ယောကျာ်း မမက် လစာတူ ပီးရဖို့လို့ အိုက်စ်လန်းနိုင်ငံက ကဗာ့ ပထမဆုံး ထုတ်ပြန်

A woman cycles past the Althingi Parliament building in Reykjavik, Iceland © HALLDOR KOLBEINS / AFP

ဗြီးခရေ တနင်္လာ နိန့်က၊ ယောကျာ်း မမက် မခွဲခြားဘဲ လစာတူ ပီးရဖို့လို့ အိုက်စလန်းနိုင်ငံ အစိုးရက တရားဝင် ထုတ်ပြန်လိုက်စွာရေ ကဗာ့ ပထမဆုံး လိင် မခွဲခြားရေနိုင်ငံအဖြစ် အသိအမှတ် ပြုရဖို့ဖြစ်လာပါရေ။

ယင်းဥပဒေစွာ နှစ်ဆန်း ၁ ရက်နိန့်မှာ စပနာ အသက်ဝင်လာဗြီးကေ၊ ဝန်ထမ်း ၂၅ ယောက်အထက် ရှိရေ အစိုးရဌာနတိနန့် ကုမ္ပဏီတိစွာ ယောကျာ်း၊ မမက် မခွဲခြားဘဲ လစာ တန်းတူပီးပါရေ ဆိုရေ လက်မှတ်ကို အစိုးရဘားက ရယူထားဖို့လိုပါရေ။ ကျူးလွန်ကေတော့ခါ ဒဏ်ငွေ ရိုက်ခံရပါဖို့။

အိုက်စ်လန်းနိုင်ငံမှာ လူဦးရေ ၃ သိန်း ၂ သောင်းရာ ရှိပနာ၊ လွန်ခရေ ၉ နှစ်ဆက်တိုက်ပင် လိင် မခွဲခြားဘဲ၊ ယောကျာ်း မမက် တန်းတူ ဆက်ဆံရေ ကဗာ့ထိပ်တန်း နိုင်ငံအဖြစ် ကဗာ့စီးပွားရေးအဖွဲ့အစည်း(World Economic Forum (WEF))က သတ်မှတ်ထားစွာကို ခံထားရရေ နိုင်ငံပါ။ နိုင်ငံရေးသမားတိ အထဲမှာ မမက်ဦးရေ အများဆုံးနန့် လုပ်အားခ တန်းတူ အပီးဆုံးနိုင်ငံလို့လည်း ယင်းအဖွဲ့အစည်းက သတ်မှတ်ထားပါရေ။ ပါလီမန်ထဲမှာ ၅၀ ရာခိုင်နှုန်းကျော်က မမက်တိ ဖြစ်နိန်ပါရေ။

လိင် တန်းတူ ဆက်ဆံစွာနန့် ပတ်သတ်ကေ အမေရီကန် ပြည်ထောင်စုစွာ ကဗာ့စီးပွားရေးအဖွဲ့အစည်း စာရင်းထဲမှာတော့ခါ နံပါတ် ၄၉ နိန်ရာမှာရာ ရှိနိန်ပါရေ။