လူ့သမိုင်းမှာ အချမ်းသာဆုံး လူ ၅ ရက်ဝင်ငွေက တခြား လူတိ ၅ ဘဝ ဝင်ငွေထက် ပိုများ

0
1379
© Shannon Stapleton / Reuters
© Shannon Stapleton / Reuters

အာမေဇုန် စီအီးအို(Amazon CEO) ဂျပ်ဖ် ဘီဇို့စ်(Jeff Bezos)စွာ မိုင်ခရိုဆော့ဖ် ဘဲလ် ဂိတ်စ်(Microsoft’s Bill Gates)ကို ကျော်လွန်ပနာ လူ့သမိုင်းမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာပါရေ။

ဘလုံးမ်ဘာ့ဂျ် ဘီလီယံနာ ညွှန်းကိန်း(Bloomberg Billionaires Index)ထဲမှာ ဘီဇို့စ် အသတင် ချမ်းသာမှုစွာ ဒေါ်လာ ၁၀၅ ဘီလီယံ ကို ရောက်လာပါရေ။ ၂၀၁၇ ခုနှစ် ၁ နှစ်တည်းမှာ ၅၇% ထပ်ပနာ ချမ်းသာလာစွာပါ။ အများဆုံး ဝင်ငွေစွာ အားလပ်ရက် အရောင်းအဝယ်တိက ရရေလို့ ဆိုပါရေ။

အမေရီကန်ပြည်ထောင်စု ဆိတဲလ်မြို့(Seattle) အခြေစိုက် ကော်ပိုရေးရှင်းက၊ ၈၉% ဝင်ငွေစွာ ကျေးဇူးတော်နိန့်(Thanksgiving Day) နောက်ပိုင်း ၅ ရက်အတွင်း ရောင်းရစွာက ရရေလို့ ဆိုပါရေ။

ဖော့ဘ်စ်(Forbes) မဂ္ဂဇင်း အဆိုအရ ကဗာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၅ ယောက်မှာ ဘီဇို့စ် ၁၀၄.၈ ဘီလီယံ၊ ဘဲလ် ဂိတ်စ် ၉၁.၉ ဘီလီယံ၊ ဝါရမ်း ဘားဖတ် ၈၇.၃ ဘီလီယံ၊ မာ့ခ် ဇူကာဘာ့ဂျ် ၇၇.၃ ဘီလီယံ၊ ဇာရာ(Zara) ဖတ်ရှန် ပိုင်ရှင် စပိန်လူမျိုး အမန်စီယို အော်တီဂါ(Amancio Ortega) ၇၄.၉ ဘီလီယံ ရို့ ဖြစ်ပါရေ။

မှတ်ချက် – ရိုးသား ကြိုးစားစွာနန့် အောင်မြင်ရေ ဘဝ တခု မဖြစ်လာဆိုစွာ သတိထားကတ်ပါ။ အထက်က ပြောခရေ လူတိစွာ သာမန် ကြိုးစားရေ လူတိထက် အချိန် ပို အလုပ် မလုပ်ကတ်ပါ။ စနစ်ကောင်း တခုကိုရာ သူရို့ ဖန်တီးလိုက်ပနာ၊ ယင်းစနစ်ထဲမှာ ထောင်သောင်းသိန်း ရှိရေ အလုပ်သမားတိ နိန့်မအား၊ ညမအား လုပ်လို့ ရလာရေ ဝင်ငွေတိကို အေလူတိ ထိုင်ယူနိန်ကတ်စွာပါရာ။ သာမန် လူတိကတော့ခါ ယင်းလူတိဘားမှာ လုပ်ရဖို့စွာပင် ပြိုင်ဆိုင်နိန်ကတ်၊ ဂုဏ်ယူနိန်ကတ်ပါယင့်။ ရခိုင်သားတိ ကာယထက် ဉာဏကို ပို ဉီးစားပီးကတ်ပါ။