ဆီးရီးယားက ကာ့ဒ်တိအတွက် စစ်ကလွဲကေ တခြား ရွီးစရာ မရှိလို့ – တူရကီပြော

0
1175
A Turkish military convoy arrives at an army base in the border town of Reyhanli near the Turkish-Syrian border in Hatay province, Turkey January 17, 2018 © Osman Orsal / Reuters

ဆီးရီးယားနိုင်ငံ အပ်ဖ်ရိန်(Afrin) ဒေသက ကာ့ဒ်လူမျိုး(Kurdish)တိအတွက် တူရကီနိုင်ငံမှာ စစ်ပွဲက လွဲကေ တခြား ရွီးချယ်စရာ မရှိလို့ တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါရေ။ အမှန်က နယ်စပ်ကျော်ပနာ လက်နက်ကြီးတိနန့် ပစ်နိန်ရေ စစ်ပွဲက စတောင် စနိန်ဗျာလ်လို့ ဆိုပါရေ။

အပ်ဖရိန်ဒေသ အရေးကို ရာရှားနန့် ထပ်ပနာ ဆွေးနွေးလားဖို့လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး နူရတ်တိန် ကာနဲ့ကလီ(Nurettin Canikli)က အက်ဟာဘာ(AHaber) သတင်းဌာနနန့် အေနိန့် တွိစွာမှာ ပြောလားပါရေ။

တူရကီနိုင်ငံစွာ ဆီးရီးယားနိုင်ငံထဲက လက်နက်ကိုင် ကာ့ဒ်လူမျိုးတိကို တူရကီနိုင်ငံထဲက ကာဒီစတန် အလုပ်သမားတိ ပါတီ(Kurdistan Workers’ Party (PKK))၊ ပါတီခွဲတိ လှုပ်ရှားမှုအဖြစ် အမြဲတမ်း သတ်မှတ်ပါရေ။ ကာဒီစတန် အလုပ်သမားတိ ပါတီကို အစွမ်းရောက် အဖွဲ့အစည်းလို့ တူရကီနိုင်ငံက အမြဲတမ်း သတ်မှတ်ထားပါရေ။

ပြဿနာက တူရကီနိုင်ငံနန့် ဆီးရီးယားနိုင်ငံ နယ်စပ်မှာ ရှိနိန်ရေ အပ်ဖ်ရိန်ဒေသက ကာ့ဒ်ဒေ့ရှ် ဆီးရီးယမ်း ဒီမိုကရက်တဲ့ ဖို့စပ်စ်(Kurdish Syrian Democratic Forces (SDF)) အဖွဲ့ဝင် ၃ သောင်းကို နယ်စပ်လုံခြုံရေးအတွက်ဆိုပနာ အမေရီကန်ပြည်ထောင်စုက စစ်သင်တန်းပီးနိန်စွာကနိန် စစွာပါ။ တူရကီနိုင်ငံက ဒေါသထွက်ပနာ ပြောရေခါ အမေရီကန်တိက ယင်းစစ်သင်တန်းပီးစွာကို ရပ်ဆိုင်းလိုက်တေလို့ ကြေငြာပနာ နောက်ဆုပ်လားပါရေ။ ယကေလည်း တူရကီနိုင်ငံက ရှိဆက်တိုးပနာ စစ်အင်အားတိ ယင်းဒေသကို အလုံးအရင်း ရွိပြောင်းလာပါရေ။

ဆီးရီးယားအစိုးရကတော့ခါ ဆီးရီးယားနိုင်ငံထဲကို ဝင်ပနာ လီကြောင်းက ဗုံးကြဲကေ ဝင်လာရေ လေယာဥ်ပျံကို ပစ်ချပလိုက်ဖို့လို့ သတိပီးထားပါရေ။ ဆီးရီးယားနိုင်ငံကလည်း လီကြောင်း ကာကွယ်မှုစနစ်တိကို အဆင်သင့်ဖြစ်အောင် တပ်လှန့်ထားပါရေ။

တူရကီနိုင်ငံထဲမှာ ရှိနိန်ရေ ကာ့ဒ်လူမျိုး ထောင်ပေါင်းများစွာကလည်း လမ်းထက်တိကို ထွက်ပနာ “အာဖ်ရိန်စွာ မင်းရို့အတွက် သီတွင်း” ဆိုပနာ ကြွေးကြော်နိန်ကတ်ပါရေ။

တူရကီနိုင်ငံက ဆီးရီးယားနိုင်ငံထဲကို စစ်ရေးအရ လှုပ်ရှားဖို့ ပြင်ဆင်လာစွာရေ တမျိုးတဖုံ ပြောင်းရေ ဆီးရီးယားစစ်ပွဲ တပွဲ ပြန်ဖြစ်လာနိုင်ပါရေ။ တူရကီစစ်တပ် ကျူးကျော်လာကေ ခုခံဖို့ ကီလိုမီတာ ၂၀ လောက် ရှည်ရေ နယ်စပ်တလျှောက်မှာ ဆန်ဆာတိနန့် အဝီးထိန်း လက်နက်တိ တပ်ဆင်ထားရေ ကာရီ နယ်စပ်လုံခြုံရေးစနစ်(Kayi Border Security System)ကို တပ်ဆင်ထားဗျာလ်လို့ ကာ့ဒ် လက်နက်ကိုင်အဖွဲ့က ပြောပါရေ။

မှတ်ချက် – ၁၀ ရာစုလောက်ကပင် ရှိနိန်ခရေ ကာ့ဒ် မင်းဆက်စွာ ၁၅၁၄ ခုနှစ်မှာ အော်တိုမန် အင်ပါယာနန့် ပူးပေါင်းလိုက်တေအတွက်၊ ကိုယ်ပိုင် နိုင်ငံပျောက်လားပနာ ကာ့ဒ်လူမျိုးတိစွာ အီရန်၊ အီရတ်၊ ဆီးရီးယားနန့် တူရကီနိုင်ငံရို့မှာ လူမျိုးစုတိအနိန်နန့် အဂုထိ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးခံပနာ နိန်ထိုင်နိန်ရတုံးပါ။