အီရန်ကို စီးပွားရေး ပိတ်ဆို့စွာ တရုတ် ယွင် ခိုင်မာအောင် ကူညီရာရောက်

0
1219
© Reuters

လွန်ခရေ တရက်နရက်က အမေရီကန်သမတ ထရင့်ပ်(Trump)က အီရန်နိုင်ငံကို စီးပွားရေးပိတ်ဆို့ဖို့ နည်းလမ်းတိ ရှာကြံနိန်ရေလို့ ပြောလာရေအတွက်၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ကကောင်း တင်းမာလာနိန်ပါရေ။

ယင်းပိုင်ရာ စီးပွားရေး ပိတ်ဆို့ဖို့ဆိုကေ ကဗာ့စီးပွားရေးကို အမေရီကန်ပြည်ထောင်စု လွှမ်းမိုးထားမှုစွာကနိန် တရုတ်နိုင်ငံ လက်ထဲကို ပိုလို့ အယင် ရောက်လားအောင် အားပီးစွာနန့် တူရေလို့ စီးပွားရေး သုံးသပ်တေ ပညာရှင်တိက ဆိုပါရေ။

အီရန်နိုင်ငံကို နိုင်ငံတကာစျီးကွက်က ပိတ်ဆို့ဖို့ ကြိုးစားစွာရေ၊ အေပိုင် ရုတ်တရက် ကြည့်လိုက်ကေ တခုလည်း မဟုတ်လို့ ထင်ရကေလည်း၊ အီရန်နိုင်ငံစွာ တခြားထွက်ပေါက် တခုက ထွက်လားနိုင်ပါရေ။ လွန်ခရေ ၂၀၁၅ ခုနှစ် ရှိပိုင်းမှာ၊ ကဗာ့ ရနံစျီးကွက်မှာ အမေရီကန် ဒေါ်လာကိုရာ သုံးကတ်တေအတွက် အမေရီကန်ပြည်ထောင်စုက ရနံစျီးကွက်က အီရန်နိုင်ငံကို စီးပွားရေး ပိတ်ဆို့ခစွာရေ ကကောင်း ထိရောက်မှု ရှိခပါရေ။ တရက်တရက်ကို ဆီပီပါ သန်းချီပနာ ထွက်နိန်ရေ ရနံတိကို ရောင်းဖို့အတွက် အီရန်နိုင်ငံစွာ ကကောင်း ဒုက္ခရောက်ခပါရေ။

အဂု ခေတ် ပြောင်းလခပါဗျာလ်။ နိုင်ငံတကာ သဘောတူညီမှု မပါဘဲ၊ အမေရီကန်ပြည်ထောင်စု တခုတည်းက အီရန်နိုင်ငံကို စီးပွားရေး ပိတ်ဆို့ဖို့ ကြိုးစားစွာရေ အမေရီကန်ပြည်ထောင်စု ကိုယ့်စွာကို အထီးကျန်အောင် လုပ်စွာနန့် တူလားနိုင်ပါရေ။ ဂိုးဒ်မန်း ချာ့စ်(Goldman Sachs) အစီရင်ခံစာ တခုမှာ အီရန်နိုင်ငံကို စီးပွားရေး ပိတ်ဆို့စွာရေ အယင်ပိုင် ရနံ ဆီပီပါ သန်းချီရေ အရေအတွက်ကို မထိခိုက်နိုင်ဘဲ၊ ရာထောင်ဂဏန်းလောက်ရာ အများဆုံး ထိခိုက်နိုင်ဗျာလ်လို့ ဆိုပါရေ။

ယင်းချင့်အပြင် အီရန်နိုင်ငံက ရနံကို အမေရီကန် ဒေါ်လာနန့် ရောင်းနိန်စွာကနိန် တရုတ် ယွင်ကိုရာ လုံးဝ ပြောင်းပနာ ရောင်းလားနိုင်ရေလို့ ဆိုပါရေ။