တရုတ် – ရာရှား ပေါင်းစုထားရေ ရွှေနန့် အမေရီကန်တိ လွှမ်းမိုးထားစွာကို လှုပ်ခါလားနိုင်

Vladimir Putin holds a gold bar while visiting the Central Depository of the Bank of Russia © Alexsey Druginyn / AFP

တရုတ်နိုင်ငံနန့် ရာရှားနိုင်ငံရို့က ရွှေ စုနိန်စွာရေ နိုင်ငံတကာ ကုန်သွယ်ရေးမှာ အမေရီကန် ဒေါ်လာ လွှမ်းမိုးနိန်စွာကို ဖယ်ရှားဖို့ ကြိုးစားရေ မဟာဗျူဟာက တစိတ်တဒေသ ဖြစ်တေလို့ စင်္ကာပူနိုင်ငံ ဘူလီယန်စတား က ရှားပါးသတ္တု ကျွမ်းကျင်ရေ လူ( Singapore’s BullionStar precious metals expert) ရိုနန် မန်လီ(Ronan Manly)က ပြောလိုက်ပါရေ။

တရုတ်နိုင်ငံနန့် ရာရှားနိုင်ငံရို့က ရွှေကို အသည်းအသန် စုနိန်စွာရေ အနာဂတ်မှာ သူရို့ ဖေသာတိကို နောက်က ရွှေနန့် အာမခံထားနိုင်အောင်နန့် အမေရီကန် ဒေါ်လာ လွှမ်းမိုးနိန်စွာက ရှောင်ထွက်နိုင်အောင်လို့လို့ ဆိုပါရေ။ အဂုအခါ အမေရီကန်ဒေါ်လာကို အယင်ကပိုင် နောက်က ရွှေနန့် အာမခံ မထားပါဗျာလ်။

“တရုတ်နိုင်ငံနန့် ရာရှားနိုင်ငံရို့စွာ ရွှေကို အသည်းအသန် စုနိန်ကတ်စွာ ၁၀ – ၁၅ နှစ်လောက် ရှိနိန်ကတ်ပါဗျာလ်။ လွန်ခရေ ၁၀ စုနှစ်လောက်က တနိုင်ငံဇီမှာ စုထားရေ ရွှေ အလီးချိန်စွာ တန်ချိန် ၄၀၀ ထက် မပိုခကတ်ပါ။ အဂု အချိန်မှာတော့ခါ ၂ နိုင်ငံ စုထားရေ ရွှေ အလီးချိန်စွာ တန်ချိန် ၃၆၇၀ ရှိနိန်ပါဗျာလ်။” လို့ မန်လီ က ပြောလားပါရေ။

ရွှေစွာ အမေရီကန်ဒေါ်လာ အောက်က လွတ်လပ်နိုင်ရေ တခုတည်း ပိုင်ဆိုင်မှု ဖြစ်တေလို့ မန်လီ က ဆိုပါရေ။

အေ ၂ နိုင်ငံမှာ တရားဝင် ကြေငြာထားစွာ မဟုတ်ဘဲ၊ တခြား နည်းလမ်းတိနန့် စုဆောင်းထားရေ ရွှေတိလည်း အများကြီး ရှိနိုင်သိမ့်ရေလို့ ဆိုပါရေ။

“တကယ်လို့ တရုတ်နိုင်ငံနန့် ရာရှားနိုင်ငံရို့က သူရို့ စုစုပေါင်း စုဆောင်းထားရေ ရွှေစွာ အမေရီကန်နိုင်ငံမှာ စုဆောင်းထားရေ ရွှေထက် ပိုများနိန်ဗျာလ်လို့ ပြနိုင်ဗျာလ်ဆိုကေ၊ အမေရီကန် ဒေါ်လာနန့် ကဗာ့စီးပွားရေးထဲက အမေရီကန်နိုင်ငံကို အလဲထိုးချလိုက်စွာနန့် တူနိန်ပါလိမ့်မေ။” လို့ မန်လီ က နိဂုံးချုပ် ပြောလားပါရေ။

မှတ်ချက် – ရခိုင်သားတိ ဖေသာ လက်ထဲမှာ အပိုအလျှံ ရှိနိန်ကေ ရွှေကို အတုံးလိုက် စုဆောင်းကတ်ဖို့ တိုက်တွန်းပါရေ။ ရွှေ စုဆောင်းထားစွာရေ အလိုအလျှောက် ကိုယ့် ချမ်းသာမှုကို တရိပ်ရိပ် တိုးနိန်အောင် လုပ်နိန်စွာနန့် တူပါရေ။ လက်ထဲမှာ စုဆောင်းထားရေ ဒေါ်လာတိကိုလည်း ရွှေနန့် လဲထားသင့်ရေဆိုစွာ သတိထားမိကတ်ဖို့ ထင်ပါယင့်။