ကလိမ့်မေတိ စစက်ယိုလားအောင် ကလေတိမှာ ရှိရဖို့ အချက် ၁၀ ချက်

How-to-attract-women

ကလေ အများစုက အောင်မြင်မှု၊ အရိုအသေ ခံရမှုနန့် ကာမ ခံစားမှုကို အဓိက အလေးထားကတ်သလောက် ကလိမ့်မေတိက ယလောက်ထိ မရိုးရှင်းပါ။ ကလေ တချို့က လိုချင်စွာ ဝယ်ပီးနိုင်ကေ ဖြစ်တေလို့ ထင်တတ်ကတ်ပါရေ။ ဖေသာ အများကြီး ရှာနိုင်ကေ ဖြစ်စွာမလားဂုလို့လည်း ကလေတိ ထင်ကတ်ပါယင့်။ အမှန်တကယ် ကလိမ့်မေတိ ကြိုက်တေ အေအချက် ၁၀ ချက်က ကလေတိအတွက် ကကောင်း သိထားသင့်ရေလို့ ထင်ပါရေ။

 

၁) ဦးဆောင်တတ်ရေ လူ

အပြောအဆို၊ အမူအယာနန့် အမှားအမှန်ကို ရှင်းလင်းပြပနာ ဦးဆောင်တတ်၊ လမ်းညွှန်တတ်စွာကို ဆိုလိုပါရေ။ ထို မလုပ်ရ၊ ဒေမလုပ်ရ ထိန်းချုပ်စွာမျိုး မဟုတ်ပါ။

ကလိမ့်မေတိစွာ ဂေါင်းဆောင်တယောက်နန့် အမြဲတမ်း တတူ ရှိနိန်ချင်တတ်ကတ်ပါရေ။ ယကေလည်း အာဏာရှင်တယောက် အနားမှာတော့ခါ မနိန်ချင်တတ်ကတ်ပါ။ ကိုယ့်ကို လမ်းညွှန်မှု ပီးနိုင်ရေ ကလေမျိုးကို ကလိမ့်မေတိ ဘဝကို ပုံပနာ ယုံကြည်တတ်ကတ်ပါရေ။

ကလိမ့်မေတိစွာ ကလေတိဘားက ကိုယ်ရို့ နှစ်ယောက်အတွက် ဇာတိ ပြင်ဆင်ထားရေ၊ ကိုယ်ရို့ ဘဝမှာ ဇာတိ ဖြစ်အောင် လုပ်လားဖို့ ဆိုရေ စကားမျိုးကို အမြဲတမ်း ကြားနိန်ချင်တတ်ကတ်ပါရေ။

အရေးကြီးရေ အချက်တိက –

  • ကိုယ့်အတွက်ဆိုစွာကို အမြဲတမ်း ရှောင်ပနာ၊ ကိုယ်ရို့နှစ်ယောက်အတွက်ကို အမြဲတမ်း သုံးပါ။
  • ကလိမ့်မေ လိုအပ်ချက်ကို အမြဲတမ်း ဦးစားပီးပါ။ တကိုယ်ကောင်း ဆန်စွာကို အမြဲတမ်း ရှောင်ပနာ လိုအပ်ကေ အနစ်နာ ခံပီးပါ။
  • ဆက်ဆံရေး ပိုခိုင်မာဖို့ လုပ်ရပ်တိကို အစပျိုးပါ။ ဖန်တီးပါ။ သူ့အတွက် ဇာအနိန်အထားမှာ ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားလုံး ပြင်ဆင်ထားရေဆိုစွာကို ပေါ်လွင်အောင် ပြသပါ။ နှစ်ယောက်ကို ဆက်တေ ကြိုးထုံး ပိုခိုင်မာလာပါလိမ့်မေ။
  • ကိုယ် စစွာကို အမြဲတမ်း အဆုံးသတ်ပါ။ ကြီးကြီး ငယ်ငယ်၊ ဇာကိစ္စရပ်တိမှာ မဆို စထားစွာကို အဆုံးသတ်တတ်တေ အလေ့အထကို မွီးမြူပါ။

 

၂) လှိုက်လှိုက်လှဲလှဲ ဆက်ဆံတတ်ရေ လူ

ဆက်ဆံရေဆိုစွာ အတွေးအခေါ်၊ လိုအပ်ချက်နန့် ဆန္ဒကို ရရိုးရှရှင်းချေ အပြန်အလှန် လှဲလှယ်ကတ်စွာပါ။ ကကောင်း ပညာရှင် ဆန်နိန်ဖို့ မလိုပါ။ အရေးအကြီးဆုံးအပိုင်းက လိုရင်း၊ တိုရှင်း ဖြစ်နိန်ဖို့ပါ။ ယကေလည်း အသက်ပါပါ လှုပ်ရှားမှုပါဖို့ လိုပါရေ။

ကလိမ့်မေတိ ပို စကားများရေဆိုစွာ လျှို့ဝှက်ချက် တခု မဟုတ်ပါ။ ပျမ်းမျှ ကလိမ့်မေတိစွာ တရက်ကို စကလုံးပေါင်း ၂ သောင်းလောက် ပြောကတ်ပနာ၊ ကလေတိကတော့ခါ တရက်ကို စကလုံး ၇ ထောင်လောက်ရာ ပြောကတ်ပါရေ။ ကလိမ့်မေတိစွာ ကလေတိထက် ၃ ဆလောက် ပို စကားများရေလို့ ပြောရပါဖို့။

ယင်းအတွက်နန့် ကလေတိ သတိထားရဖို့စွာက –

  • ကိုယ်ပြောစွာထက် အများကြီး ပိုနားထောင် တတ်ပါ။ ကလိမ့်မေတိထက် ပို စကားပြောဖို့ ခက်ပါလိမ့်မေ။ ရှိသမျှ အတွေးကို ပဇက ထုတ်ပြောရဖို့စွာကို ကလိမ့်မေတိ မငြိမ်းငွေ့တတ်ကတ်ပါ။ သူရို့ ပြောသမျှကို လိုက်ပြောနိန်ဖို့ဆိုကေ သူရို့စကားကို နားမထောင်လို့ ထင်လားပါလိမ့်မေ။
  • အတတ်နိုင်ဆုံး အရေးကြီးစွာ၊ တွေးတောစရာပါစွာ၊ လက်ဆုပ်လက်ကိုင်ရှိစွာ၊ သေချာစွာ၊ တန်ဖိုးရှိစွာတိကိုရာ ပြောပါ။ အတွေးအခေါ်ပညာရှင် ဖြစ်ရဖို့လို့ ဆိုလိုစွာ မဟုတ်ပါ။ ယကေလည်း ကိုယ်က စကား အနည်းချေရာ ပြောရဖို့ဆိုခါ စကားကို လိမ္မာပါးနပ်ပနာ ရွီးပြောတတ်ဖို့ လိုပါရေ။ စကား မှားနိန်ရေ၊ ဆန့်ကျင်နိန်ရေ ဆိုကေတောင်၊ စကား အနည်းချေရာ ပြောကေ၊ အနည်းချေရာ ပြန်ရှင်းပြဖို့ လိုပါရေ။
  • နောက်ဆုံး အနိန်နန့် “သူ့ စကားကို လိုက်ပြောပါ။” ကလိမ့်မေတိမှာ ထထူးခြခြား အလေးထားတတ်တေ အကြောင်းအရာတိ ရှိတတ်ပါရေ။ သူ အလေးထားစွာကို ကိုယ်က အလေးထား ပြောတတ်ကေ ကိုယ့်အတွက် အမှတ် ပိုရရေဆိုစွာ သတိထားသင့်ပါရေ။

 

၃) တခြား လူကို ဦးစားပီးတတ်ရေ လူ

အေအချက်က အတ္တဆန်စွာ၊ တခြားလူတိကို မမျှဝီပီးချင်စွာကို ကျော်လွန်ရဖို့ အချက်ပါ။

ကိုယ့်အတွက် မတွေးခင်၊ သူများအတွက် တွေးပီးစွာကို အတ္တမဲ့ရေလို့ ခေါ်ပါရေ။ ကလေ တယောက်အတွက် အတ္တမဲ့ရေ လုပ်ရပ်စွာ တချို့အချိန်တိမှာ ကကောင်း ရှားပါးတန်ဖိုး ဖြစ်နိန်တတ်ပါရေ။ ကိုယ်လိုနိန်စွာ တခုက သူ့အတွက်လည်း အရေးကြီးရေဆိုစွာကို သိလို့၊ သူ့ကို ဦးစားပီးလိုက်စွာ လုပ်ရပ်မျိုးကို ကလိမ့်မေတိ မြင်လိုက်ရကေ ယင်းကလေ လုပ်ရပ်ကို ကလိမ့်မေတိ စစက်ယို ကြွီလားတတ်ပါရေ။

စဥ်းစားတွေးခေါ်တတ်မှုစွာ အတ္တမဲ့စွာနန့် အမွှာညီအကိုပိုင်ပါ။ ယင်းအချက်က ကိုယ့်မှာ ရင့်ကျက်ရေ ခံစားချက် ပိုင်ဆိုင်ရေဆိုစွာကို ထူးခြားသက်သီပြချက်တခုပါ။ အေအချက်ကို ကလေ အများစု သတိ မထားမိကတ်ပါ။ စဥ်းစားတွေးခေါ်တတ်တေဆိုစွာ –

  • အတ္တမဲ့စွာ – အနစ်နာခံဖို့ ဆန္ဒရှိစွာ
  • အလေးအနက်ထားစွာ – သူ ဇာလိုနိန်လေဆိုစွာ အမြဲတမ်း နားစွင့်နိန်စွာ
  • ဂရုဏာသက်စွာ – ကိုယ့် အဖော်ကို သနားကြင်နာတတ်တေဆိုစွာ ပြစွာ
  • ရိုးသားမှုနန့်၊ ရိုးသားမှုတန်ဖိုးကို အလေးထားစွာ – အမှန်တရားနန့် မြင့်မြတ်တေ အပြုအမူကို တခုနန့်လည်း မလဲနိုင်လို့ ပြစွာ

 

၄) ကကောင်းမမွန် ပြုမူတတ်ရေ လူ

ကိုယ့်အပြုအမူကို မထိန်းနိုင်မသိမ်းနိုင် ဖြစ်စွာလောက် ကလေတယောက်အတွက် ပိုဆိုးစွာ ရှိဖို့ မဟုတ်ပါ။ ဇာနိန်ရာမှာပင် ကြီးကြီး “ကျေးဇူးတင်ပါရေ။” ဆိုစွာကိုတော့ အလေးထားပြောတတ်အောင် လေ့ကျင့်ထားဖို့ လိုပါရေ။

အများထဲက ခွဲထွက်ပနာ –

  • အလိုက်တသိ ပြုမူပါ – သူရို့အတွက် တန်းခါး ဖွင့်ပီးလိုက်စွာ၊ ဇာလုပ်ရမှန်း မသိ ဖြစ်နိန်ရေအချိန်မှာ သူရို့ကို အဖော်ပြုပီးစွာမျိုးကို ကလိမ့်မေတိ ကကောင်း ကျေနပ်တတ်ကတ်ပါရေ။
  • ယဥ်ကျေးပါ – ကလိမ့်မေတိစွာ ယယဥ်ကျကျေး၊ သသိမ်မမွေ့ ဆက်ဆံခံရစွာကို ကကောင်း နှိုက်ခြိုက်တတ်ကတ်ပါရေ။ ကကြမ်းတတမ်း ဆက်ဆံခံရစွာနန့် ကကောင်းလည်း စိတ်ပျက်လားတတ်ကတ်ပါရေ။ ကလိမ့်မေတိဘားက မျက်နှာသာ အပီးခံရချင်ကေ အမြဲတမ်း ယယဥ်ကျကျေး ဆက်ဆံတတ်ဖို့ ပြင်ဆင်ပါ။
  • သူရို့နန့် တွိရေခါ သူ ထိုင်ဖို့ ခုံကို ဆွဲထုတ်ပီးဖို့ မမိပါကဲ့။ သူ့ စ,မစားသိမ့်ဘဲ ကိုယ်က စ,မစားပါကဲ့။ သူ့မျက်နှာကိုရာ ကြည့်ပါ။ ရင်ဖတ်၊ တင်သားနန့် ခြီတံကို လားမကြည့်ပါကဲ့။ ဖျတ်ခနဲ ကြည့်စွာလောက်က ပြဿနာ မဟုတ်ကေလည်း ငေးပနာတော့ခါ စိုက်ကြည့် မနိန်လီပါကဲ့။

 

၅) မိသားစုကို အလေးထားတတ်တေ လူ

ကလိမ့်မေ အားလုံးက အိမ်ထောင်ပြုဖို့နန့် မိသားစု ဖန်တီးဖို့စိတ် ရှိချင်မှ ရှိကတ်ပါဖို့။ ယကေလည်း ကလိမ့်မေ အများစုက အေစိတ်မျိုး ရှိကတ်ပါရေ။ ယင်းအတွက်နန့် မိသားစု ဖန်တီးချင်ရေ၊ အချေ လိုချင်ရေ ကလေမျိုးကို ကလိမ့်မေတိက ပိုပနာ စိတ်ဝင်စားတတ်ကတ်ပါရေ။

  • အချေ လိုချင်ရေဆိုစွာ ပြသဖို့ မမိပါကဲ့။

မိသားစုကို အလေးထားရေ လူလို့ ပြစွာကို၊ သူ့ကို အိမ်ရှင်မ တယောက်အဖြစ် အလေးထားဖို့လို့ ကလိမ့်မေတိက မြင်တတ်ပါရေ။

 

၆) စိတ်ထိခိုက်တတ်တေ လူ

အေအချက်က ကလေ အများစုအတွက် ခက်ခဲပါဖို့။ ဘလောက်ပင် မာနကြီးကြီး၊ ဗလ ကြီးကြီး ကိုယ်ရို့လည်း ကလိမ့်မေတိပိုင် ခံစားတတ်တေဆိုစွာကိုတော့ခါ မမိပါကဲ့။

သူရို့ကို ပပွင့်လလင်း ဆက်ဆံရေဆိုစွာ သူရို့ မြင်ဖူး၊ ကြုံတွိဖူးဖို့ လိုပါရေ။ ကိုယ်လည်း စိတ်ထိခိုက်တတ်တေဆိုစွာကို ပြသစွာက သူရို့ ယုံကြည်မှုကို ပိုရဇီပါရေ။

သူ့ကို ကကောင်း နနက်နနဲ ချစ်တေဆိုစွာ ပြသစွာနန့် တူပါရေ။

ယကေလည်း စသိရေ အချိန်မျိုးမှာ ထုတ်မပြမိဇီပါကဲ့။ အကြိမ် အများကြီးလည်း မဖြစ်စီပါကဲ့။ အချိန်မှန်ကို သိပါ။ စိတ်ထိခိုက်မှုကို ပြရေအချိန်မှာ ကြောက်ရွံ့တုန်လှုပ်နိန်စွာ လုံးဝ မပါမိဇီပါကဲ့။

 

၇) ကဗာ့အဖြစ်အပျက်တိကို တပြေးညီ သိနိန်တတ်တေ လူ

တကဗာလုံးမှာ ဖြစ်ပျက်နိန်စွာတိကို သိနိန်ရေလို့ ပြသစွာက ကိုယ်လည်း ကဗာကြီးထဲက တစိတ်တဒေသ ဖြစ်တေလို့ ပြသနိန်ရေ အရည်အချင်း တမျိုးပါ။ နိုင်ငံရေးပညာရှင်၊ ပရဟိတ စေတနာရှင် ဖြစ်နိန်ဖို့ မလိုပါ။

ယကေလည်း တခြား ဓလေ့ထုံးတမ်းစဥ်လာတိကို အလေးထားပနာ နားလည်တတ်တေဆိုစွာတော့ ပြသဖို့လိုပါရေ။

တကဗာလုံးမှာ ဖြစ်ပျက်နိန်စွာတိကို သိနိန်ရေလို့ ပြသစွာက ကလိမ့်မေတိအတွက် အေကလေက သူ့ထက် ပိုကြီးစွာတိမှာလည်း တစိတ်တဒေသ ပါဝင်နိန်ရေလို့ မြင်နိန်တတ်ပါရေ။ အေဟင့်က တခြား လူတိအတွက်လည်း ဂရုဏာသက်တတ်တေဆိုစွာ ပြသရေ ပုံစံတမျိုးလည်း ဖြစ်နိန်ပါရေ။

 

၈) ရွင်ပျရေ ဟာဒယစိတ် ရှိရေ လူ

အရည်မရ အဖတ်မရ ဟာသမျိုး၊ တွိသမျှ မြင်သမျှကို ဟားတိုက် လုပ်စွာမျိုး ဖြစ်နိန်ဖို့ မလိုပါ။ အချိန်အခါ အားလျှော်ပနာ အားလုံး ခံစားနိုင်ရေ ဟာသမျိုးရာ ဖြစ်သင့်ပါရေ။

စိတ်တင်းကျပ်နိန်ကတ်တေ အချိန်မျိုးမှာ အားလုံး ပပေါ့ပပါး ဖြစ်လားအောင် ပြောရေ ဟာသမျိုးက ပို တန်ဖိုး ရှိပါရေ။ အခက်အခဲ ဖြစ်နိန်ရေ အချိန်မျိုးမှာတောင် ကလိမ့်မေကို ပြုံးအောင် လုပ်နိုင်စွာက သူ့ ယုံကြည်မှုကို ပို ရဇီနိုင်ပါရေ။

ကလိမ့်မေတိစွာ အခြေအနေ အရပ်ရပ်မှာ သူရို့ကို ပြုံးပျော်အောင် လုပ်နိုင်ရေ လူမျိုးကို အမြဲတမ်း သဘောကျတတ်တေဆိုစွာ သတိရပါ။

 

၉) စွန်းစားတတ်တေ၊ ချက်ချင်း တုန့်ပြန်တတ်တေ လူ

ကလိမ့်မေတိစွာ အသစ်အဆန်းကို စမ်းကြည့်ဖို့ လက်မတွန့်ရေ ကလေမျိုးကို ကြိုက်တတ်ကတ်ပါရေ။ စွန့်စား လုပ်ပြဖို့ဆိုကေတော့ခါ ပို အမှတ်ရနိုင်ပါရေ။

ယကေလည်း –

  • အစားအသောက်သစ် စမ်းစားကြည့်စွာ
  • တခါလည်း မလားဖူး၊ မလာဖူးရေ နိန်ရာမျိုးကို လားကြည့်စွာ
  • တခါလည်း မလုပ်ဖူးရေ လေ့ကျင့်ခန်း တမျိုးကို လုပ်ကြည့်စွာ လောက်စွာ အဆင်ပြေပါရေ။

ကလိမ့်မေတိဘားမှာ မျက်နှာရဖို့ မပိုင်နိုင်ဘဲနန့်တော့ခါ မစွန့်စားမိဖို့ အရေးကြီးပါရေ။

 

၁၀) အလွယ်တကူ ပြင်တတ်၊ ဆင်တတ်တေ လူ

အေနိန်ရာမှာ တန်ဖိုးကြီးစွာ မကြီးစွာ အဓိက မဟုတ်ပါ။ ကလိမ့်မေတိလည်း အပေါစားကို မုန်းတတ်ကတ်ပါရေ။ ယကေလည်း ကလိမ့်မေတိ ရှိမှာ ဇာဖြစ်ကေ ဇာလုပ်ရဖို့ဆိုစွာမျိုးကိုတော့ ပြသဖို့ လိုပါရေ။ အနည်းဆုံးတော့ အေဟင့်ကို အသူက လုပ်ပီးနိုင်ရေဆိုစွာမျိုးလောက်တော့ ပြသဖို့ လိုပါရေ။

အေဟင့်က ကိုယ့်မှာ ရှိရေ –

  • ပညာ အရည်အချင်း
  • လူမှု အသိုင်းအဝိုင်း ကျယ်ပြန့်မှု
  • ဆက်ဆံရေး ကောင်းမွန်မှု
  • ကျွမ်းကျင်ပါးနပ်မှု တိကို ပြသနိန်ပါရေ။

နောက်တချက်က သူ့ကို ကိုယ်စွာ မာနထောင်လွှားရေ လူမဟုတ်ဆိုစွာကိုလည်း ပြသရာ ရောက်ပါရေ။ အရာရာတိုင်းမှာ မာန ထောင်လွှားနိန်ကေ ဆက်ဆံရေး ပြေပြစ်ဖို့ ခက်ခဲပါရေ။ ကိုယ့်မှာ အဆက်အသွယ်တိ ဘလောက်များပနာ ဇာကို မဆို အလွယ်တကူ ဖြေရှင်းနိန်ရေလို့ ပြသစွာက သူ့ဘားက ယုံကြည်မှုကို ပိုရဇီနိုင်ပါရေ။

 

၁၁) နောက်ဆုံး အပိုဆု – စတိုင်လ် ကျကျ နိန်တတ်တေ လူ

အထက်က ၁၀ ချက်ထဲမှာတော့ခါ မပါပါ။ ယကေလည်း စတိုင်လ် ကျကျ နိန်ရေဆိုစွာက ကိုယ့်စွာကို ယုံကြည်မှု ပြည့်ဝရေဆိုစွာကို ပြသစွာနန့် တူပါရေ။ အကောင်းဆုံး အဝတ်အစားတိကို ဝတ်စားနိန်ထိုင်ဖို့ မလိုပါ။

စတိုင်လ် ကျရေဆိုစွာက –

  • တကိုယ်ရေ သန့်ရှင်းမှု ရှိရေ
  • အနံ့အသက် ကင်းရေ
  • သသန့် ရှရှင်း ဝတ်စားရေ
  • ကကောင်းမမွန် ဆက်ဆံတတ်တေ ဆိုစွာတိကို ပြသနိန်ပါရေ။

အေအချက်တိက ကလိမ့်မေတိကို ပိုဆွဲဆောင်နိုင်ပါရေ။ ကလိမ့်မေတိ ကိုယ်ခန္ဓာဖွဲ့စည်းပုံစွာ ကိုယ်ရို့ပိုင် မဟုတ်ဆိုစွာကို ကလေတိုင်း သတိထားသင့်ပါရေ။ ကလိမ့်မေတိစွာ ပိုလို့ လုံခြုံမှု လိုချင်ရေ၊ ပိုလို့ အလေးအနက်ထားခံချင်ရေ၊ ပိုလို့ အချစ်နှစ်သက်ခံချင်ကတ်ပါရေ။

အေအချက်တိက ကလိမ့်မေတိကို မဆွဲဆောင်နိုင်သိမ့်ရေ ကလေတိ၊ ရည်းစားကို ဆွဲဆောင်နိုင်မှု နည်းလာရေ ကလေတိ၊ အိမ်ရှင်မ စိတ်ဝင်စားခံရမှု နည်းလာရေ ကလေတိအတွက် အသုံးဝင်ဖို့လို့ ထင်ပါယင့်။

ကိုးကား – https://www.realmenrealstyle.com/how-to-attract-women/