ယူအန်(UN)က ချမှတ်ထားရေ လူတိ တကဗာလုံးမှာ ကြိုက်တေပိုင် ရွိပြောင်းနိန်ထိုင်နိုင်အောင် အထောက်အကူ ပြုပီးလားရဖို့ဆိုရေ ကဗာလုံးဆိုင်ရာ သဘောတူညီချက်က “အချုပ်အချာအာဏာနန့် မကိုက်ညီ” ဆိုပနာ ယူအက်ဆ်(US) နှုတ်ထွက်လားပါရေ။
အမေရီကန်ပြည်ထောင်စုက ခန့်အပ်ထားရေ ယူအန် သံအမတ်ကြီး နဲ့ခ်ခီး ဟာလေး(Nikki Haley)က ရွိပြောင်းချင်ရေ လူတိ နိုင်ငံတကာမှာ ကြိုက်တေပိုင် ရွိပြောင်းနိန်ထိုင်နိုင်အောင် အထောက်အကူပြုပီးရဖို့လို့ တကဗာလုံးက သဘောတူထားကတ်တေ သဘောတူညီချက်စွာ အမေရီကန်တိ ခံယူထားရေ အချုပ်အချာအာဏာနန့် ဆန့်ကျင်နိန်လို့ ယင်းသဘောတူညီချက်က နှုတ်ထွက်တေလို့ စာနန့် အသိပီးပနာ နှုတ်ထွက်လားပါရေ။
ယူအန်က ရွိပြောင်းကူးလူးနိန်ထိုင်ခွင့်ကို အဓိက ကိုင်တွယ်ရေ အဖွဲ့အစည်းဖြစ်တေ နိုင်ငံတကာ ရွိပြောင်းနိန်ထိုင်ရေးဆိုင်ရာ အဖွဲ့အစည်း(International Organization for Migration (IOM)) အဆိုအရ “ဇာပိုင် အခြေအနေမျိုးနန့်မဆို နိုင်ငံရပ်ခြားကို ရွိပြောင်းလာဗြတ်စီ၊ ယင်းလူတိ အခွင့်အရေးနန့် လွတ်လပ်ခွင့်အတွက် အသားအရောင် ခွဲခြားဆက်ခံရစွာ၊ နည်းအမျိုးမျိုးနန့် အနိုင်ကျင့်ခံရစွာတိ အားလုံးကို ကာကွယ်တိုက်ဖျက်ပီးလားရဖို့” ဆိုရေ သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်မှာ ပြဌာန်းလားဖို့ ပြင်ဆင်ထားပနာ၊ ယင်း သဘောတူညီချက်က အမေရီကန်ပြည်ထောင်စု နှုတ်ထွက်လားစွာလို့ဆိုပါရေ။
ယင်းသဘောတူညီချက်ကို ၂၀၁၅ ခုနှစ် ယူအန် အထွေထွေညီလာခံမှာ ၂၀၃၀ ခုနှစ်ရောက်ကေ နိုင်ငံကူးလူးနိန်ထိုင်ချင်ရေ လူတိ လုံလုံခြုံခြုံ၊ စနစ်တကျနန့် လားချင်ရေပိုင် လားလာနိုင်အောင် နိုင်ငံတကာက ကူညီထောက်ပံ့ပီးလားရဖို့ဆိုစွာကို ရေရှည်တည်တံ့ရေ ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဥ်(Agenda for Sustainable Development)ဆိုရေ ဂေါင်းစီးအောက်မှာ ပဏာမ သဘောတူညီခကတ်ရေလို့ ဆိုပါရေ။
အမေရီကန်ပြည်ထောင်စုစွာ တရားမဝင် ရွိပြောင်းလာရေ လူတိကို အပြင်းအထန် တိုက်ဖျက်နိန်စွာမှာ အပြင်းအထန်ဆုံး အနိန်နန့် အရွယ်မရောက်ဘဲ အမေရီကန်ပြည်ထောင်စုထဲ ဝင်လာရေ အချေတိကို ပြန်မောင်း မထုတ်ရ(Deferred Action for Childhood Arrivals (DACA))ဆိုရေ ဥပဒေကိုတောင် အမေရီကန်ပြည်ထောင်စု သမ္မတက စက်တင်ဘာလထဲမှာ ပြန်ရုတ်သိမ်းလိုက်ပါဗျာလ်။ ၆ လအတွင်း အောက်လွှတ်တော်က ဥပဒေပြုဗြီးလားကေ အမေရီကန်ပြည်ထောင်စုမှာ ရောက်နိန်ရေ အရွယ်မရောက်တေ အချေ ၇ သိန်းလောက်ကို မိခင်နိုင်ငံတိကို အချိန်မရွေး ပြန်ပို့နိုင်ရေ အနိန်အထားမျိုး ရောက်လာနိုင်ပါရေ။
ယင်း ဒါကာ(DACA) ဥပဒေကို “အိမ်မက် မက်နိန်ရေ လူတိ” လို့လည်း ခေါ်ကတ်ပနာ ၂၀၁၂ ခုနှစ်မှာ အိုဘားမား အစိုးရက အထူးပြဌာန်းချက် ထုတ်ပြန်ပနာ အချေတိ မိခင်နိုင်ငံကို ပြန်ပို့ မခံရအောင် ကာကွယ်ခစွာပါ။
မကြာခင် အမေရီကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့်ဗီဇာကို ထီဖောက်တေ ပုံစံမျိုးနန့် ပီးနိန်ရေ အစိမ်းရောင်ကဒ်ထီ(Green Card lottery)ကိုလည်း ပြန်ရုတ်သိမ်းပနာ အမှတ်ပီးစနစ်(merit-based system)နန့် ပြန်အစားထိုးလားဖို့လို့ဆိုပါရေ။