တရုတ်က ပထမဦးဆုံး နီစွမ်းအင်သုံး အဝီးဗြီးလမ်းမ လျှပ်စစ်ကားတိကို အားသွင်းပီးဖို့

Photovoltaic Pavement Experimental Section © Qilu Transportation Development Group

တရုတ်နိုင်ငံမှာ ပထမဆုံး စမ်းသပ်တေ နီစွမ်းအင်သုံး ၁ ကီလိုမီတာ အရှည် အဝီးဗြီးလမ်းမက ယင်းလမ်းထက်မှာ ဖြတ်လားရေ လျှပ်စစ်ကားတိကို ဝါယာကြိုးမဲ့စနစ်နန့် အားသွင်းပီးလားဖို့လို့ ဆိုပါရေ။

ယင်းအဝီးဗြီးလမ်းမကို တရုတ်နိုင်ငံ ရှမ်ဒေါင်ဒေသ ဂျီနန်မြို့မှာ ကွီလူး သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးရေးအုပ်စု(Qilu Transportation Development Group)က တနှစ်ကြာ တည်ဆောက်ဗြီးကေ ဖွင့်လှစ်လိုက်စွာ ဖြစ်ပါရေ။ အေနည်းပညာက လောင်စာဆီကို မှီခိုနိန်ရရေ လမ်းပမ်းဆက်သွယ်ရေး စနစ်ကို လုံးဝ ပြောင်းလဲပလိုက်နိုင်ဗျာလ်၊ ရနံထုတ်တေနိုင်ငံတိကို အလဲထိုးနိုင်ရေ နည်းပညာတခုလည်း ဖြစ်လာနိုင်ပါရေ။

© Qilu Transportation Development Group

ယင်း နီစွမ်းအင်သုံး အဝီးဗြီးလမ်းမမှာ အလွှာ ၃ လွှာ ပါပနာ၊ အောက်ဆုံးမှာ အပူကာ တထပ်၊ အလယ်မှာ အလင်းရောင်စုပ် လျှပ်စစ်ထုတ်ပြား တထပ်နန့် အထက်ဆုံးမှာ အလင်းဖောက် ကင်ကရိတ်ပြား တထပ် ပါပါရေ။

အလင်းရောင်စုပ် လျှပ်စစ်ထုတ်ပြား ဧရိယာ စုစုပေါင်းက ၅၈၇၄ စတုရန်းမီတာ ကျယ်ပနာ၊ လျှပ်စစ် ၈၀၀ ကီလိုဝပ် ကို ထုတ်ပီးနိုင်ပါရေ။

ယင်းလမ်းက ထွက်တေ လျှပ်စစ်ဓါတ်အားနန့် လမ်းဘေး ဓါတ်မီးတိုင်တိ၊ ဆိုင်းဘိုးတ်တိ၊ စောင့်ကြည့်ရေး ကင်မရာတိ၊ လှိုင်ခေါင်းတိ နန့် ဖေ့သာကောက်တေ လမ်းဂိတ်တိကို ဓါတ်အား အလုံအလောက်ပီးနိုင်ရေအပြင် မဟာဓါတ်အားလှိုင်းကိုလည်း ဓါတ်အားပံ့ပိုးပီးနိုင်သိမ့်ရေလို့ ကွီလူးအုပ်စု ဥက္ကဌ ဇူ ရွင်ဖူး(Xu Chunfu)က ဆိုပါရေ။

အနာဂတ်မှာ လမ်းထက်မှာ ဖြတ်လားရေ လျှပ်စစ်ကားတိကို ဝါယာမဲ့ လျှပ်စစ်ဓါတ်အား သွင်းပီးနိုင်ရေအပြင်၊ လမ်းထက်က နှင်းတိကို အရည်ဖျော်ဖို့နန့် အိန်တာနတ် ဆက်သွယ်ပီးဖို့အတွက်လည်း သုံးလားဖို့လို့ ဆိုပါရေ။ နောက်ဆို ယင်းလမ်းထက်မှာ ဖြတ်လားယင်းနန့် ဖုန်းတိ၊ လတ်တော့ပ် ကင်ပျူတာတိကိုလည်း ဝါယာမဲ့ အားသွင်းလာနိုင်ရေအပြင်၊ ယင်းလမ်းထဲမှာ သတင်းအချက်အလက်တိကို သိုလှောင်ထားပနာ အလွယ်တကူ ရယူလာနိုင်ရေလို့ ဆိုပါရေ။

ယင်းလမ်းစွာ ကဗာ့ပထမဆုံး နီစွမ်းအင်သုံး အများသုံး လမ်းဖြစ်ပနာ၊ ဗြီးခရေ တနှစ်က ပြင်သစ်နိုင်ငံမှာလည်း ယူရို ၅ သန်းကျော် ကုန်ကျရေ ၁ ကီလိုမီတာ အရှည် လမ်း ၁ လမ်းကို ဖွင့်လှစ်ဖူးခပါရေ။ တရုတ်နိုင်ငံမှာ ကုန်ကျစရိတ်က တခြားနိုင်ငံတိ ကုန်ကျစရိတ် တဝက်တောင် မရှိလို့ ဆိုပါရေ။

အေလမ်းတိရာ တွင်ကျယ်လာဖို့ဆိုကေ လက်ရှိ ကဗာ့စီးပွားရေးစနစ်နန့် လူနိန်မှုပုံစံစွာ တမျိုးတဖုံ ပြောင်းလဲလားနိုင်ပါရေ။