တကဗာလုံးက ကင်ပျူတာ၊ ဖုန်း၊ ကလောင်းဒ် ဆာဗာ သန်းပေါင်းများစွာ အဟပ်ခ် ခံရနိုင်

© 4kodiak / Getty Images

၁၉၉၅ ခုနှစ် နောက်ပိုင်းမှာ ထုတ်တေ ကင်ပျူတာ၊ ဖုန်း၊ ကလောင်းဒ် ဆာဗာ တိမှာ သုံးထားရေ စက်ပိုင်းဆိုင်ရာ ဟားဒ်ဝဲယား hardware ပိုင်းမှာ အားနည်းချက် ၂ ခု လားတွိရေအတွက်နန့် ဟပ်ခ်ကာတိ hackers က ဖောက်ထွင်းပနာ အထဲက အချက်အလက်တိကို ရယူနိုင်ရေလို့ အစီရင်ခံစာတခု ထွက်လာပါရေ။

ညဇာက Google Project Zero မှာ လုပ်တေ ကင်ပျူတာ လုံခြုံရေး သုတေသီတိ တွိရှိချက်အရ၊ ယင်း စက်ပိုင်းဆိုင်ရာ အားနည်းချက် ၂ ခုက ဟပ်ခ်ကာ တိ အတွက် ကင်းပျူတာ မှတ်ဉာဏ်ပိုင်းမှာ သိုလှောင်ထားရေ ဝင်ထွက်တေ လျှို့ဝှက် password ကုဒ်နံပါတ်တိနန့် အချက်အလက်တိကို အလွယ်တကူ နှိုက်ထုတ်လားနိုင်ရေလို့ ပြောပါရေ။

သုတေသီတိ အဆိုအရ ယင်းအားနည်းချက် ၂ ခုက Intel ၊ Advanced Micro Devices (AMD) ၊ ARM Holdings က ထုတ်တေ microprocessors တိကို သုံးထားရေ ကင်ပျူတာ၊ ဖုန်း အားလုံးနန့် ယင်း CPU ကို မောင်းနှင်ရေ operating system အားလုံးကို ဆိုးကျိုး သက်ရောက်နိုင်ရေလို့ ဆိုပါရေ။

ပထမ ဟပ်ခ် လုပ်နိုင်ရေ နည်းက Spectre ဖြစ်ပနာ၊ ယင်းနည်းက ကင်ပျူတာ အမြန်နှုန်းအတွက် သုံးထားရေ “speculative execution” ကို အခြေခံဗျာလ် ကင်ပျူတာ မှတ်ဉာဏ်ထဲမှာ သိမ်းထားရေ အချက်အလက်တိကို နှိုက်ယူနိုင်ရေလို့ ဆိုပါရေ။ အေဟင့်ကို ပိတ်လိုက်ဖို့ဆိုကေ ကင်ပျူတာတိ အမြန်နှုန်း လုံးဝ ထိုးကျလားနိုင်ပါရေ။

နောက် ဟပ်ခ် လုပ်နိုင်ရေ နည်းတခုကို Meltdown လို့ ခေါ်ပနာ ကင်ပျူတာထဲက user applications နန့် operating system ကို ချိတ်ဆက် သုံးထားရေ hardware ကို အခြေခံဗျာလ် ကင်ပျူတာထဲက တခြား ပရိုဂြမ်တိ programs နန့်၊ မောင်းနှင်ရေ စနစ် operating system ထဲမှာ သိမ်းထားရေ မှတ်ဉာဏ် memory ထဲကို ဝင်ပနာ အချက်အလက်တိကို နှိုက်ထုတ်ယူနိုင်ရေလို့ ဆိုပါရေ။

အဂုအချိန်မှာတော့ခါ ယင်းအားနည်းချက်တိကို ကာကွယ်ဖို့ ကင်းပျူတာ ကုမ္ပဏီတိ၊ နည်းပညာ ကုမ္ပဏီတိ အသည်းအသန် အလုပ်ရှုပ်နိန်ကတ်ပါရေ။