အာကာသစခန်းမှာ ဂျပန် အာကာသယာဉ်မှူး ၃ ပတ်အတွင်း ၉ စန်တီမီတာ အရပ် ပိုရှည်လာ

Members of the International Space Station expedition 54/55, Norishige Kanai. © Kirill Kudryavtsev / Reuters

နိုင်ငံတကာ အာကာသစခန်းထဲမှာ လွန်ခရေ ၃ ပတ်ထဲကပင် ရောက်နိန်ရေ ဂျပန် အာကာသယာဉ်မှူး နိုရီရှီဂီ ကာနာအိ(Norishige Kanai)စွာ အရပ် ၉ စန်တီမီတာထိ ပိုပနာ ရှည်လာရေလို့ ဆိုပါရေ။ အာသယာဉ်ထဲကိုတောင် ပြန်ဝင်လို့ ရဖို့သိမ့်လားဆိုပနာ စိုးရိမ်နိန်ရေလို့လည်း သူ့ တွယ်တာ(Twitter) အကောင့်မှာ ရွီးထားပါရေ။

အာကာသခရီးစဉ်တိမှာ အရပ်ပိုရှည်လာကတ်စွာရေ သတိထားမိကတ်တေ ဖြစ်စဉ်တခုပါ။ ကဗာကြီး ဆွဲငင်အား မရှိစွာနန့် နောက်ကုန်းက ကျောရိုး တဖြည်းဖြည်း ရှည်ထွက်လာစွာပါ။ အယင်က မှတ်တမ်းတိအရ ၃ စန်တီမီတာကနိန် ၅ စန်တီမီတာအထိ ရှည်ထွက်လားဖူးကတ်စွာကို သတိထားမိပါရေ။ ဆရာဝန် တယောက်လည်း ဖြစ်နိန်ရေ ကာနာအိ ၉ စန်တီမီတာထိ ရှည်ထွက်လာစွာကတော့ခါ အများဆုံးပါ။

အသက် ၄၁ နှစ် ရှိရေ ကာနာအိ အတွက် ပထမဆုံး အာကာသ ခရီးစဉ်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ စခစွာပါ။ ယင်းခရီးစဉ်မှာ နာဆာက အာကာသယာဉ်မှူး ဆကော့တ် တိန်ဂဲလ်(NASA’s Scott Tingle)နန့် ရာရှားနိုင်ငံက အန်တွင် ဆာကာပလီရို့ဗ်(Russia’s Anton Shkaplerov) လည်း ပါဝင်ပါရေ။

မှတ်ချက် – အနာဂတ်မှာ အရပ်ရှည်ချင်ရေ လူတိအတွက် အာဏာသပိုင် ကဗာကြီး ဆွဲငင်အား မရှိရေ အခန်းတိ ဖန်တီးလာနိုင်ပါရေ။

https://twitter.com/Astro_Kanai?ref_src=twsrc%5Etfw&ref_url=https%3A%2F%2Fwww.rt.com%2Fnews%2F415333-japanese-astronaut-gains-height%2F