာဖို့စွာကိုရာ ရာရှားက အားပီးရေလို့ ဆိုပါရေ။

မြောက်ကိုးရီးယားနိုင်ငံ နယ်စပ်မှာ တောင်ကိုးရီးယားနိုင်ငံနန့် အမေရီကန်ပြည်ထောင်စုရို့ မပြတ်စစ်ရေး လေ့ကျင့်နိန်စွာက မြောက်ကိုးရီးယားနိုင်ငံကို စိန်ခေါ်စော်ကားနိန်ရေပိုင် ဖြစ်နိန်လို့ ယင်းစစ်ရေးလေ့ကျင့်စွာတိကို အယင်ဆုံး ရပ်သင့်ရေလို့ တရုတ်နိုင်ငံကလည်း တိုက်တွန်းထားပါရေ။ ယကေလည်း အမေရီကန်ပြည်ထောင်စုက မရပ်တန့်ပါ။

အမှန်တကယ်ရာ စစ်ဖြစ်လာဖို့ဆိုကေ လူအများကြီး အနာတရ ဖြစ်ပနာ၊ သီနိန်ရေလို့ ဆီးနိန်လွှတ်တော် အမတ် လိန်ဒ်ဆဲ ဂြေဟမ်(Lindsay Graham)က သတိပီးထားပါရေ။

(မြောက်ကိုးရီးယားနိုင်ငံရာ အမှန်တကယ် နြူးကလီးယားဗုံးကို သုံးဖို့ဆိုကေ ပထမဆုံး ခံရဖို့နိုင်ငံက တောင်ကိုးရီးယားနိုင်ငံပါ။ အိမ်ကြက်ချင်း အိုးမဲသုတ်ပနာ တိုက်နိန်စွာနန့် တူပါယင့်။)

ကိုးကား – https://www.rt.com/news/411504-russia-prepared-war-north-korea/