ငါရာ အာဏာရှင် ဖြစ်လာကေ ငါ့ကို ပစ်သတ်ပလိုက်လို့ ဒုတာတီ စစ်တပ်ကို အမိန့်ပီး

0
1202
© Romeo Ranoco / Reuters
© Romeo Ranoco / Reuters

စကားကို ကြကြမ်းတတမ်း ပြောတတ်တေ ဖိလစ်ပိန်းသမ္မတ ရိုဒြီဂို ဒုတာတီ(Rodrigo Duterte)က၊ တိုင်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြဌာန်းထားရေ၊ သမ္မတ နှစ်သက်တမ်းကို ကျော်လွန်ပနာ၊ သူရာ အာဏာရှင်ပုံစံ ဖြစ်လာဖို့ဆိုကေ၊ သူ့ကို ပစ်သတ်ပလိုက်လို့ စစ်တပ်ကို အမိန့်ပီးလိုက်ပါရေ။

“ငါရာ သမ္မတနှစ်သက်တမ်းကို ကျော်လွန်ပနာ အာဏာရှင် ဖြစ်လာဖို့ဆိုကေ၊ ငါ့ကို ပစ်သတ်ပလိုက်ကတ်။ ရယ်စရာ ပြောနိန်စွာ မဟုတ်။” လို့ အေနိန့် စစ်သားတိကို မိန့်ခွန်းပြောစွာမှာ ပြောလားစွာပါ။ “ငါ့ သမ္မတ သက်တမ်းကို ၁ ရက်တောင် ကျော်လားဖို့ ခွင့်မပြုကဲ့။ ငါ အပါအဝင်၊ တယောက်လည်း ဖိလစ်ပိန်းနိုင်ငံ အခြေခံ ဖွဲ့စည်းအုပ်ချုပ်ပုံကို လိုရေပိုင် အသုံးမချကတ်ဖို့၊ အဂုကပင် ဖိလစ်ပိန်း လက်နက်ကိုင်အဖွဲ့တိနန့် ဖိလစ်ပိန်း အမျိုးသား ရဲတပ်ဖွဲ့ကို တောင်းဆိုလိုက်တေ။” လို့ ဒုတာတီက သတိပီးလိုက်စွာပါ။

အခြေခံ ဖွဲ့စည်းအုပ်ချုပ်ပုံကို ကာကွယ်ရဖို့စွာ စစ်တပ်နန့် ရဲရို့ အဓိက တာဝန်လို့ ဆိုပါရေ။

ဖိလစ်ပိန်းမှာ သမ္မတ ၁ ကြိမ် သက်တမ်းက ၆ နှစ်ပါ။